နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ နံနက်ခင်း သတင်းများ (၂၇/၇/၂၀၂၂)

ဇူလိုင် ၂၇ ရက်နေ့ နံနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လောလောဆယ် မက်ဆီကို ပြန်ခေါ်ဖို့ လုံးဝ, လုံးဝ မဖြစ်နိုင်ဘူးလို့ ဆိုလိုက်တဲ့ ဇာဗီ

လီယွန်နယ် မက်ဆီ အနေနဲ့ အခု နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကို ပြန်လာဖို့ လုံးဝ မဖြစ်နိုင်ဘူးလို့ ဘာစီလိုနာ နည်းပြ ဇာဗီက ပြောကြားလာခဲ့ပါတယ်။ လာပေါ်တာက ESPNနဲ့ အင်တာဗျူးမှာ မက်ဆီ အနေနဲ့ ကတ်တာလန် ကလပ်နဲ့ ပြန်လည် ပေါင်းစည်းနိုင်ဖွယ်ရှိတဲ့ ပုံစံမျိုး ဖြေကြားသွားတဲ့အပေါ် ခန့်မှန်းမေးမြန်းမှုတွေ ရှိလာတာကြောင့် ဇာဗက ပြန်လည် ဖြေရှင်းသွားခဲ့တာ ဖြစ်ပါတယ်။

“လီယိုမှာ စာချုပ်ရှိတယ်၊ ဒါကြောင့် မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး။ မက်ဆီ အကြောင်းပြောရတာ အဓိပ္ပါယ် မရှိပါဘူး။ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ပြီး ထာဝရ အကောင်းဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ မက်ဆီရဲ့ ဇာတ်လမ်းက ဘာစီလိုနာနဲ့ မပြီးသေးဘူးလို့ ဥက္ကဌက ပြောထားပြီးသားပါ” လို့ ဇာဗီက ဆိုပါတယ်။

အဲ့ဒီနောက် ဇာဗီက “အနာဂတ်မှာ (မက်ဆီကို ပြန်လည် ခေါ်ယူရေး) မြင်တွေ့ရဖို့တော့ ရှိပါတယ်။ ဒါပေမယ့် အခုအချိန်ဟာ လီယို အကြောင်း ပြောရမယ့် အချိန်မဟုတ်ပါဘူး။ အခု လက်ရှိ ငါတို့မှာ ရှိနေတဲ့ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ကစားသမားတွေ အကြောင်း ပြောရမယ့် အချိန်ပါ” လို့ ပြောကြားသွားခဲ့ပါသေးတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီက လာလီဂါ ကလပ်ကို စွန့်ခွာပြီး လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီမှာ ပြောင်းရွှေ့ ကစားနေသူ ဖြစ်ပါတယ်။ အာဂျင်တီးနား အသင်းခေါင်းဆောင် အနေနဲ့ လာမယ့် နွေရာသီမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပေမယ့် စာချုပ်ပါ အချက်အလက်တွေ အရ ပြင်သစ် ကလပ် ဘက်က တစ်နှစ် သက်တမ်းတိုးခွင့် ရှိနေပါတယ်။ သတင်းတွေ အရ ဆိုရင် အသက် ၃၅ နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ပြီးမှ သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။


ရော်နယ်ဒိုကို ခေါ်ယူဖို့ ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ ပြောလာတဲ့ ဆီရီဇို

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူဖို့ ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ အက်တလက်တီကိုမက်ဒရစ် ဥက္ကဌ အင်းနရစ်ခ် ဆီရီဇိုက ပြောကြားလာခဲ့ပါတယ်။

အစောပိုင်းမှာ ယူနိုက်တက်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးပြီး ခရစ္စတီယာနို ရော်နယ်ဒို ကလည်း သူ လက်ရှိ ရနေတဲ့ တစ်ပတ် လုပ်ခ ပေါင် ၃၆၀၀၀၀ကို လျှော့ယူသွားမယ် ဆိုရင် လာလီဂါ ကလပ် ဘက်က ခေါ်ယူဖို့ အသင့် ရှိနေတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။

လာလီဂါ
ဗယ်လာဒိုလစ်
ဗီလာရီးယဲလ်
1X2 ဗီလာရီးယဲလ် @ 2.08
ဂိုးပေါ် 2.50 @ 2.04
ဂိုးပေါင်း 2-3 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကောလာဟလတွေနဲ့ ပတ်သတ်လို့ ဆီရီဇီုက “ဒါဟာ လုံးဝ မမှန်ကန်ပါဘူး။ သူ့ အနေနဲ့ အက်တလက်တီကိုမက်ဒရစ်ကို လာဖို့ ဆိုတာ လက်တွေ့မှာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၇ နှစ် အရွယ် ပေါ်တူဂီ တိုက်စစ်မှူးကြီးဟာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ယူနိုက်တက် တာဝန်ရှိသူတွေနဲ့ ဆွေးနွေး ညှိနှိုင်းဖို့ မနေ့ကတည်းက မန်ချက်စတာကို ပြန်လည် ရောက်ရှိနေခဲ့ပေမယ့် အခုချိန်ထိတော့ ထူးခြားမှု မရှိသေးဘူးလို့ သိရပါတယ်။

