နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ | လာလီဂါ

အခုတစ်ခါ မှာတော့ ဒီကနေ့ ညနေပိုင်း အထိ ရရှိထားသမျှ လာလီဂါ ထိပ်သီး ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အင်နီဂို မာတီနက်ဇ်ကို ပြောင်းလဲ ကြိုးပမ်းနေတဲ့ ဘာဆာ

ဘာစီလိုနာ အသင်း ကတော့ ဂျူးလ်စ် ကွန်ဒေးကို ခေါ်ယူဖို့ မျှော်လင့်ချက် နည်းသွားခဲ့ပြီ ဖြစ်တာကြောင့် နောက်ထပ် လာလီဂါ ပြိုင်ဘက် ဘီလ်ဘာအို အသင်းရဲ့ စပိန် ခံစစ်မှူး အင်နီဂို မာတီနက်ဇ်ကို ပြောင်းလဲ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ တချိုု့ သတင်းတွေမှာတော့ ဘာစီလိုနာတို့ အသက် ၃၁ နှစ် အရွယ် စပိန် လက်ရွေးစင်ကို ခေါ်ယူဖို့ အရမ်းကို နီးစပ်နေပြီး ၄ နှစ် စာချုပ်ချုပ်ဖို့တောင် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရပြီးပြီလို့ ဖော်ပြနေတာ တွေ့ရပါတယ်။

ဘီလ်ဘာအို သတင်းထောက် မွန်ဂျေး ကတော့ ဘာစီလိုနာ အားကစား ဒါရိုက်တာ အလီမန်နီဟာ အင်နီဂို မာတီနက်ဇ်ရဲ့ အပြောင်းအရွှေ့ကို စတင် ဆွေးနွေးဖို့ ဘီလ်ဘာအို ဥက္ကဌ ယူရီအာတီကို တိုက်ရိုက် ဆက်သွယ်ထားကြောင်း အတည်ပြုထားပါတယ်။ အဓိက ကတော့ ဘီလ်ဘာအို ကသာ ကစားသမားရဲ့ စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၈၀ ကို မတောင်းဆိုခဲ့ရင် ကျေနပ်လောက်တဲ့ ပမာဏ တစ်ခုနဲ့ ကမ်းလှမ်းသွားဖို့ ရှိတယ် ဆိုပြီး အကြောင်းကြားထားခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေအရ ဆိုရင် ဘီလ်ဘာအို ကတော့ သူတို့ရဲ့ ကစားသမား အတွက် ယူရို သန်း ၈၀ မဟုတ်ရင်တောင် သန်း ၆၀ တော့ အနည်းဆုံး လိုချင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ကစားသမား ကိုယ်တိုင်က အသက်အရွယ် အရ ဆုဖလား အောင်မြင်မှု ရဖို့ နီးစပ်တဲ့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်တာကြောင့် ဘာစီလိုနာတို့ ရက်ပိုင်း အတွင်း မာတီနက်ဇ်ကို လျှော့ဈေးနဲ့ ခေါ်ယူသွားနိုင်ဖွယ် ရှိနေပါတယ်။


ဘာဆာကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရတဲ့ တူချယ်

လာလီဂါ ကလပ် ဘာစီလိုနာကို ပြောင်းရွှေ့ချင်နေတဲ့ ဆီဇာ အက်ဇ်ပီလီကွယ်တာရဲ့ တောင်းဆိုမှု ကိုတော့ ချဲလ်ဆီး နည်းပြ သောမက်စ်တူချယ်က လိုက်လျောလိုခြင်း မရှိဘူးလို့ သိရပါတယ်။
ခရစ္စတန်ဆန် ကို ခေါ်ယူပြီးနောက် အက်ဇ်ပီလီကွယ်တာကိုပါ ထပ်ပြီး ခေါ်ယူချင်နေတဲ့ ဘာစီလိုနာ

လာလီဂါ ကလပ် ဘာစီလိုနာကို ပြောင်းရွှေ့ချင်နေတဲ့ ဆီဇာ အက်ဇ်ပီလီကွယ်တာရဲ့ တောင်းဆိုမှု ကိုတော့ ချဲလ်ဆီး နည်းပြ သောမက်စ်တူချယ်က လိုက်လျောလိုခြင်း မရှိဘူးလို့ သိရပါတယ်။ ဘာစီလိုနာက တောက်လျောက် ချိတ်ဆက်နေသလို ၃၂ နှစ် အရွယ် စပိန် နောက်ခံလူ ကလည်း လစာလျှော့ယူပြီးတောင် နူးကမ့်ပ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းမှာ ဘာစီလိုနာတို့ ချဲလ်ဆီး နောက်ခံလူ တစ်ဦး ဖြစ်တဲ့ ခရစ္စတန်ဆန်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာကြောင့် အက်ဇ်ပီလီကွယ်တာ ကိုလည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှု အသုံးချပြီး နူးကမ့်ပ်ဆီ အပါ ခေါ်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

