နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ သတင်းများ (၉/၈/၂၀၂၂)

ဩဂုတ်လ ၁၀ ရက်နေ့ရဲ့ နောက်ဆုံးရ ပရီးမီးယားလိဂ် သတင်းတွေနဲ့ ထူးခြားတဲ့ အပြောင်းအရွှေ့ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


၂၄ နာရီ အတွင်း ကစားသမား ၂ ဦး ခေါ်ယူနိုင်ခဲ့တဲ့ အဲဗာတန်

လမ်းပတ်ရဲ့ အဲဗာတန် အသင်း ကတော့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ချဲလ်ဆီးကို အရေးနိမ့်ခဲ့ပြီးနောက် ချက်ချင် ဆိုသလိုပဲ အသင်း အတွက် ကစားသမားသစ် ၂ ဦး ခေါ်ယူ အားဖြည့်ခဲ့ပါတယ်။ တစ်ဦး ကတော့ ဝုဗ် အသင်းခေါင်းဆောင် ကော်နာ ကိုဒီ ဖြစ်ပြီး နောက်တစ်ဦး ကတော့ လီဂူးဝမ်း ကလပ် လိုင်လီ ကွင်းလယ်လူ အမာဒူ အိုနားနား ဖြစ်ပါတယ်။

ကိုဒီဟာ လစ်ဗာပူးလ် ကစားသမားဟောင်း တစ်ဦး ဖြစ်ပြီး ၀ုဗ်မှာ အသင်း ခေါင်းဆောင် ဖြစ်လာတဲ့ အထိ ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ ကိုဒီဟာ တနည်းအားဖြင့် အသင်းဟောင်းရဲ့ မြို့ခံ ပြိုင်ဘက် အဲဗာတန် အသင်းထံ ပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။

“ အဲဗာတန်ကို ပြောင်းရွှေ့နိုင်ခဲ့တာက မယုံနိုင်စရာပါပဲ၊ ကျွန်တော့်ကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ကြားချိန်မှာပဲ ကျွန်တော်လည်း ပူးပေါင်းချင်နေခဲ့တာပါ၊ ကျွန်တော် ဒီမြို့မှာ ကြီးပြင်းလာခဲ့ရပြီးတော့ အဲဗာတန် အကြောင်းလည်း ကောင်းကောင်း သိထားပါတယ်၊ ဒီအသင်းက ဘယ်လောက်ထိ ကြီးကျယ် ခမ်းနားသလဲ ဆိုတာ သိပါတယ်” လို့ ကိုဒီက ဆိုပါတယ်။

နည်းပြ ဖရန့်လမ်းပတ်ရဲ့ အဲဗာတန်ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ချဲလ်ဆီးကို အရေးနိမ့်ခဲ့ပြီးနောက် အင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ လမ်းပတ် ကလည်း ကိုဒီကို ခေါ်ယူနိုင်ခဲ့လို့ ဝမ်းမြောက်မိကြောင်းနဲ့ အတွေ့အကြုံ ရင့်ကျက်တဲ့ ဒီကစားသမားက သူ့ အသင်းမှာ အဆင်ပြေလိမ့်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

အိုနားနား ကတော့ လီဂူးဝမ်း ကလပ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ဥရောပ ထိပ်တန်း ကလပ် အများစုရဲ့ စောင့်ကြည့်ခြင်း ခံနေရသူလည်း ဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ဘယ်ဂျီယံ လက်ရွေးစင်ဟာ အရပ်အမောင်း ၆ ပေ ၄ လက်မ ရှိပြီး ပြီးခဲ့တဲ့ ရာသီက လိုင်လီ အတွက် ပြိုင်ပွဲစုံ အရပ်ရပ် ပွဲပေါင်း ၄၃ ပွဲ ကစားပြီး ၃ ဂိုး သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။


၆ ပတ်ကြာ အနားယူရတော့မယ့် သီယာဂို

ပရီးမီးယားလိဂ် အဖွင့်ပွဲ အဖြစ် ဖူလ်ဟမ်နဲ့ ကစားခဲ့တဲ့ ပွဲမှာရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် လစ်ဗာပူးလ် ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာဟာ ၆ ပတ်ကြာ အနားယူရတော့မှာ ဖြစ်ပါတယ်။
ကွင်းလယ် ကစားသမားတွေ ဒဏ်ရာရနေလို့ ကွင်းလယ်ပိုင်း အားဖြည့်ဖို့ လိုအပ်နေတဲ့ လစ်ဗာပူးလ်

ပရီးမီးယားလိဂ် အဖွင့်ပွဲ အဖြစ် ဖူလ်ဟမ်နဲ့ ကစားခဲ့တဲ့ ပွဲမှာရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် လစ်ဗာပူးလ် ကွင်းလယ်လူ သီယာဂို အဲလ်ကန်တာရာဟာ ၆ ပတ်ကြာ အနားယူရတော့မှာ ဖြစ်ပါတယ်။ ဖူလ်ဟမ်နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ အဲ့ဒီပွဲမှာ သီယာဂိုက ပွဲချိန် အစောပိုင်းမှာပဲ တံကောက်ကြော ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပြီး လူစားလဲခြင်း ခံခဲ့ရပါတယ်။