ရော်နယ်ဒို ယူနိုက်တက် ကနေ ထွက်ခွာလိုခြင်းရဲ့ အဓိက အကြောင်းအရင်း ကတော့ ချန်ပီယံလိဂ် ကစားချင်သလို ကလပ်ရဲ့ အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေ အပေါ်မှာ အားမရတာကြောင့် ဖြစ်ပြီး သူ့ အတွက် သင့်လျော်တဲ့ ကမ်းလှမ်းမှု ရှိလာရင်ကို ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် တာဝန်ရှိသူတွေ အပါအဝင် နည်းပြ တန်ဟက်ဂ် ကိုယ်တိုင်က ရော်နယ်ဒိုဟာ ရောင်းချဖို့ မဟုတ်ကြောင်းနဲ့ လာမယ့် ရာသီမှာ ရော်နယ်ဒို အတွက် အစီအစဉ်တွေ ရှိကြောင်း ပြောကြားထားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ၂၀၀၉ ကနေ ၂၀၁၈ ခုနှစ် အထိ လာလီဂါ ကလပ် ရီးရဲယ်မက်ဒရစ်မှာ ၉ ရာသီ ကစားခဲ့ပြီး ဆုဖလားနဲ့ တစ်ဦးချင်း အောင်မြင်မှု များစွာ ရရှိခဲ့သူ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ရီးရဲယ်မက်ဒရစ်ရဲ့ မြို့ခံပြိုင်ဘက် အက်တလက်တီကို မက်ရစ် ပရိသတ်တွေနဲ့ ပြသနာများစွာ ရှိခဲ့ပြီး လက်ရှိ အချိန်ထိလည်း သူ့ကို မုန်းတီးနေကြသလို မခေါ်ယူဖို့ အတွက်လည်း ကန့်ကွက် ဆန္ဒ ပြနေဆဲ ဖြစ်ပါတယ်။


ဘီရဲယ်ဆာရဲ့ ကျေးဇူးရှိကြောင်း ထုတ်ဖော် ပြောကြားလာတဲ့ ရာဖင်ညာ

ရာဖင်ညာဟာ လက်ရှိ နွေရာသီမှာ ပြောင်းရွှေ့ကြေး+အပိုဆုကြေး ပေါင် ၅၅ သန်းနဲ့ လိဒ်စ်ယူနိုက်တက် ကနေ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး လာလီဂါ ကလပ်ကို ရောက်ရောက်ချင်းမှာပဲ ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။
ဘာစီလိုနာ အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာ တောက်လျောက် ခြေစွမ်းပြနေတဲ့ ရာဖင်ညာ

ဘာစီလိုနာကို ပြောင်းရွှေ့ဖို့နဲ့ ဘရာဇီးလ် လက်ရွေးစင် ဖြစ်လာဖို့ အတွက် မာဆယ်လို ဘီရဲယ်ဆာက အများကြီး ကူညီပေးခဲ့တယ်လို့ ရာဖင်ညာက ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ အသက် ၂၅ နှစ် အရွယ် ဘရာဇီးလ် တောင်ပံ ကစားသမားဟာ ၂၀၂၀-၂၁ ဘောလုံးရာသီက လီဂူးဝမ်း ကလပ် ရန်းစ် ကနေ လိဒ်စ်ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် မာဆယ်လို ဘီရဲယ်ဆာ လက်အောက်မှာ ၂ ရာသီနီးပါး ကစားခဲ့သူ ဖြစ်ပါတယ်။

စပိန် သတင်းစာ Mundo Deportivoနဲ့ အင်တာဗျူးမှာ ရာဖင်ညာက “မာဆယ်လို ဘီရဲယ်ဆာက ကျွန်တော် လိဒ်စ်ယူနိုက်တက်ကို စရောက်ချိန်ကတည်းက ကူညီခဲ့တဲ့ နည်းပြ တစ်ဦးပါ။ သူက အမြဲတမ်း ပိုပြီး လိုချင်တယ်။ အမြင့်ဆုံး စွမ်းဆောင်ရည်ကို အမြဲတမ်း လိုချင်တယ်။ သူဟာ ကျွန်တော့်ကို လက်ရွေးစင် အသင်းကို ရောက်အောင်၊ ဘာဆာကို ရောက်အောင် ကူညီပေးခဲ့ပါတယ်။ သူ့ရဲ့ အသင်းလိုက်ရော၊ တစ်ဦးချင်း သင်ကြားမှုတွေ ကြောင့်သာ မဟုတ်ရင် ကျွန်တော် ဒီနေရာမှာ ရှိနေနိုင်မယ် မထင်ပါဘူး။

ရာဖင်ညာဟာ လက်ရှိ နွေရာသီမှာ ပြောင်းရွှေ့ကြေး+အပိုဆုကြေး ပေါင် ၅၅ သန်းနဲ့ လိဒ်စ်ယူနိုက်တက် ကနေ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး လာလီဂါ ကလပ်ကို ရောက်ရောက်ချင်းမှာပဲ ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ အင်တာမိုင်ယာမီနဲ့ ခြေစွမ်းမှာ ၁ ဂိုးသွင်းပြီး ၂ ဂိုး ဖန်တီးနိုင်ခဲ့သလို ရီးရဲယ်မက်ဒရစ်နဲ့ ပွဲမှာလည်း ဘာဆာ အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို လှလှပပ သွင်းယူပေးနိုင်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်