ဒီအခြေအနေ ပတ်သတ်လို့ တူချယ် ကတော့ တော်တော်လေး ဒေါသထွက်နေခဲ့ပြီး သူ့ရဲ့ ကစားသမားကို ဈေးပေါပေါနဲ့ ထွက်ခွာခွင့်ပေးဖို့ ဆန္ဒမရှိသလို ဘာစီလိုနာရဲ့ ကြိုးပမ်းမှုတွေကြောင့်လည်း အနည်းငယ်တော့ စိတ်အနှောင့်အယှက် ဖြစ်နေရတယ်လို့လည်း ပွင့်ပွင့်လင်းလင်း ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် တူချယ်က သူ့အနေနဲ့ အက်ဇ်ပီလီကွယ်တာကို ဘယ်လိုမျိုး သဘောထားတယ် ဆိုတာနဲ့ ဘာစီလိုနာရဲ့ သဘောထားပုံကို နှိုင်းယှဉ်ပြခဲ့ပြီး နောက်ဆုံး မှာတော့ သူ့အနေနဲ့ အက်ဇ်ပီလီကွယ်တာ တောင်းဆိုတာကို လိုက်လျောချင်ရဲ့လား ဆိုတာ မသေချာဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။


တိုက်စစ်မှူး လိုအပ်နေတဲ့ ဒေါ့မန်နဲ့ သတင်းထွက်နေတဲ့ အသင်း လက်မဲ့ ဆွာရက်ဇ်

ဘွန်ဒက်စ်လီဂါ ထိပ်သီး ဒေါ့မန်တို့ ဥရုဂွေး ဝါရင့် တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်ကို လာမယ့် ရက်ပိုင်း အတွင်း ခေါ်ယူသွားဖို့ ရှိနေတယ်လို့ စပိန် သတင်းဌာန Football ESPANA က ဖော်ပြခဲ့ပါတယ်။ တကယ်တော့ လာလီဂါ ကလပ် အက်သလက်တီကိုမက်ဒရစ်နဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ လူးဝစ် ဆွာရက်ဇ်က ဒေါ့မန်ကို ပြောင်းရွှေ့ကစားခွင့်ရဖို့ အရင်ဆုံး ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ဆွာရက်ဇ်ဟာ မေဂျာလိဂ် အပါအဝင် တောင်အမေရိက ကလပ် တော်တော်များများရဲ့ ကမ်းလှမ်းမှုတွေ ရရှိထားပေမယ့် ဥရောပမှာပဲ ဆက်ကစားလိုတာကြောင့် သူ့ကို ခေါ်ယူဖို့ အတွက် ဂျာမန် ကလပ်ကို ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆွာရက်ဇ်ဟာ ဥရုဂွေး အသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ကစားချင်တာကြောင့် ဒေါ့မန်လို ပုံရိပ် ရှိတဲ့ အသင်း တစ်သင်းကို ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒေါ့မန် ကလည်း ဟာလန်းရဲ့ နေရာမှာ အစားထိုးဖို့ ဆဘက်ရှန် ဟော်လာကို ခေါ်ယူထားပေမယ့် အိုင်ဗရီကို့စ် တိုက်စစ်မှူးဟာ ဝှေးစေ့အကြိတ်ရောဂါ ခံစားနေရတာကြောင့် မဖြစ်မနေ တိုက်စစ်မှူး တစ်ဦး ထပ်မံ ခေါ်ယူဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒီအခြေအနေအရ အသက်အရွယ် ကြီးပေမယ့် ခြေစွမ်း ကောင်းနေဆဲ ဖြစ်သလို အတွေ့အကြုံလည်း ရှိတဲ့ ဥရုဂွေးသားဟာ ဒေါ့မန်ရဲ့ တိုက်စစ် လိုအပ်ချက် အတွက် ရေတို ရွေးချယ်မှု ဖြစ်လာနိုင်ပြီး ဆွာရက်ဇ်ကို အဝါရောက် ဂျာဆီနဲ့ အမှန်တကယ် မြင်တွေ့ရမလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

လက်တလော နည်းပြသစ် တာဇစ်ရဲ့ ဒေါ့မန် ကတော့ ရာသီကြို ခြေစမ်းပွဲ ရလဒ်တွေ တော်တော်လေး ဆိုးရွားနေပြီး လာလီဂါ ကလပ်တွေ ဖြစ်တဲ့ ဗလင်စီယာနဲ့ ဗီလာရီးရဲယ် တို့ကို နှစ်ပွဲဆက် ဂိုးပြတ်တွေချည်း ရှုံးနိမ့်ထားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်