နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – နောက်ဆုံးရ သတင်းများ (၁၂/၈/၂၀၂၂)

အိုဒွိုင်းကို အငှားနဲ့ ခေါ်မယ့် ဒေါ့မန်၊ ထူးခြားတဲ့ အိန်ဂျယ်လီနိုရဲ့ အငှား စာချုပ် စတဲ့ သတင်းတွေ အပါအဝင် ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။


ချဲလ်ဆီး တောင်ပံ ကစားသမားကို အငှားနဲ့ ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ ဒေါ့မန်

ချဲလ်ဆီး တောင်ပံ တိုက်စစ် ကစားသမား ကော်လမ် ဟက်ဒ်ဆန် အိုဒွိုင်း ကိုတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်က အငှားနဲ့ ခေါ်ယူဖို့ စတင် ဆွေးနွေးနေပြီလို့ သိရပါတယ်။ အိုဒွိုင်းဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးက ရှင်းထုတ်မယ့် ကစားသမား စာရင်းထဲမှာ ပါဝင်နေသူလည်း ဖြစ်ပါတယ်။

နည်းပြ တူချယ်က အသင်းရဲ့ တိုက်စစ်မှာ အသုံးမတည့် ဖြစ်နေတဲ့ အိုဒွိုင်းကို ရောင်းထုတ်ဖို့ ပြီးခဲ့တဲ့ ရာသီကတည်းက ပြင်ဆင်နေခဲ့တာ ဖြစ်ပြီး ကစားသမား ကိုယ်တိုင် ကလည်း ပုံမှန် ပွဲထွက်ခွင့် ရနိုင်မယ့် ကလပ်ကို ပြောင်းရွှေ့လိုနေတာ ဖြစ်ပါတယ်။

အိုဒွိုင်းနဲ့ သူ့ရဲ့ အေးဂျင့် တို့ဟာ ဒေါ့မန်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး မကြာခင်မှာ သဘောတူညီမှု ရသွားနိုင်ချေ ရှိနေတယ်လို့လည်း သိရပါတယ်။ ချဲလ်ဆီးဟာ အစောပိုင်းမှာ တီမို ဗာနာကို လိုက်ပ်ဇစ်ထံ အရှုံးခံ ရောင်းထုတ်ထားပြီး ဖြစ်သလို အိုဒွိုင်းကို နောက်ထပ် ဘွန်ဒက်စ်လီဂါ ကလပ် တစ်ခု ဖြစ်တဲ့ ဒေါ့မန်ဆီ ထပ်ပြီး အငှားချသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

အိုဒွိုင်းကို ပရီးမီးယားလိဂ် ကလပ် တချို့ ကလည်း စိတ်ဝင်စားနေခဲ့ပေမယ့် အင်္ဂလန် လူငယ် ကွင်းလယ် ကစားသမား ကတော့ ဒေါ့မန် ကိုပဲ ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်နေတယ်လို့ သိရပါတယ်။


ထူးဆန်းတဲ့ သဘောတူညီချက် ပါဝင်နေတဲ့ အိန်ဂျယ်လီနိုရဲ့ အငှား စာချုပ်

လိုက်ပ်ဇစ် ကနေ ဘွန်ဒက်စ်လီဂါ ပြိုင်ဘက် ဟော့ဖန်ဟိမ်း အသင်းထံ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့သွားတဲ့ အိန်ဂျယ်လီနိုရဲ့ စာချုပ်ထဲမှာ ထူးဆန်းတဲ့ အချက်အလက် ပါဝင်နေတယ်လို့ ဂျာမန် သတင်းစာ Kicker က ဖော်ပြခဲ့ပါတယ်။

