နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် ညနေခင်း သတင်းများ (၂၈/၇/၂၀၂၂)

ဇူလိုင်လ ၂၈ ရက်နေ့ ညနေခင်းအထိ နောက်ဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဇီယက်ချ်ကို အရှုံးခံပြီး ပြန်ရောင်းထုတ်မယ့် ချဲလ်ဆီး

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ အေစီမီလန် အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ တောင်ပံ ကစားသမား ဟာကင်မ် ဇီယက်ချ်ကို ပြောင်းရွှေ့ကြေး ပေါင် ၈.၄ သန်း ရရုံနဲ့ လက်လွှတ်သွားဖို့ ရှိနေကြောင်း Daily Mail က ဖော်ပြလာပါတယ်။

ချဲလ်ဆီးဟာ ဇီယက်ချ်ကို ခေါ်ယူခဲ့စဉ်က ပေါင် ၃၄ သန်း ပေးချေခဲ့ရပေမယ့် အသင်းရဲ့ နည်းစနစ်နဲ့ အံမဝင်တဲ့ ကစားသမား တစ်ဦးရဲ့ မြင့်မားတဲ့ လုပ်ခလစာကို လျှော့ချနိုင်ဖို့ အရှုံးခံ ရောင်းချလိုနေတာ ဖြစ်ပါတယ်။ အသက် ၂၉ နှစ် အရွယ် မော်ရိုကို တိုက်စစ်မှူးဟာ လက်တလော ချဲလ်ဆီးမှာ တစ်နှစ်လုပ်ခ ပေါင် ၅ သန်း အထိ ရရှိနေပြီး အကယ်၍ စီးရီးအေ ကလပ် ကိုသာ ပြောင်းရွှေ့ ဖြစ်ခဲ့မယ် ဆိုရင်တော့ ဇီယက်ချ် အနေနဲ့ မဖြစ်မနေ လုပ်ခလစာ လျှော့ယူရတော့မှာလည်း ဖြစ်ပါတယ်။

စီးရီးအေ ချန်ပီယံ အေစီမီလန် အတွက်တော့ ဇီယက်ချ်ဟာ လက်ရှိ အပြောင်းအရွှေ့ရဲ့ အဓိက ပစ်မှတ် ကစားသမား ဖြစ်ပြီး ကလပ် ဘရုဂျက် ကတ်တလာရီကို ကြိုးပမ်းနေပေမယ့်လည်း ဇီယက်ချ်ကိုသာ ဦးစားပေး ခေါ်ယူသွားမယ်လို့ ဆိုထားပါတယ်။ ဇီယက်ချ်ကို ခေါ်ယူဖို့ အတွက် အေစီမီလန် နည်းပြ စတက်ဖနို ပီအိုလီ ကိုယ်တိုင် တွန်းအားပေးထားသလို နည်းစနစ် ဒါရိုက်တာ ပေါ်လို မာလ်ဒီနီ ကလည်း ဇီယက်ချ်ဟာ သူရဲ့ စီမံကိန်း အတွက် ပြီးပြည့်စုံတဲ့ ကစားသမား တစ်ဦး အဖြစ် သတ်မှတ်ထားပါတယ်။

၂၀၂၀ ခုနှစ်က နယ်သာလန် ကလပ် အေဂျက်စ် ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဇီယက်ချ်ဟာ ချဲလ်ဆီး အတွက် ပြိုင်ပွဲစုံ ၈၃ ပွဲ ကစားပေးထားပြီး ၁၄ ဂိုး သွင်းကာ၊ ဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ပေးထားသူလည်း ဖြစ်ပါတယ်။


“ဘူးဆို ဖရုံမသီး” တဲ့ ယူနိုက်တက်နဲ့ ဇွဲလုံးဝ မလျှော့သေးတဲ့ ရော်နယ်ဒို

လက်ကျန် စာချုပ် သက်တမ်းကို ဖျက်သိမ်းပေးပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရတဲ့ အသင်း တစ်သင်းကို ပြောင်းရွှေ့ခွင့်ပြုဖို့ အေးဂျင့် ဂျော့ဂျ် မန်းဒက်စ် ကတစ်ဆင့် ခရစ္စတီယာနို ရော်နယ်ဒိုက ယူနိုက်တက် တာဝန်ရှိသူတွေကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက် ဘက်ကတော့ ထုံးစံ အတိုင်း ရော်နယ်ဒိုကို ရောင်းထုတ်ဖို့ အစီအစဉ် မရှိကြောင်း အသင်းရဲ့ ရပ်တည်ချက်ကို ပြောင်းလဲသွားမှာ မဟုတ်သလို လက်ရှိ အချိန်ထိလည်း ကမ်းလှမ်းလာတဲ့ အသင်း မရှိသေးဘူးလို့ အကြောင်းပြန်ခဲ့ကြောင်း သိရပါတယ်။

