နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ သတင်းများ (၁၀/၈/၂၀၂၂)

ဩဂုတ်လ ၁၀ ရက်နေ့ နေ့လည်းခင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းတွေနဲ့ ထူးခြားတဲ့ အပြောင်းအရွှေ့ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးပါမယ်။


လစ်ဗာပူးလ်ရဲ့ ကွင်းလယ် ပစ်မှတ်တွေထဲမှာ ပါဝင်လာတဲ့ ဘာရယ်လာ

လစ်ဗာပူးလ် ကတော့ လက်တလော အသင်းမှာ ရှိတဲ့ ကွင်းလယ် ကစားသမား အများစု ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင် နောက်ထပ် ကွင်းလယ်လူ တစ်ဦး ခေါ်ယူ အားဖြည့်နိုင်ဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။ အခု လက်ရှိ မှာတော့ ကလော့ပ်ရဲ့ အသင်းက အင်တာမီလန် ကွင်းလယ်လူ နီကိုလို ဘာရယ်လာ ကို ခေါ်ယူဖို့ စောင့်ကြည့်လျက် ရှိတယ်လို့ သိရပါတယ်။

ဘာရယ်လာဟာ လစ်ဗာပူးလ်ရဲ့ ကာလရှည်ကြာ စောင့်ကြည့်ခြင်း ခံနေရတဲ့ ကစားသမား ဖြစ်ပြီး အင်တာမီလန် ဘက်ကတော့ ဒီကစားသမား အတွက် ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်း ကနေ သန်း ၁၀၀ ဝန်းကျင် အထိ ရရှိမှာသာ ရောင်းထုတ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ် အရွယ် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး အီတလီ လက်ရွေးစင် အသင်း ဥရောပ ချန်ပီယံ ဖြစ်ရေး အတွက် အဓိက အခန်း ကဏ္ဍက ကနေ စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဘာရယ်လာ အနေနဲ့ ပြီးခဲ့တဲ့ ရာသီက အင်တာမီလန် အတွက် ပြိုင်ပွဲစုံ (၄၈) ပွဲ ကစားပေးခဲ့ပြီး (၃) ဂိုးသွင်းကာ၊ ဂိုး ဖန်တီးမှု (၁၃) ကြိမ် အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ အစောပိုင်းက ဘာရယ်လာရဲ့ အင်တာမီလန် အသင်းဖော် ချလနောဂလူနဲ့ အေစီမီလန် အသင်းက အစ္စမေးလ် ဘန်နက်ဆာ တို့ကို ပစ်မှတ် စာရင်းထဲမှာ ထည့်သွင်းထားတယ် လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါသေးတယ်။


ဘိုင်ယီ မရရင် လင်ဒီလော့ဖ်ကို ခေါ်မယ်လုပ်နေတဲ့ မော်ရင်ဟို

စီးရီးအေ ကလပ် ရိုးမား နည်းပြ ဂျိုဆေး မော်ရင်ဟို ကတော့ အသင်းဟောင်း ယူနိုက်တက်ရဲ့ နောက်ခံလူ ဗစ်တာ လင်ဒီလော့ဖ်ကို ခေါ်ယူဖို့ မျက်စိကျနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြန်ပါတယ်။ မော်ရင်ဟိုဟာ အစပိုင်းက ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ နေရာမရ ဖြစ်နေတဲ့ အဲရစ်ခ် ဘိုင်ယီကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အသက် ၂၈ နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင်က လာလီဂါ ကိုသာ ပြန်ဖို့ ဆန္ဒပြင်းပြနေတာကြောင့် မော်ရင်ဟို အနေနဲ့ လင်ဒီလော့ဖ်ကို ပြောင်းလဲ ပစ်မှတ်ထားလာခဲ့ပြီး တပည့်ဟောင်းနဲ့ ပြန်လည် လက်တွဲချင်နေတာလည်း ဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့စဉ်တုန်းက လင်ဒီလော့ဖ်ကို ဘင်ဖီကာ ကနေ ခေါ်ယူခဲ့သူလည်း ဖြစ်ပါတယ်။

လင်ဒီလော့ဖ် အတွက်တော့ ယူနိုက်တက် ဘက်က ပြောင်းရွှေ့ကြေး ပေါင် (၁၆.၈) သန်း သတ်မှတ်ထားပြီး လက်တလော အသင်းမှာ ဗဟိုနောက်ခံလူတွေ ပိုလျှံနေတာကြောင့် အကယ်၍သာ ဒီကစားသမား အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု ရရှိမယ် ဆိုရင် ရောင်းချသွားဖို့ အဆင်သင့် ရှိနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ မော်ရင်ဟိုဟာ အစောပိုင်းကလည်း ယူနိုက်တက်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးခဲ့တဲ့ နီမန်ဂျာ မာတစ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီး ဖြစ်ပါတယ်။


ဗလာဆစ်ကို တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တဲ့ တိုရီနို

ဝက်စ်ဟမ်းမှာ ရုန်းကန်နေရတဲ့ တောင်ပံ ကစားသမား နီကိုလာ ဗလာဆစ် ကတော့ စီးရီးအေ ကလပ် တိုရီနိုကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ အသက် ၂၄ နှစ် အရွယ် ခရိုအေးရှား လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ရာသီကမှ ရုရှား ကလပ် စီအက်စ်ကေအေ မော်စကို ကနေ ပရီးမီးယားလိဂ် ကလပ်ထံ ပေါင် ၂၅.၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူလည်း ဖြစ်ပါတယ်။

ဗလာဆစ် အနေနဲ့ ဒေးဗစ် မွိုက်စ်ရဲ့ လက်အောက်မှာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ၁၉ ပွဲ ကစားခွင့်ရခဲ့ပေမယ့် ပွဲထွက် လူစာရင်းမှာ ၆ ကြိမ်သာ ပါဝင်ခွင့်ရခဲ့သလို ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဗလာဆစ်ဟာ ဝက်စ်ဟမ်းနဲ့ ၁ နှစ် သက်တမ်းတိုးခွင့် ပါဝင်တဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုထားပေမယ့် လက်ရှိ မှာတော့ စီးရီးအေ ကလပ်ထံ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် စာချုပ်ပါ အချက်အလက်တွေအရ တိုရီနို ဘက်က ဗလာဆစ်ကို ပေါင် ၁၂.၉ သန်းနဲ့ အပြီးသတ် ဝယ်ယူလိုက ဝယ်ယူခွင့်လည်း ပါရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဝက်စ်ဟမ်းဟာ လက်ရှိ အချိန်ထိ ဆကမ်မက်ကာနဲ့ မက်စ်ဝဲလ် ကောနတ်တို့ နှစ်ဦးပဲ ခေါ်ယူရသေးပေမယ့် နှစ်ဦးစလုံးက တိုက်စစ်နဲ့ တောင်ပံမှာ အဓိက ကစားသူတွေ ဖြစ်နေတာကြောင့် ဗလာဆစ် အနေနဲ့လည်း ပုံမှန် ပွဲထွက်ရဖို့ သေချာနိုင်မယ့် တိုရီနိုမှာ တစ်ရာသီ အငှားနဲ့ သွားကစားဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်