နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နံနက်ခင်း သတင်းများ (၃၀/၇/၂၀၂၂)

အခုတစ်ခါ ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ခင်း အထိ ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 


ယူနိုက်တက်ကို ကူညီဖို့ ပြန်လာတဲ့ ဖာဂူဆန် 

မန်ချက်စတာယူနိုက်တက်ရဲ့ အမှုဆောင် အရာရှိချုပ် ရစ်ချက်ဒ် အာနိုးလ် ကတော့ ပရီးမီးယားလိဂ် ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ကို အကြံပေးအဖွဲ့မှာ ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ဖာဂူဆန်ဟာ စပြီး သူအနားယူသွားတဲ့ အချိန်ကထက်တောင် ဩဇလွှမ်းမိုးမှု ရှိနေသလို စကော့တလန်လူမျိုး နည့်းပြကြီးရဲ့ အတွေ့အကြုံ ကြွယ်ဝမှုက အသင်း အတွက် အထောက်အကူ ပြုနိုင်မယ်လို့ ယုံကြည်တဲ့ အတွက် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ အကြံပေးအဖွဲ့မှာ ဆာအဲလက်စ် ဖာဂူဆန်၊ အမှုဆောင် အရာရှိချုပ်ဟောင်း ဒေးဗစ် ဂီးလ်၊ အသင်းခေါင်းဆောင်ဟောင်း ဘရိုင်ယန် ရော့ဘ်ဆင်နဲ့ လက်ရှိ ဘောလုံး ဒါရိုက်တာ ဂျွန်မားတော့ဂျ်တို့ ပါဝင်ပြီး ကလပ်ရဲ့ ကဏ္ဍပေါင်းစုံ အတွက် သူတို့ရဲ့ အတွေ့အကြုံတွေကို အသုံးချနိုင်ဖို့ ရစ်ချက်ဒ် အာနိုးလ်က မျှော်လင့်နေတာ ဖြစ်ပါတယ်။

အဓိက ကတော့ ဖာဂူဆန်၊ ဂီးလ်နဲ့ ရော့ဘ်ဆင် တို့ ၃ ဦးဟာ အိုးထရက်ဖို့ဒ်နဲ့ ကာရင်တန်ကို ပြန်လည် ပြုပြင်မွမ်းမံရေး၊ ကလပ်နဲ့ ပရိသတ်တွေ အကြား ဆက်ဆံရေး တို့လို ကျယ်ပြန်တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး အာနိုးလ်ကို အကြံညဏ်ပေးရမှာ ဖြစ်ပါတယ်။ မားတော့ဂျ်နဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာ အတတ်နိုင်ဆုံး ဝင်ရောက် စွက်ဖက်ဖို့ မလိုအပ်ပေမယ့် တစ်ခါတစ်ရံမှာ ဘောလုံးနဲ့ ပတ်သတ်ပြီး မမျှော်လင့်ထားတဲ့ အခြေအနေတွေ ပေါ်လာခဲ့ရင်တော့ အကြံညဏ်ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဖာဂူဆန်နဲ့ ဒေးဗစ်ဂီးလ် တို့ဟာ ၂၀၁၃ ခုနှစ်မှာ တာဝန်ကနေ အနားယူခဲ့ပြီးနောက် ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့ထဲမှာ အမှုဆောင် မဟုတ်တဲ့ ဒါရိုက်တာတွေ အဖြစ်သာ ဆက်ရှိနေခဲ့ကြပါတယ်။ ဒါ့အပြင် အမှုဆောင် အရာရှိချုပ်ဟောင်း အက်ဒ်ဝက်ဒ်ဝုဒ်ဟာ အရာရာတိုင်းကို သူ့နည်းသူ့ဟန် အတိုင်းသာ လုပ်ဆောင်ခဲ့ပြီး ဖာဂူဆန်နဲ့ ဂီးလ်တို့ ဆီကနေလည်း အကြံပြုချက်တွေ တောင်းခံခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

ဒါပေမယ့် လက်ရှိမှာ မန်ချက်စတာယူနိုက်တက်ကို ဖာဂူဆန် ပြန်ရောက်လာခြင်းကြောင့် ပရိသတ်တွေရဲ့ အမြင်က ၂ မျိုး ကွဲသွားခဲ့ပါတယ်။ တစ်ဖက်မှာ “ဖာဂူဆန်ရဲ့ ခေတ်ကုန်သွားပြီ။ ဖယ်ပေးလိုက်ပါတော့။” ဆိုပြီး သဘောမကျသူတွေ ရှိနေကြသလို တစ်ဖက် မှာတော့ “နောက်ဆုံးတော့ မှန်ကန်တာကို လုပ်ခဲ့ပြီ” ဆိုပြီး ရစ်ချက်ဒ် အားနိုးလ်ကို ထောက်ခံ အားပေးကြသူတွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။


ချဲလ်ဆီးက ထွက်လာရလို့ တစ်စက္ကန့်လေးတောင် ဝမ်းမနည်းခဲ့တဲ့ အေဗရာဟမ်

ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီး ကနေ ထွက်လာရလို့ ဝမ်းမနည်းဘူးလို့ ရိုးမား အသင်းရဲ့ တိုက်စစ်မှူး တမ်မီ အေဗရာဟမ်က ပြောကြားလိုက်ပါတယ်။