အခြေအနေအရ ပေါ်တူဂီ တိုက်စစ်မှူးကြီး အနေနဲ့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာပဲ ဆက်ရှိနေဖို့ သေချာသလောက် ဖြစ်သွားခဲ့ပြီး သူမကန်ချင်တဲ့ ယူရိုပါလိဂ် ကိုလည်း ကြိတ်မှိတ် ကန်ရတော့မှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တော်ရုံ ဇွဲမလျှော့တတ်တဲ့ ရော်နယ်ဒိုက ယူနိုက်တက် ကနေ ထွက်ခွာလိုကြောင်း ထပ်မံ ပြောကြားခဲ့သလို သူ့ အနေနဲ့ အသင်းနေ ထွက်ခွာနိုင်ဖို့လည်း ယုံကြည်ချက် ရှိ‌နေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ရော်နယ်ဒို အနေနဲ့ အသင်းကို ပြန်လည် ရောက်ရှိကြောင်း သတင်းပို့ပြီးနောက် ထုံးစံ အတိုင်း ဆေးစစ်မှု ခံယူခဲ့တယ်လို့ သိရပါတယ်။ အဲ့နောက် ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ ဝရက်စ်ဟမ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲကို ထိုင်ကြည့်ခဲ့ပြီး သူ့ အနေနဲ့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေမယ့် ပရော်ဖက်ရှင်နယ် ပီသစွာတော့ ပြုမူနေထိုင်နေတာ တွေ့ရတယ်လို့ သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။


အပြောင်းအရွှေ့ မပိတ်ခင် တောင်ပံ ကစားသမား တစ်ဦး ထပ်ခေါ်ဦးမယ့် အာဆင်နယ်

အခြေအနေအရ ပေါ်တူဂီ တိုက်စစ်မှူးကြီး အနေနဲ့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာပဲ ဆက်ရှိနေဖို့ သေချာသလောက် ဖြစ်သွားခဲ့ပြီး သူမကန်ချင်တဲ့ ယူရိုပါလိဂ် ကိုလည်း ကြိတ်မှိတ် ကန်ရတော့မှာလည်း ဖြစ်ပါတယ်။
ညှိနှိုင်းမှု အဆင်မပြေခဲ့ပေမယ့် အသင်း ကနေ ထွက်ခွာလိုကြောင်း ထပ်ပြောခဲ့တဲ့ ရော်နယ်ဒို

ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် အသင်း အနေနဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင် တောင်ပံ ကစားသမား တစ်ဦး ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

Daily Express ရဲ့ ဖော်ပြချက် အရ ဂန်းနားတို့ရဲ့ ပစ်မှတ် စာရင်းထဲမှာ နယ်သာလန် ကလပ် ပီအက်စ်ဗွီ အင်ဟိုဗင်က ကိုဒီ ဂတ်ခ်ပို ထိပ်ဆုံးက ပါဝင်နေပြီး အခြား တစ်ဖက်

မှာလည်း ဝက်စ်ဟမ်းက ဂျရော့ဒ် ဘိုဝင်နဲ့ ဘေယန်မြူးနစ်က လီရွိုင်း ဆာနေးကို ချိတ်ဆက်လျက် ရှိကြောင်း သိရပါတယ်။

မီခယ်အာတေးတားရဲ့ အသင်းဟာ အပြောင်းအရွှေ့ အစောပိုင်း ကတည်းက တောင်ပံ ကစားသမားတစ်ဦး ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပြီး အဓိက ပစ်မှတ်တွေ ဖြစ်တဲ့ ရာဖင်ညာနဲ့ လီဆန်ဒရို မာတီနက်ဇ်တို့ နှစ်ဦးစလုံးနဲ့တော့ လွဲချော်ထားခဲ့ပါတယ်။ အက်ဒူးရော၊ အာတေးတား ပါ တောင်ပံ ကစားသမားသစ် ခေါ်ယူရေး အတွက် လက်မလျှော့ချင်သေးပုံ မရပဲ ပေါင် သန်း ၁၄၀ သုံးစွဲပြီးသည့် တိုင်အောင် နောက်ထပ် ကစားသမားသစ် တစ်ဦး ထပ်မံ ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ ဂုရု ဖာဘရီဇီယို ရိုမာနို ကတော့ အာဆင်နယ်တို့ အသက် ၂၃ နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဂက်ခ်ပိုကို ခေါ်ယူဖို့ ဆိုရင် အနည်းဆုံး ပေါင် ၃၃ သန်း ကနေ ၃၈ သန်း ကြား ပေးချေရဖို့ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ နယ်သာလန် လက်ရွေးစင် ဂက်ခ်ပိုဟာ ပြီးခဲ့တဲ့ ရာသီက ပီအက်စ်ဗွီ အတွက် ၄၇ ပွဲ ကစားရာမှာ ၂၁ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်ထားနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်