နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – ညနေခင်း သတင်းများ (၃၁/၇/၂၀၂၂)

ဇူလိုင်လ ၃၁ ရက်နေ့ ညနေခင်း အချိန်အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကစားသမားသစ်တွေ ထပ်ခေါ်ချင်နေသေးတဲ့ အာတေးတား

အခုနွေရာသီမှာ အားရစရာ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ထားတဲ့ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် ကတော့ နောက်ထပ် ကစားသမားတွေ ထပ်မံ ခေါ်ယူသွားဦးမယ်လို့ သိရပါတယ်။ လက်ရှိ အချိန်ထိ မြောက်လန်ဒန် ကလပ်ဟာ မတ်တန်နာ၊ မာကွင်ညော့စ်၊ ဂါဘရီရယ် ဂျေဆုစ်၊ ဖေဘီယို ဗီအဲရာ၊ ဇင်ချန်ကို တို့ အတွက် ပြောင်းရွှေ့ကြေး စုစုပေါင်း ပေါင်သန်း ၁၃၀ ဝန်းကျင် သုံးစွဲထားပြီး ဖြစ်ပါတယ်။

နည်းပြ အာတေးတား ကတော့ အသင်းရဲ့ ကွင်းလယ်ပိုင်းနဲ့ တောင်ပံ အတွက် တစ်ဦးစီ ထပ်မံ ခေါ်ယူလိုနေသေးတာ ဖြစ်ပါတယ်။ အဓိက ကတော့ ကွင်းလယ်ကို အင်အား ထပ်ဖြည့်ချင်နေတာ ဖြစ်ပြီး လောလောဆယ်တော့ လီယွန် ကွင်းလယ်လူ လူးကပ်စ် ပက်ကေးတားနဲ့ သတင်းတွေ ထွက်နေပါတယ်။ လက်စတာက ယူရီ တေးလီမန့်စ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းလွန်းနေပေမယ့် အာတေးတား အနေနဲ့ အခုအထိတော့ အသင်းနဲ့ အံဝင်၊ မဝင် စဉ်းစားနေဆဲ ဖြစ်ပါတယ်။

ဆီဗီလာကို ၆ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ အာတေးတားက “ကျွန်တော်တို့ ဈေးကွက်ထဲမှာ တစ်ခုခု လုပ်ဆောင်နိုင်ဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။ ခင်ဗျားတို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အပြောင်းအရွှေ့ တော်တော်များများ တွေ့ပြီးပါပြီ။ ကျွန်တော်တို့ အနေနဲ့ ပြီးပြည့်စုံစွာ ဟန်ချက်ညီဖို့နဲ့ ဟိုးအစထဲက စီစဉ်ထားတဲ့ အတိုင်းပဲ ဖြစ်လာတာ လိုချင်ပါတယ်။ နောက်ထပ် ဇာတ်လမ်း တစ်ပုဒ် ဖန်တီးနိုင်မယ်၊ မဖန်တီးနိုင်ဘူးလားတော့ မသိသေးပါဘူး”လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
The Sun ရဲ့ ဖော်ပြချက် အရ ဆိုရင် အာဆင်နယ်တို့ အသက် ၂၄ နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ် ဖန်တီးရှင်ကို ခေါ်ယူဖို့ ဆိုရင်တော့ မြို့ခံ ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးနဲ့ အပြိုင်ကြိုးပမ်းရဖွယ် ရှိတယ်လို့ သိရပါတယ်။


ကတ်တယ်လာရီ မရလို့ ချီ အက်ဒမ်ကို ချိန်ရွယ်နေတဲ့ လိဒ်စ်

ပရီးမီးယား လိဂ်
AFC ဘုန်းမောက်
အက်စတန် ဗီလာ
1X2 AFC ဘုန်းမောက် @ 3.30
အက်စတန် ဗီလာ ပထမပိုင်း အာရှ ဟန်းဒီးကပ် -0.25 @ 2.28
ဂိုးပေါ် 2.50 @ 2.08
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လိဒ်စ်ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် ဆောက်သမ်တန် အသင်းရဲ့ တိုက်စစ်မှူး ချီ အက်ဒမ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အသက် ၂၆ နှစ် အရွယ် စကော့တလန် လက်ရွေးစင် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီတွေက စိန့် အတွက် အရေးပါတဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်ခဲ့ပေမယ့် လာမယ့် ရာသီ မှာတော့ ပုံမှန် ပွဲထွက်ခွင့်ရဖို့ မသေမချာ ဖြစ်နေသူပါ။ ဆောက်သမ်တန်က လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ လီဂူးတူး ကလပ် ဘော့ဒိုး တိုက်စစ်မှူး ဆီကူ မာရာနဲ့ ကွင်းလယ်ရော၊ တိုက်စစ်မှာပါ ကစားနိုင်တဲ့ ရိန်းဂျားစ်က ဂျိုးအာရီဘို ကိုလည်း ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ချီအက်ဒမ် အနေနဲ့ ပုံမှန် ပွဲထွက်ခွင့် သေချာနိုင်မယ့် ယော့ခ်ရှိုင်းယား ကလပ်ဆီ ပြောင်းရွှေ့နိုင်ဖွယ် ရှိနေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