အသက် ၂၄ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟာ ချဲလ်ဆီး အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီကမှ ရိုးမား အသင်းကို ပေါင် ၃၄ သန်းနဲ့ ပြောင်းရွှေ့ ကစားခဲ့သူ ဖြစ်ပါတယ်။ အေဗရာဟမ်ရဲ့ အပြောင်းအရွှေ့ဟာ ချဲလ်ဆီးတို့ လူကာကူကို အင်တာမီလန် ကနေ ပေါင် ၉၇.၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ အတွက် အတိုင်းအတာ တစ်ခု အထိ သက်ရောက်မှု ရှိခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။

တစ်ဖက်မှာ လူကာကူ ရုန်းကန်နေရချိန်မှာ အေဗရာဟမ် ကတော့ ရိုးမားမှာ လျင်လျင်မြန်မြန် အသားကျခဲ့ပြီး ပြိုင်ပွဲစုံ ၅၃ ပွဲကစားရာမှာ ၂၇ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို မော်ရင်ဟိုရဲ့ အသင်းကို ယူရိုပါကွန်ဖရင့်လိဂ် ချန်ပီယံ ဖြစ်ဖို့လည်း ကူညီနိုင်ခဲ့ပါတယ်။

Corriere dello Sportနဲ့ အင်တာဗျူးမှာ အေဗရာဟမ်က “ဘယ်တုန်းကမှ ဝမ်းမနည်းခဲ့ပါဘူး။ တစ်စက္ကန့်လောက်တောင် ဝမ်းမနည်းခဲ့ပါဘူး။ ရိုးမားကို ရွေးချယ်ခဲ့တာဟာ ကျွန်တော့် ဘဝရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေထဲက တစ်ခုပါ။”လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

စာချုပ်ပါ သဘောတူညီချက်အရ ချဲလ်ဆီးတို့ ပေါင် ၆၇ သန်းနဲ့ ပြန်လည် ခေါ်ယူခွင့် ရှိနေပေမယ့် အေဗရာဟမ် ကတော့ ရိုးမား အတွက်ပဲ အာရုံစိုက်ထားတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သတ်လို့ “ကျွန်တော် ပစ္စုပ္ပန်လောက် အနာဂတ်ကို ကြိုမတွေးတတ်ပါဘူး။ အခုလက်ရှိမှာ ရာသီသစ် အတွက်ပဲ အာရုံစိုက်ထားပါတယ်။ ပွဲဦးထွက် ရာသီထက် ပိုပြီး အောင်မြင်မှုတွေ လိုချင်ပါတယ်” လို့ အေဗရာဟမ်က ဆက်လက် ပြောကြားသွားခဲ့ပါတယ်။


မက်ဒီဆင်ကို ဆောင်းရာသီမှာ စာချုပ်သစ် ချုပ်မယ့် လက်စတာ

ပရီးမီးယားလိဂ် ကလပ် လက်စတာစီးတီး ကတော့ သူတို့ အသင်းရဲ့ ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင်ကို လာမယ့် ဆောင်းရာသီမှာ စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ 

အသက် ၂၅ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူဟာ လက်စတာစီးတီးနဲ့ စာချုပ်သက်တမ်း ၂ နှစ်နီးပါးသာ ကျန်ရှိတော့တာကြောင့် အသင်းဘက်က သူ့ကို ဆက်ထိန်းထားနိုင်ဖို့ စာချုပ်သစ် ချုပ်ချင်နေတာ ဖြစ်ပါတယ်။ လက်စတာစီးတီးဟာ ပြီးခဲ့တဲ့ ၂၀၂၀ ဩဂုတ်ကမှ မက်ဒီဆင်ကို စာချုပ် သက်တမ်းတိုးထားခဲ့တာ ဖြစ်ပြီး လက်ရှိ ဗာဒီနဲ့ ဂိုးသမား ရှမိုက်ကယ် ပြီးရင် လစာ အများဆုံး ရရှိနေသူလည်း ဖြစ်ပါတယ်။

မက်ဒီဆင်ဟာ ပရီးမီးယားလိဂ် ကလပ်နဲ့ ၄ နှစ်တာ ကာ အတွင်း ပြိုင်ပွဲစုံ အရပ်ရပ် ၁၇၁ ပွဲ ကစားပြီး ၄၅ ဂိုး သွင်းယူပေးထားသူ ဖြစ်ပါတယ်။ ဘရန်ဒန်ရော့ဒ် ဂျားစ် တစ်ရာသီထက် တစ်ရာသီ ခြေစွမ်းရော မှတ်တမ်းပါ ကောင်းလာတဲ့ မက်ဒီဆင်ဟာ ပြီးခဲ့တဲ့ ရာသီက ၁၂ ဂိုးသွင်းပြီး ဖန်တီးမှု ၈ ကြိမ် ပြုလုပ်ထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်