နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ သတင်းများ (၂၁/၈/၂၀၂၂)

ဩဂုတ်လ ၂၁ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အွန်နရီ၊ မက်ဆီ၊ လျှပ်စစ် ငါးရှဉ့် ဆိုပြီး ပုံစံမျိုးစုံနဲ့ ခိုင်းနှိုင်း ချီးကျူးခံနေရတဲ့ ဂျေဆုစ်

မနေ့က ဘုန်းမောက်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ် ရရှိခဲ့တဲ့ ပထမဂိုးမှာ ဂါဘရီရယ် ဂျေဆုစ်ရဲ့ ပါဝင် ပတ်သက်မှုကို ချီးကျူးမှုတွေ အများအပြား ရှိခဲ့ပါတယ်။

ဘရာဇီးလ်သားဟာ ကွင်းလယ် ကနေ တစ်ယောက်ထဲ ဆွဲပြေးလာခဲ့ပြီးမှ ငါးရှဉ့် တကောင် လူးလွန့်သွားတဲ့ ပုံစံမျိုးနဲ့ ပြိုင်ဘက် ကစားသမားတွေကို ကျော်ဖြတ်ကာ အသင်းဖော် မာတင်နယ်လီဆီ ဘောလုံး ပေးပို့နိုင်ခဲ့ပါတယ်။ မာတင်နယ်လီက ဧရိယာထဲထိ ပြေးတက်လာခဲ့ပြီးနောက် ဂျီးဆပ် ပေးခဲ့တဲ့ ဘောလုံးကို ကန်သွင်းခဲ့ရာမှာ ပြန်အံထွက်ခဲ့ပေမယ့် အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်က ပိတ်သွင်းခဲ့လို့ အာဆင်နယ်တို့ အဖွင့်ဂိုး ရခဲ့တာပါ။ ဒီဂိုးမှာ ဂျေဆုစ်ရဲ့ စွမ်းဆောင်ရည်က အဓိကကျခဲ့ပြီး အာဆင်နယ် ပရိသတ်တွေက သူတို့ရဲ့ ဂန္ထဝင် တိုက်စစ်မှူးဟောင်း သီဟာရီ အွန်နရီ ပြန်လည် မွေးဖွားလာတယ်လို့တောင် တင်စားနေကြတာ ဖြစ်ပါတယ်။

ပွဲအစီအစဉ် တင်ဆက်သူ ဂယ်ရီလိုင်နီကာ ကလည်း ဂျီးဆပ်ရဲ့ အလိမ်အခေါက် စွမ်းရည်ကို မက်ဆီနဲ့ ခိုင်းနှိုင်း ချီးကျူးသွားခဲ့ပါတယ်။ ဂျေဆုစ်က အသင်း အတွက် ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ခြေစွမ်းပြခဲ့တာ ဖြစ်ပါတယ်။ ဂျေဆုစ် အနေနဲ့ လက်ရှိမှာ အာဆင်နယ် အတွက် ပရီးမီးယားလိဂ် ၃ ပွဲ ကစားအပြီး ၂ဂိုး သွင်းကာ ၃ ကြိမ် ဖန်တီးပေးထားပြီး ဖြစ်ပါတယ်။


ဘုန်းမောက်ကို ယူနိုက်တက်နဲ့ အတူ တန်းဆင်းရတော့မှာလို့ လှောင်ပြောင်ခဲ့တဲ့ ဂန်းနား ဖန်များ

ဘုန်းမောက်ကို အာဆင်နယ်က အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ အာဆင်နယ် ပရိသတ်တွေဟာ ပြိုင်ဘက် ဘုန်းမောက် ပရိသတ်တွေကို လှောင်ပြောင်သွားခဲ့ကြပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ ကစားပြီး ၃ ပွဲစလုံး အနိုင်ရထားတဲ့ အာဆင်နယ်

