နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – နောက်ဆုံးရ သတင်းများ (၆/၈/၂၀၂၂)

ဩဂုတ်လ ၆ ရက်နေ့ရဲ့ နောက်ဆုံးရ လာလီဂါ သတင်းတွေနဲ့ ထူးခြားတဲ့ အပြောင်းအရွှေ့ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 


အေစီမီလန်နဲ့ ချဲလ်ဆီးကို ငြင်းပြီး အဲလ်အေ ဂလက်ဆီကို ပြောင်းခဲ့တဲ့ ဘာဆာ ကြယ်ပွင့်

လာလီဂါ ကလပ် ဘာစီလိုနာ ကနေ မေဂျာလိဂ် ကလပ် အဲလ်အေဂလက်ဆီကို ပြောင်းရွှေ့သွားခဲ့တဲ့ ကွင်းလယ် ကြယ်ပွင့်လေး ရစ်ကီပွစ်ဂ် ကတော့ အေစီမီလန်နဲ့ ချဲလ်ဆီး တို့ဆီကနေ ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမယ့် ငြင်းဆန် ပယ်ချခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ 

အသံဖိုင် တစ်ခု ပျံ့နှံ့လာရာက တဆင့် ကစားသမားလေးရဲ့ ပြောစကားတွေ ပေါက်ကြားလာခဲ့တာ ဖြစ်ပြီး ဘာစီလိုနာထက် စီးရီးအေ လက်ရှိ ချန်ပီယံ အေစီမီလန်၊ ချဲလ်ဆီး တို့ထက် လုပ်ခလစာ ပိုပေးခဲ့တယ်လို့ ရစ်ကီ ပွစ်ဂ်က ပြောကြားခဲ့ပါသေးတယ်။ 

အသံဖိုင်ထဲ မှာတော့ ရစ်ကီပွတ်ဂ်က “ကျွန်တော် ချဲလ်ဆီးနဲ့ အေစီမီလန် ဆီက ကမ်းလှမ်းမှုတွေ ရခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာ မှာလည်း အရမ်း အဆင်ပြေနေတယ်လေ။ ဟိုနှစ်သင်းက ကျွန်တော့်ကို လစာ နှစ်ဆပေးပေမယ့် အဲ့ဒီမှာ ဆိုရင် တယောက်တည်း အထီးကျန်ရမှာပါ” လို့ ပြောကြားထားပါတယ်။ 

ရစ်ကီ ပွတ်ဂ်ဟာ ဒီစကားတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ပွစ်ဂ်ဟာ လာမာစီယာ အကယ်ဒမီထွက် အရည်အသွေးမြင့် ကစားသမား တစ်ဦး ဖြစ်ပေမယ့် အသက် ၂၂ နှစ် အရွယ် မှာတင်ပဲ မေဂျာလိဂ်ကို ပြောင်းရွှေ့ ကစားခဲ့တာ ဖြစ်ပါတယ်။


ဒေါ့မန် နောက်ခံလူကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ

လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ ဒေါ့မန်ရဲ့ ဘယ်နောက်ခံလူ မတ်တယူး မိုရေးကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ စပိန် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ ချဲလ်ဆီး နောက်ခံလူ အက်ဇ်ပီလီကွယ်တာကို မခေါ်ယူနိုင်ခဲ့တဲ့နောက် အခုလို ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ နောက်ခံ အစွန်လူကို ပြန်လည် ခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ 

လာလီဂါ
အိုဆာစူနာ
ဆီဗီလာ FC
1X2 သရေ (Draw) @ 3.00
ဂိုးပေါ် 2.25 @ 2.09
ဂိုးပေါင်း 0-1 @ 2.50
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အသက် ၂၂ နှစ် အရွယ် မိုရေးဟာ လာမာစီယာ အကယ်ဒမီထွက် ကစားသမား တစ်ယောက် ဖြစ်ပေမယ့် အသင်းမှာ အခြေမကျခဲ့ဘဲ ၂၀၁၉ ခုနှစ် မှာတော့ ဒေါ့မန်ကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ မိုရေးဟာ ဒေါ့မန် မှာလည်း ရုန်းကန်နေရပေမယ့် ထိပ်တန်း ကလပ်တွေရဲ့ စောင့်ကြည့်ခြင်း ခံနေရဆဲ ဖြစ်ပြီး အလားအလာရှိတဲ့ ကစားသမား ဖြစ်နေတာကြောင့် ဘာစီလိုနာက စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ 

ဘာစီလိုနာဟာ ဂျော်ဒီ အယ်လ်ဘာရဲ့ နေရာကို ရေရှည် အစားထိုးနိုင်မယ့် ကစားသမားကို အခု ကတည်းက ရှာဖွေနေပြီး ချဲလ်ဆီး နောက်ခံလူ မားကို့စ် အလွန်ဆို ကိုလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။


လာလီဂါ တိုက်စစ်မှူးကို ယူရိုသန်း ၃၀ ပေးပြီး ခေါ်ချင်နေတဲ့ ဒေါ့မန်

ဒေါ့မန် ကတော့ အခုနှစ်မှ လာလီဂါကို တန်းတက်လာတဲ့ အယ်လ်မီးရီးယား တိုက်စစ်မှူး အာမာ ဆာဒစ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၃၀) နဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 

တိုက်စစ်မှူး ဟော်လာက ဝှေးစေ့အကြိတ်ကင်ဆာ ခံစားနေရတာကြောင့် ဘွန်ဒက်စ်လီဂါ ကလပ်ဟာ တိုက်စစ်မှူးသစ် အပူတပြင်း ရှာဖွေနေရပြီး လက်ရှိမှာ ဆာဒစ်ကို စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။ ဒီကစားသမားကို ခေါ်ယူဖို့ နောက်ထပ် လာလီဂါ ကလပ်တွေ ဖြစ်တဲ့ ဗီလာရီးရဲယ်နဲ့ ဆိုစီဒက် တို့ကလည်း စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ဒီနှစ်သင်း ကတော့ အယ်လ်မီးရီးယား တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေလိုခြင်း မရှိဘူးလို့ သိရပါတယ်။ 

ဒေါ့မန်ဟာ ဆာဒစ်ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို (၂၅) သန်းနဲ့ အပိုဆုကြေးတွေ ပါဝင်ရင် ယူရိုသန်း (၃၀) အထိ တိုးမြင့်သွားနိုင်တဲ့ စာချုပ်နဲ့ စတင် ကမ်းလှမ်းဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်