လိဒ်စ်ယူနိုက်တက် နည်းပြ ဂျက်ဆီ မက်ရှ် ကလည်း သူ့အသင်းရဲ့ တိုက်စစ်ပိုင်းကို အားမရသေးတာကြောင့် အစောပိုင်းက ဘယ်ဂျီယံ တိုက်စစ်မှူး ကတ်တယ်လာရီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် အေစီမီလန်က အရခေါ်ယူ သွားခဲ့တာကြောင့် ချီ အက်ဒမ်ကို ပြောင်းလဲ ပစ်မှတ်ထားလာခဲ့တာလည်း ဖြစ်ပါတယ်။

ဘာမင်ဂမ်နဲ့ ရှက်ဖီးလ်ယူနိုက်တက် ကစားသမားဟောင်း ချီ အက်ဒမ်ဟာ ၂၀၁၉ ခုနှစ်က ပေါင် ၁၅ သန်းနဲ့ ဆောင်သမ်တန်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒီကစားသမားဟာ ဆောက်သမ်တန် အတွက် ၃ ရာသီ အတွင်း ပြိုင်ပွဲစုံ ပွဲ ၁၁၀ ကစားပေးခဲ့ပြီး ၂၁ ဂိုး သွင်းယူထားပါတယ်။


ဖိုဖာနာရဲ့ အပြောင်းအရွှေ့ အတွက် ချဲလ်ဆီးနဲ့ လက်စတာတို့ စတင် ညှိနှိုင်း

လိဒ်စ်ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် ဆောက်သမ်တန် အသင်းရဲ့ တိုက်စစ်မှူး ချီ အက်ဒမ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ၅ ဦး ခေါ်ယူထားတဲ့ လိဒ်စ်ယူနိုက်တက်

ပြင်သစ် သတင်းစာ L’Equipe ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းဟာ ဝက်စ်လေ ဖိုဖာနာကို ခေါ်ယူဖို့ အတွက် လက်စတာစီးတီးနဲ့ ညှိနှိုင်းမှုတွေ စတင် ပြုလုပ်နေပြီလို့ သိရပါတယ်။ အစောပိုင်း သတင်းတွေအရ ဆိုရင် လက်စတာစီးတီးက သူတို့ရဲ့ ခံစစ် ကြယ်ပွင့် အတွက် ပေါင် သန်း ၇၀ လိုချင်နေတယ်လို့ သိထားရပါတယ်။

လန်ဒန် ကလပ်ဟာ လက်ရှိ အပြောင်းအရွှေ့မှာ ရာဟင်းမ် စတာလင်နဲ့ ကာလီဒူ ကူလီဘာလီ တို့ နှစ်ဦး ကိုသာ ခေါ်ယူထားရသေးတာ ဖြစ်ပါတယ်။ လက်ရှိမှာ နောက်ခံလူတွေ ဖြစ်တဲ့ အက်ဇ်ပီလီကွယ်တာနဲ့ မားကို့စ် အလွန်ဆို တို့ကလည်း ထွက်ခွာဖို့ များနေတာကြောင့် သောမက်စ် တူချယ်က အပြောင်းအရွှေ့ မပိတ်ခင် ခံစစ်မှူး တစ်ဦး အသည်းအသန် ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

ဂျူးလ်စ် ကွန်ဒေး၊ ပရက်စ်နဲလ် ကင်မ်ပမ်ဘီ တို့ကို ခေါ်ယူနိုင်ဖို့ မသေချာတဲ့နောက် ချဲလ်ဆီးတို့ ဖိုဖာနာကို ပြောင်းလဲ ပစ်မှတ်ထားနေသလို တချို့သတင်းတွေ မှာလည်း ဘေယန်မြူးနစ်က ဘင်ဂျမင် ပါဗက်ကို ချိတ်ဆက်နေတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အင်တာမီလန်က မီလန် ရှက်ခရီနီယာနဲ့ ဒန်ဇဲလ် ဒမ်းဖရီးစ် တို့ နှစ်ဦးပေါင်း အတွက်တောင် ပေါင် သန်း ၁၀၀ နီးပါး သုံးဖို့ အဆင်သင့် ရှိနေတယ် ဆိုပြီးလည်း ဖော်ပြနေတာ တွေ့ရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်