စာချုပ်ထဲမှာ ဟော့ဖန်ဟိမ်း အသင်း အနေနဲ့ ရာသီအကုန်မှာ အိန်ဂျယ်လီနိုကို သီးသန့် ရွေးချယ်ခွင့် မပါဝင်ပဲ ယူရို သန်း ၂၀ နဲ့ ခေါ်ယူနိုင်တယ် ဆိုတဲ့ အချက် ပါရှိနေတာ ဖြစ်ပါတယ်။ ထူးခြားတားက သီးသန့် ရွေးချယ်ခွင့် ဆိုတဲ့ စကားလုံး ဖြစ်ပြီး လာမယ့် ၂၀၂၃ နွေရာသီမှာ အိန်ဂျယ်လီနို အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ ပေးချေမယ့် ဘယ်အသင်းကို မဆို ရောင်းချသွားမယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

စပိန် ဘယ်နောက်ခံလူ အိန်ဂျယ်လီနို ကိုတော့ လာမယ့် စနေနေ့ ဘိုချမ်နဲ့ ရင်ဆိုင် ကစားမယ့် ဟော့ဖန်ဟိမ်းရဲ့ ပွဲထွက် လူစာရင်းမှာ စတင် မြင်တွေ့ရဖို့ ရှိနေပါတယ်။ 

လာလီဂါ
ဆယ်တာဗီဂို
အက်စ်ပန်ညို
ပထမပိုင်း 1X2 ဆယ်တာဗီဂို @ 2.53
အက်စ်ပန်ညို အာရှ ဟန်းဒီးကပ် +0.25 @ 2.26
ဂိုးပေါ် 2.50 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဥရောပ ဘီလူး နှစ်ကောင်ရဲ့ ရှေ့ဆင့် နောက်ဆင့် နှိပ်စက်တာ ခံလိုက်ရတဲ့ ဖရန့်ဖတ်

မနေ့ညက ကစားခဲ့တဲ့ ဥရောပ စူပါဖလား ဗိုလ်ုလုပွဲ မှာတော့ ယူရိုပါလိဂ်ချန်ပီယံ ဖရန့်ဖတ်က ချန်ပီယံလိဂ် ချန်ပီယ့ ရီးရဲလ်မက်ဒရစ်ကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ယူရိုပါလိဂ် ချန်ပီယံဟာ ရီးရဲလ်မက်ဒရစ်ကို အကောင်းဆုံး တုံ့ပြန်ဖို့ ကြိုးစားခဲ့ပေမယ့် အလာဘာ၊ ဘန်ဇီမာ တို့ရဲ့ ဂိုးတွေနဲ့ အတူ ဥရောပ စူပါဖလားကို ဆွတ်ခူးသွားခဲ့တာ ဖြစ်ပါတယ်။

အဓိက တောင်ပံကစားသမား ကော့စတစ်ကို လက်လွှတ်ခဲ့ရတာကြောင့်လည်း ဖရန့်ဖတ်တို့ အားနည်းခဲ့ရပြီး ကာမာဒါရဲ့ ပထမပိုင်းက အပိုင် ကန်ချက် ဂိုးမဖြစ်ခဲ့တာ ကလည်း ဘွန်ဒက်စ်လီဂါ ကလပ် အတွက် နစ်နာစရာ ဖြစ်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ မာရီယို ဂေါ့ဇီ ဝင်ရောက် ကစားခဲ့ပေမယ့် ဂျာမန် ကလပ် အတွက်တော့ ကြီးကြီးမားမား သက်ရောက်မှု မရှိခဲ့ပါဘူး။ အိုလီဗာ ဂလတ်စ်နာရဲ့ အသင်းက ဥရောပ ထိပ်တန်း အသင်းကြီး နှစ်သင်းကို တစ်ပတ် အတွင်း ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဖရန့်ဖတ်တို့ ဘေယန်မြူးနစ်ကို ဘွန်ဒက်စ်လီဂါ အဖွင့် ပွဲစဉ်မှာ ၁-၆ ရလဒ်နဲ့ ရှုံးနိမ့်ပြီး ၅ ရက် အကြာမှာ ရီးရဲလ်မက်ဒရစ်ကို ထပ်မံ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်