နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ သတင်းများ (၃/၈/၂၀၂၂)

ဩဂုတ်လ ၃ ရက်နေ့ရဲ့ နောက်ဆုံးရ ပရီးမီးယားလိဂ် သတင်းတွေနဲ့ ထူးခြားတဲ့ အပြောင်းအရွှေ့ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 


ဩဂုတ်လထဲမှာ ကစားသမား ထပ်ခေါ်ဖို့ အလုပ်ရှုပ်နေဦးမယ့် အာဆင်နယ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ လက်ရှိ အပြောင်းအရွှေ့မှာ ကစားသမား ၅ ဦး ခေါ်ယူထားပြီး ဖြစ်ပေမယ့် နောက်ထပ် ၁ ဦး သို့မဟုတ် ၂ ဦး ထပ်မံ ခေါ်ယူဖို့ ရှိနေသေးတယ်လို့ ဖာဘရီဇီယို ရိုမာနိုက အတည်ပြုခဲ့ပါတယ်။ 

မတ် တန်နာ၊ မာကွင်ဟို့စ်၊ ဖေဘီယို ဗီအဲရာ၊ ဂါဘရီရယ် ဂျေဆုစ်၊ ဇင်ချန်ကိုတို့ အတွက် စုစုပေါင်း ပေါင် သန်း ၁၁၀ ဝန်းကျင် အသုံးပြုထားတဲ့ ဂန်းနားတို့ ညာတောင်ပံ တစ်ဦးနဲ့ ဗဟို ကွင်းလယ် တစ်ဦး ထပ်မံ ခေါ်ယူသွားဖို့ ဈေးကွက်ထဲမှာ လှုပ်ရှားနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ 

အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်လာရင် ယုံကြည်ရတဲ့ ဖာဘရီဇီယို ရိုမာနိုက “အချိန်နည်းနည်းတော့ စောင့်ရလိမ့်မယ်၊ ဒါပေမယ့် အာဆင်နယ် အသင်း အနေနဲ့ သြဂုတ်လထဲမှာ နောက်ထပ် ခေါ်ယူမှု တစ်ခု ဒါမှမဟုတ် နှစ်ခု အတွက် အလုပ်ရှုပ်နေဦးမယ် ဆိုတာ သေချာပါတယ်။ အဓိက, ကတော့ အခွင့်အရေး ရတာ မရတာ ဒါမှမဟုတ် အသင်းရဲ့ ကစားသမားတွေ ထွက်ခွာမှု အပေါ်လည်း မူတည်ပါတယ်။” လို့ Givemesport ကို ဖြေကြားသွားတာ ဖြစ်ပါတယ်။

အာဆင်နယ်တို့ ထပ်မံ ခေါ်ယူဖို့ လှုပ်ရှားနေတဲ့ ကစားသမား ၂ ဦး ကတော့ ပီအက်စ်ဗွီ တောင်ပံ ကစားသမား ကိုဒီ ဂက်ခ်ပိုနဲ့ လက်စတာစီးတီး ကွင်းလယ်လူ ယူရီတေးလီမန့်စ် တို့ပဲ ဖြစ်လိမ့်မယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။

ပရီးမီးယား လိဂ်
ခရစ္စတယ်ပဲလေ့စ်
အာဆင်နယ်
1X2 သရေ (Draw) @ 3.60
ဂိုးပေါ် 2.50 @ 1.97
ဂိုးပေါင်း 2-3 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မက်ဒီဆင် ထွက်ခဲ့ရင် အာဝါးကို ခေါ်မယ့် လက်စတာစီးတီး

ပြင်သစ် ကွင်းလယ်လူ ဟူဆင်မ် အာဝါး ကိုတော့ ပရီးမီးယားလိဂ် ကလပ် လက်စတာစီးတီး အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ဖော်ပြလာပါတယ်။ နည်းပြ ဘရန်ဒန် ရော့ဒ်ဂျားစ် အနေနဲ့ ရာသီသစ် မစတင်ခင် အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ စိတ်အား ထက်သန်နေပေမယ့် ကစားသမားတွေ ရောင်းချနိုင်ခြင်း မရှိသေးတာကြောင့်တော့ အခက်တွေ့နေတယ်လို့ သိရပါတယ်။ 