ဘုန်းမောက်ကို အာဆင်နယ်က အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ အာဆင်နယ် ပရိသတ်တွေဟာ ပြိုင်ဘက် ဘုန်းမောက် ပရိသတ်တွေကို လှောင်ပြောင်သွားခဲ့ကြပါတယ်။ ဒီရာသီမှာ ချန်ပီယံရှစ် ကနေ တန်းပြန်တက်လာတဲ့ ဘုန်းမောက်ကို တန်းပြန်ဆင်းရမယ်လို့ လှောင်ပြောင်ခဲ့ရာမှာ ရာအသီ အစောပိုင်း ရလဒ်တွေ ဆိုးရွားနေတဲ့ မန်ချက်စတာယူနိုက်တက် ကိုပါ တန်းဆင်းရမယ်လို့ တပါတည်း လှောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အာဆင်နယ်က ဘုန်းမောက်ကို ခြေစွမ်း အသာနဲ့ ကစားကာ အနိုင်ရရှိခဲ့ပြီး ရာသီအဖွင့် ၃ ပွဲစလုံးကို အနိုင်ယူကာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ အသင်းရဲ့ ခြေစွမ်းကို အားရ ကျေနပ်နေတဲ့ ဂန်းနား ပရိသတ်တွေက ပြိုင်ဘက် ပရိသတ်တွေ ခံပြင်းအောင် ပြုလုပ်ခဲ့ကြရာမှာ “ မင်းတို့က ယူနိုက်တက်နဲ့ အတူ တန်းဆင်းရတော့မှာ” လို့ သံပြိုင် ဟစ်ကြွေးပြီး ခံရခက်အောင် လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဘုန်းမောက် ကတော့ ၃ပွဲ ကစား အပြီးမှာ ၁ ပွဲနိုင်၊ ၂ ပွဲ ရှုံးထားပြီး အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။ ယူနိုက်တက် ကတော့ ၂ ပွဲ ကစား ၂ ပွဲ ရှုံးထားပြီး ဇယား အောက်ဆုံးမှာ ရှိနေခဲ့ကာ ဒီတပတ် မှာလည်း လစ်ဗာပူးလ်နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်လို့ ရလဒ်ကောင်းရဖို့ အတွက် ရုန်းကန်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အာဆင်နယ်က အစဉ်အလာ ပြိုင်ဘက်ဟောင်းကြီး ယူနိုက်တက် ကိုပါ ထည့်သွင်း လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။


ပရိသတ်တွေ ဆန္ဒပြလို့ ပွဲဖျက်ရင် သူတို့ကို အမှတ်ပေးသင့်တယ်လို့ ဂျာဂျင် ကလော့ပ် ပြောဆို

လာလီဂါ
ဂျီရိုနာ FC
ဂီတာဖေး
1X2 ဂီတာဖေး @ 2.95
ဂီတာဖေး အာရှ ဟန်းဒီးကပ် 0.00 @ 2.05
ဂိုးပေါ် 1.75 @ 1.83
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

တနင်္လာနေ့မှာ ကစားရမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့မယ် ဆိုရင် သူတို့ အသင်းကို ရမှတ်ပေးသင့်တယ်လို့ လစ်ဗာပူးလ် နည်းပြ ဂျာဂျင် ကလော့ပ်က ပြောဆိုလိုက်ပါတယ်။ အဆိုပါ ပွဲမတိုင်ခင်မှာ ယူနိုက်တက် ပရိသတ် ၁၀၀၀ ခန့်က အသင်း ပိုင်ရှင် ဂလေဇာ မိသားစုကို ဆန္ဒပြဖို့ အတွက် စီစဉ်ထားပြီး ကွင်းထဲ ကိုပါ ဝင်ရောက် ကျူးကျော်လာမယ့် အရေးကို စိုးရိမ်နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီ ကလည်း အလားတူ လုပ်ရပ်မျိုးကို ယူနိုက်တက် ပရိသတ်တွေက လုပ်ဆောင်ခဲ့ဖူးကြပြီး ကွင်း အတွင်းက ပစ္စည်းတွေ ကိုပါ သယ်ဆောင်သွားခဲ့ကြပါတယ်။ ပွဲကိုလည်း ရွှေ့ဆိုင်းခဲ့ရပြီး ပွဲစဉ်တွေ ကြိုတင်ရေးဆွဲထားတဲ့ ကြားက အချိန်တွေ ပြန်လည် ပြောင်းလဲ ပြင်ဆင်ခဲ့ရလို့ အနည်းနဲ့ အများတော့ အခက်အခဲတွေ ရှိခဲ့ကာ တာဝန်ရှိသူတွေလည်း အလုပ်ရှုပ်ခဲ့ရသလို ပြိုင်ဘက် အသင်း အတွက်လည်း ကမောက်ကမ ဖြစ်ခဲ့ရပါတယ်။

ဒီအခြေအနေတွေကြောင့် ဂျာဂျင် ကလော့ပ်က “ ဒီလိုမဖြစ်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်၊ ဒါပေမယ့် ဖြစ်လာခဲ့မယ် ဆိုရင်တော့ ကျွန်တော် တို့ကို အမှတ်ပေးသင့်ပါတယ်၊ ယူနိုက်တက် ပရိသတ်တွေက ဒီပွဲ ဖြစ်မလာစေချင်ဘူး ဆိုရင်လည်း ကျနော်တို့ ဘာမှမတတ်နိုင်ပါဘူး၊ ဒီပွဲကို ပြန်စီစဉ်ဖို့ ကလည်း မဖြစ်နိုင်ပါဘူး၊ တကယ်ကို ဆိုးရွားပြီး ကျပ်တည်းနေတဲ့ အချိန်တွေ ကြားမှာ အဆင်မပြေတာတွေ ဖြစ်လာမှာပါ” လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်