နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နံနက်ခင်း သတင်းများ (၁/၈/၂၀၂၂)

အခုတစ်ခါ မှာတော့ ဩဂုတ်လ ၁ ရက်နေ့ နံနက်ခင်းရဲ့ နောက်ဆုံးရ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ချဲလ်ဆီးရဲ့ နံပါတ် ၁ ခံစစ် ပစ်မှတ် ဖြစ်လာတဲ့ ဂဗာဒီယိုလ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးရဲ့ လက်ရှိ နံပါတ် ၁ ပစ်မှတ် နောက်ခံလူဟာ လိုက်ပ်ဇစ် က ဂျော့စ်ကို ဂဗာဒီယိုလ် ဖြစ်ကြောင်း အပြောင်းအရွှေ့ သတင်းနဲ့ ပတ်သတ်လာရင် ယုံကြည်ရတဲ့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရာသီ အကုန်မှာ ရူဒီဂါနဲ့ ခရစ္စတန်ဆန်တို့ အသင်း ကနေ ထွက်ခွာသွားခဲ့တာကြောင့် ခံစစ်ပိုင်း အားဖြည့်ဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ နာပိုလီက ကာလီဒူ ကူလီဘာလီ တစ်ဦးတည်းသာ ခေါ်ယူထားရသေးသလို အသင်းမှာ ရှိတဲ့ နောက်ခံလူ တချို့ ကလည်း ထပ်မံ ထွက်ခွာဖွယ် ရှိနေတာကြောင့် မြောက်လန်ဒန် ကလပ်ဟာ အပြောင်းအရွှေ့ မပိတ်ခင် နောက်ထပ် ခံစစ်မှူး တစ်ဦး အသည်းအသန် ရှာဖွေနေရတာ ဖြစ်ပါတယ်။

ချဲလ်ဆီးရဲ့ ခံစစ် ပစ်မှတ်တွေ အထဲမှာ ပီအက်စ်ဂျီက ကင်မ်ပမ်ဘီ၊ လက်စတာစီးတီး က ဖိုဖာနာ၊ အင်တာမီလန်က မီလန် ရှက်ခရီနီယာနဲ့ ဒမ်းဖရီးစ် အပြင် အခု လက်ရှိ မှာတော့ ဂဗာဒီယိုလ်လည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ရိုမာနိုရဲ့ ပြောကြားချက်အရ သောမက်စ်တူချယ်က ဂဗာဒီယိုလ်ကို တော်တော်လေး သဘောကျနေပြီး လက်ရှိ ချဲလ်ဆီးရဲ့ ခံစစ် ပစ်မှတ် စာရင်းမှာ ထိပ်ဆုံးကို ရောက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရိုမာနိုက ဖိုဖာနာရဲ့ အပြောင်းအရွှေ့ဟာ ချဲလ်ဆီး အတွက် ခက်ခဲနိုင်ပေမယ့် ညှိနှိုင်းလို့ ရနိုင်ကြောင်း၊ ဂဗာဒီယိုလ် ကိုတော့ လိုက်ပ်ဇစ်က လုံးဝ ရောင်းချလိုခြင်း မရှိတာကြောင့် ပိုပြီး ခက်ခဲနိုင်ကြောင်း ပြောကြားခဲ့ပါသေးတယ်။ အသက် ၂၀ အရွယ် ခရိုအေးရှား ဗဟိုခံစစ်မှူး ဂဗာဒီယိုလ်ဟာ ပြီးခဲ့တဲ့ ရာသီကမှ လိုက်ပ်ဇစ်ကို ရောက်ရှိလာခဲ့ပေမယ့် ပြိုင်ပွဲစုံ ၄၆ ပွဲ အထိ ပါဝင် ကစားခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။ ဒီကစားသမား ကိုတော့ တူချယ် မတိုင်ခင် မန်စီးတီး နည်းပြ ဂွာဒီယိုလာ ကလည်း သဘောကျခဲ့ဖူးပြီး နေသန် အေခီ ထွက်ခွာသွားခဲ့ရင် အစားထိုးဖို့ စဉ်းစားခဲ့ဖူးပါသေးတယ်။


ကလာ့ဂျစ်နဲ့ ဆက်စ်ကို စိတ်ဝင်စားနေတဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ စတုဂတ်က ဆာဆာ ကလာ့ဂျစ်နဲ့ ရက်ဘူးလ် ဆဲလ်ဘတ်က ဘင်ဂျမင် ဆက်စ်ကို တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဗြိတိန် အခြေစိုက် Daily Mail က ဖော်ပြလာပါတယ်။

လက်တလော အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အနာဂတ် မသေချာသလို ရေရှည် အတွက်လည်း တိုက်စစ် မျှားဦးမှာ ဦးဆောင်နိုင်မယ့်သူ လိုအပ်တာကြောင့် ယူနိုက်တက်တို့ အလားအလာ ရှိတဲ့ လူငယ် တိုက်စစ်မှူး နှစ်ဦးကို စိတ်ဝင်စားနေခဲ့တာပါ။

ရော်နယ်ဒို နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူး ရှာဖွေနေတဲ့ မန်ချက်စတာယူနိုက်တက်