ဒါပေမယ့်လည်း ရော့ဒ်ဂျားစ်က အသင်း အတွက် အရေးပါတဲ့ အဓိက ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင် ကိုတော့ ဆက်ထိန်းထားချင်နေပြီး အကယ်၍ မတတ်သာတဲ့ အဆုံးမှာ ရောင်းထုတ်ခဲ့ရရင်လည်း လိုင်ယွန် ကွင်းလယ်လူ ဟူဆင်မ် အာဝါးနဲ့ ပြန်လည် အစားထိုးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဂျိမ်းစ် မက်ဒီဆင် ကိုတော့ နယူးကာဆယ်က ခေါ်ယူဖို့ ကြိုပမ်းနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ တစ်ပတ်က ပေါင်သန်း ၄၀နဲ့ ကမ်းလှမ်းထားပေမယ့် လက်စတာ ဘက်က ပယ်ချထားတယ်လို့ သိရပါတယ်။

ပြင်သစ် ဘောလုံး သတင်းစာ မာကာတို ကလည်း ဂျိမ်းစ် မက်ဒီဆင် ထွက်ခွာခဲ့ရင် လက်စတာတို့ ဟူဆင်မ် အာဝါးကို ဦးစားပေး ခေါ်ယူသွားဖို့ ရှိနေကြောင်း ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အာဝါးကို ခေါ်ယူဖို့ လာလီဂါ ကလပ် ရီးရဲယ်ဘက်တစ်နဲ့ သတင်းတွေ ထွက်ခဲ့သေးပေမယ့် လက်ရှိ မှာတော့ ဆက်လက် ကြိုးပမ်းခြင်း မရှိတော့ဘူးလို့ သိရပါတယ်။ 


တစ်ပတ် အတွင်း ဝိတ်ချပြီး အမိုက်စား ဘော်ဒီနဲ့ ခြေစွမ်းပြနေတဲ့ လူကာကူ

အင်တာမီလန် တိုက်စစ်မှူး ရိုမယ်လူ လူကာကူဟာ ပရီးမီးယားလိဂ် ကနေ ပြန်ရောက်ရောက်ချင်းမှာ ကိုယ်အလေးချိန် မြင့်တက်နေတာကြောင့် နေထိုင် စားသောက်မှု ပုံစံတွေကို ပြောင်းလဲခဲ့ရတယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ် အရွယ် ဘယ်ဂျီယံ လက်ရွေးစင် ကတော့ အခု နွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီး ကနေ အင်တာမီလန်ကို နှစ်ရာသီ အငှားနဲ့ ပြန်လည် ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

ဒါကြောင့် လူကာကူရဲ့ ခန္ဓာကိုယ်က အလေးချိန် တက်လွယ်တဲ့ အနေအထား ဖြစ်ပြီး ဒါကိုလည်း ကစားသမား ကိုယ်တိုင်က အစောပိုင်းမှာ ကတည်းက ဝန်ခံခဲ့ဖူးပါတယ်။ လူကာကူ အနေနဲ့ အင်တာမီလန်မှာ နေထိုင် စားသောက်မှု ပုံစံကို လုံးဝ ပြောင်းလဲပစ်ခဲ့ပြီး လိုအပ်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့တဲ့နောက် တစ်ပတ်အကြာမှာပဲ ကိုယ်ခန္ဓာ အနေအထားက သိသိသာသာ ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ လူကာကူ အနေနဲ့ မလိုအပ်တဲ့ အဆီပိုတွေကို လျှော့ချနိုင်ခဲ့ပြီ ဖြစ်တာကြောင့် ကြွက်သားထုထည် ကောင်းကောင်းနဲ့ ကျစ်လျစ်တဲ့ ခန္ဓာကိုယ် ပုံစံ ပြန်လည် ရရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လူကာကူ ကတော့ အင်တာမီလန် အတွက် ရာသီကြို ခြေစမ်းပွဲတွေ ဝင်ကစားရင်း ဂိုးသွင်း ခြေစွမ်း ပြန်ရနေတာ တွေ့ရပါတယ်။ ဒါကြောင့် နည်းပြ ဆိုင်မွန် အင်ဇာဂီ ကတော့ ဆာဆွယ်လိုနဲ့ စီးရီးအေ ရာသီအဖွင့် ပွဲစဉ်မှာ လူကာကူကို ကျိန်းသေပေါက် ပွဲထွက်ခွင့်ပေးဖို့တော့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်