သီယာဂိုဟာ စက်တင်ဘာ လ အလယ်ပိုင်းလောက်ထိ အနားယူရတော့မှာ ဖြစ်ပြီး လစ်ဗာပူးလ် အတွက်တော့ နစ်နာမှု တစ်ခု ဖြစ်လာခဲ့ပါတယ်။ လစ်ဗာပူးလ် အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ အားထားရတဲ့ ကစားသမား အဖြစ် သီယာဂိုက ခြေစွမ်းပြနေတာ ဖြစ်ပြီး ဒီဒဏ်ရာကြောင့် စပိန် ကွင်းလယ်လူဟာ ခရစ္စတယ်ပဲလေ့စ်၊ မန်ချက်စတာယူနိုက်တက်၊ ဘုန်းမောက်၊ နယူးကာဆယ်၊ အဲဗာတန်နဲ့ ၀ုဗ်နဲ့ ပွဲစဉ်တွေကို လွဲချော်တော့မှာပါ။

လက်တလော လစ်ဗာပူးလ် နည်းပြ ဂျာဂျင် ကလော့ပ် အနေနဲ့ အဲလက်စ် အောက်စ်လိတ်ဒ် ချိန်ဘာလိန်နဲ့ ကာတစ် ဂျုံးစ် တို့ကိုလည်း ဒဏ်ရာကြောင့် လက်လွှတ်ထားရပါတယ်။ တခြား ကွင်းလယ်လူ နာဘီ ကေတာ ကတော့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီလို့ သိရပြီး ဖူလ်ဟမ်နဲ့ ပွဲကိုတော့ ဖျားနာလို့ လွဲချော်ခဲ့ရပါတယ်။


ကွင်းပိတ် ခြေစမ်းပွဲ ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

လာလီဂါ
ဆယ်တာဗီဂို
အက်စ်ပန်ညို
ပထမပိုင်း 1X2 ဆယ်တာဗီဂို @ 2.53
အက်စ်ပန်ညို အာရှ ဟန်းဒီးကပ် +0.25 @ 2.26
ဂိုးပေါ် 2.50 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘရိုက်တန်ကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ အပြီး မန်ချက်စတာယူနိုက်တက် အသင်းဟာ နေရှင်နယ်လိဂ် အသင်းငယ်လေး တစ်သင်းနဲ့ ကွင်းပိတ် ခြေစမ်းပွဲ ကစားခဲ့တယ်လို့ သိရပါတယ်။ နေရှင်နယ်လိဂ် ကလပ် Halifax Town နဲ့ ကစားခဲ့တာ ဖြစ်ပြီး ဘရိုက်တန်နဲ့ ပွဲမှာ မပါဝင်ခဲ့တဲ့ ရာဖေးလ် ဗာရန်း၊ အဲရစ်ခ် ဘိုင်ယီ၊ ဂျိမ်းစ် ဂါနာ၊ အာမက် ဒီယာလို၊ ဂါနာချို၊ အီလန်ဂါတို့ ပါဝင် ကစားခဲ့ကြပါတယ်။

ပွဲရလဒ်နဲ့ တခြား ဘယ်ကစားသမားတွေ ပါဝင်ခဲ့သလဲဆိုတာ ကိုတော့ အတိအကျ မသိရပါဘူး။ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁ မှာ ယူနိုက်တက်တို့ အိမ်ကွင်း အိုးထရက်ဒ်ဖို့ဒ် မှာပဲ ဘရိုက်တန်ကို အရေးနိမ့်ခဲ့တာ ဖြစ်ပြီး နည်းပြသစ် တန်ဟက်ဂ် အတွက်တော့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ်က ခါးသီးခဲ့ပါတယ်။ အခုလို ခြေစမ်းပွဲ ကစားခဲ့တာ ကလည်း ထူးခြားနေခဲ့ပြီး အဲရစ်ခ် တန်ဟက်ဂ် တစ်ယောက် ဘာတွေ ပြင်ဆင်နေလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ဘရိုက်တန်နဲ့ ပွဲမှာတော့ ပထမပိုင်းမှာပဲ ယူနိုက်တက်ဟာ ၂-၀ နဲ့ အရေးနိမ့်ခဲ့ပြီး ဒုတိယပိုင်းမှာ ချေပဂိုး တစ်ဂိုးသာ ပြန်သွင်းနိုင်ခဲ့တာပါ။ ဒုတိယပိုင်းမှာ ဝင်ရောက် ကစားပေးခဲ့တဲ့ ရော်နယ်ဒို ကိုတော့ တန်ဟက်ဂ်က ပိုကောင်းတဲ့ ရော်နယ်ဒို အဖြစ် မြင်တွေ့ရမယ်လို့ ပွဲအပြီး ပြောဆိုမှုတွေလည်း ရှိထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်