အသက် ၂၆ နှစ် အရွယ် ဆာဆာ ကာလာ့ဂျစ်ဟာ အရပ်အမောင်း ၆ ပေ ၇ လက်မ ရှိပြီး ပြောင်းရွှေ့ကြေး အနေနဲ့ ဆိုရင်လည်း ပေါင် ၁၇ သန်း ဝန်းကျင်သာ ပေးချေရဖို့ ရှိတယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ်မှာ စတုဂတ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ကာလာ့ဂျစ်ဟာ ၂ ရာသီ အတွင်း ဘွန်ဒက်စ်လီဂါ အပါအဝင် ပြိုင်ပွဲစုံ အရပ်ရပ် ၅၇ ပွဲ ကစားခဲ့ပြီး ၂၄ ဂိုး သွင်းယူပေးထားသူ ဖြစ်ပါတယ်။

နောက်ထပ် တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ ဆက်စ်ကို, ကိုတော့ တချို့သော ဆဲလ်ဘတ် အသင်းဖော်တွေက ဟာလန်းထက် ပိုကောင်းတဲ့သူ အဖြစ်တောင် သတ်မှတ်ထားကြတာပါ။ အရပ်အမောင်း မြင့်မားသလို ကြံ့ခိုင်မှုလည်း ကောင်းတဲ့ တိုက်စစ်မှူး ဖြစ်တာကြောင့် ယူနိုက်တက် ရဲ့ ပစ်မှတ်ထဲ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် ယူနိုက်တက်တို့ ပြီးခဲ့တဲ့ အပတ်ထဲက အသက် ၁၉ နှစ် အရွယ် ဆလိုဗေးနီးယား တိုက်စစ်မှူးကို ချိတ်ဆက်နေခဲ့တာဖြစ်ပြီး လက်ရှိမှာ ပေါင် ၅၅ သန်း ဝန်းကျင် တန်ကြေး ရှိနေတယ်လို့ သိရပါတယ်။ ဆလိုဗေးနီးယား လက်ရွေးစင် ဆက်စ်ကို ဟာ ဆဲလ်ဘတ် အတွက် ၄၁ ပွဲ ကစားပေးထားပြီး ၁၃ ဂိုး သွင်းယူထားသူလည်း ဖြစ်ပါတယ်။


အာဆင်နယ်မှာ အရမ်းကောင်းတယ်လို့ လာလှောင်လို့ လက်ခလယ် ပြန်ထောင်ပြသွားတဲ့ အူနိုင်း အန်မေရီ

ဗီလာရီးရဲယ် နည်းပြ အူနိုင်းအန်မေရီရဲ့ ပရိသတ်တွေကို လက်ခလယ် ထောင်ပြခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်တွေပေါ်မှာ ကြည့်ရှုသူရော၊ ပြန်လည် ဝေမျှသူတွေပါ တော်တော်လေး များပြားနေတယ်လို့ သိရပါတယ်။

စပိန် လူမျိုး နည်းပြ အူနိုင်း အန်မေရီဟာ ၂၀၁၈ ခုနှစ်မှာ ပရီးမီးယားလိဂ်ကို ရောက်ရှိလာခဲ့ပြီး သူစတင် ကိုင်တွယ်တဲ့ ပွဲဦးထွက်ရာသီ မှာပဲ အာဆင်နယ်တို့ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။ အဲ့နောက် အမ်မေရီဟာ မြောက်လန်ဒန် ကလပ်ကို ယူရိုပါလိဂ် ဗိုလ်လုပွဲ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် ချဲလ်ဆီးရဲ့ အနိုင်ယူခြင်း ခံခဲ့ရသလို နောက်ရာသီ အစမှာပါ ရလဒ်တွေ ဆိုးရွားနေခဲ့တာကြောင့် အထုတ်ပယ်ခံခဲ့ရပါတယ်။

ပရီးမီးယား လိဂ်
ခရစ္စတယ်ပဲလေ့စ်
အာဆင်နယ်
1X2 ခရစ္စတယ်ပဲလေ့စ် @ 4.20
ဂိုးပေါ် 2.50 @ 2.00
ဂိုးပေါင်း 0-1 @ 3.20
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အဲ့နောက် လာလီဂါကို ပြောင်းရွှေ့သွားခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ဗီလာရီးရဲယ် အတွက် ပထမဦးဆုံး အဓိက ဆုဖလား အောင်မြင်မှု အဖြစ် ယူရိုပါလိဂ် ချန်ပီယံဆုကို အရယူပေးနိုင်ခဲ့သလို မနှစ်ကလည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒီလို အောင်မြင်မှုတွေ ရခဲ့တဲ့ အူနိုင်း အန်မေရီကို အင်္ဂလန်မှာတော့ အခုအချိန်ထိ လေးစားခြင်း မခံရပဲ လှောင်ပြောင်ခံနေရဆဲ ဖြစ်ပါတယ်။ ဗီလာရီးရဲယ်တို့ ဆောက်သမ်တန်နဲ့ ခြေစမ်းပွဲ ကစားဖို့ စိန့်မေရီကွင်းကို ရောက်ရှိလာချိန် ပရိသတ် တချို့က အန်မေရီရဲ့ ထင်ရှားတဲ့ နှုတ်ဆက်ပုံ Good Ebening လို့ လှောင်ပြောင်ခဲ့ကြပါတယ်။ အဲ့ဒီနောက် ပရိသတ်တစ်ဦးက ငေါ့တော့တော့ လေသံနဲ့ ‘မင်း အာဆင်နယ်မှာ အရမ်းကောင်းတာတွေ လုပ်နိုင်ခဲ့တယ်လို့ ငါထင်တယ်’ ဆိုပြီး ပြောလိုက်ချိန်မှာတော့ အူနိုင်း အန်မေရီက ဘာမှ ပြန်မပြောပဲ လက်ခလယ် ထောင်ပြ သွားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်