နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ (၂၃/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၂၃ ရက်နေ့ အထိ ရရှိထားသမျှ စိတ်ဝင်စားစရာ ဘွန်ဒက်စ်လီဂါ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လာမယ့် နွေရာသီမှာ ဟယ်ရီကိန်းကို ကမ်းလှမ်းမယ့် ဘေယန်မြူးနစ်

ဘေယန်မြူးနစ်ဟာ လာမယ့် နွေရာသီမှာ ဟယ်ရီကိန်းကို ပစ်မှတ်ထား ခေါ်ယူ သွားလိမ့်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ လက်ရှိ အင်္ဂလန် အသင်းခေါင်းဆောင်ကို နှစ်စဉ် ဥရောပ ထိပ်တန်း အသင်းကြီး အများစုက စောင့်ကြည့်ခဲ့ကြပြီး ပြီးခဲ့တဲ့ ရာသီ ကလည်း မန်ချက်စတာစီးတီးနဲ့ သတင်းတွေ ထွက်ခဲ့ဖူးသူ ဖြစ်ပါတယ်။

လက်ရှိ နွေရာသီမှာ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်က လီဝမ်ဒေါစကီးကို လက်လွှတ် ထားရပြီး အထောင်တိုက်စစ် နေရာ အတွက် ကစားသမားသစ် တစ်ဦး ပြန်လည် အစားထိုးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ နွေရာသီမှာတော့ ဘေယန်မြူးနစ်တို့ အထောင် တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူသွားမှာ မဟုတ်ကြောင်း ပြောကြားထားခဲ့ပါတယ်။

ဘန်ဒက် လီဂါ
ဖရန့်ဖတ်
ဘိုင်ယန်မြူးနစ်
1X2 ဖရန့်ဖတ် @ 5.20
ဘိုင်ယန်မြူးနစ် အာရှ အကျောပေး -1.50 @ 2.14
ဂိုး‌အောက် 3.25 @ 2.11
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂျာမန် သတင်းစာတွေရဲ့ ဖော်ပြချက် အရ ဘေယန်မြူးနစ်ဟာ လက်ရှိ နွေရာသီမှာတင် ဟယ်ရီကိန်းကို ဆက်သွယ်ခဲ့ပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ အတွက် ချဉ်းကပ်ခဲ့တယ်လို့ သိရှိရပါတယ်။ ဒီလိုချဉ်းကပ်ခဲ့တဲ့ နေရာမှာ ဟယ်ရီကိန်း ဘက်ကလည်း အပေါင်း လက္ခဏာ ဆောင်တဲ့ တုံ့ပြန်မှု ရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့်လည်း လာမယ့် နွေရာသီမှာ ဘေယန်မြူးနစ်တို့ ဟယ်ရီကိန်းကို ပစ်မှတ်ထားလာဖို့ ရှိပြီး အင်္ဂလန်သား အနေနဲ့လည်း လာမယ့် ရာသီသစ်မှာ စပါးနဲ့ ဆုဖလား အောင်မြင်မှု မရရှိသေးရင်တော့ ကျိန်းသေပေါက် မြောက်လန်ဒန်ကို စွန့်ခွာဖွယ် ရှိနေတယ်လို့လည်း ခန့်မှန်းမှုတွေ ရှိနေပါတယ်။


ဒေါ့မန်နဲ့ စာချုပ် သက်တမ်းတိုးဖို့ မသေချာသေးဘူးလို့ ဟမ်းမဲလ် ဖွင့်ဟ

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ရဲ့ နောက်ခံလူ မတ် ဟမ်းမဲလ်ဟာ လာမယ့် နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် စာချုပ် သက်တမ်း တိုးဖို့ မသေချာသေးဘူးလို့ ပြောကြားလာပါတယ်။

အသက် ၃၃ နှစ် အရွယ် ဂျာမန် ဗဟို ခံစစ်မှူး ဟာ ဘေယန်မြူးနစ်နဲ့ ဒေါ့မန် နှစ်သင်းထဲကို ကူးချီသန်းချီ ကစားခဲ့သူလို့လည်း ပြောလို့ ရပြီး ဒေါ့မန် အတွက် ကိုတော့ ပြိုင်ပွဲစုံ ပွဲပေါင်း ၃၂၆ ပွဲအထိ ကစားပေးထားခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ရဲ့ နောက်ခံလူ မတ် ဟမ်းမဲလ်ဟာ လာမယ့် နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် စာချုပ် သက်တမ်း တိုးဖို့ မသေချာသေးဘူးလို့ ပြောကြားလာပါတယ်။
ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် အတွက် ပွဲပေါင်း ၃၂၆ ပွဲ ကစားပေးထားတဲ့ မတ် ဟမ်းမဲလ်

သူ့ရဲ့ အနေအထားနဲ့ ပတ်သက်လို့ ဟမ်းမဲလ်က “ကျနော် ဆဘက်ရှန် ခါးလ် (ဒေါ့မန် အားကစား ဒါရိုက်တာ)နဲ့ စကားပြောခဲ့ပြီးပါပြီ။ ကျနော့် အနေနဲ့ ဒေါ့မန်မှာ နေရာ ရနိုင်မယ်ဆိုရင် ကျနော် အခု ချက်ချင်း စာချုပ် သက်တမ်း တိုးပါမယ်။ ဒါပေမယ့် အခုတော့ အဲ့ဒီလို မဟုတ်ပါဘူး။ နှစ်ဖက်စလုံးက ဒီကိစ္စ အတွက် အေးအေးဆေးဆေး စဉ်းစားဖို့ လိုအပ်နေပြီလို့ ကျနော် ထင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။


မနှစ်တည်းက လစ်ဗာပူးလ် ကနေ ထွက်ခွာခွင့် တောင်းခဲ့တဲ့ ဘိုင်ယန် ကြယ်ပွင့်

ဘေယန်မြူးနစ် ကြယ်ပွင့် ဆာဒီယို မာနေးဟာ ပြီးခဲ့တဲ့နှစ် နွေရာသီတည်းက အသင်းဟောင်း လစ်ဗာပူးလ် ကနေ ထွက်ခွာခွင့် တောင်းခံခဲ့ဖူးတယ်လို့ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆီနီဂေါ ကြယ်ပွင့်ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ကမှ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် အသင်းထံ ပေါင် ၂၈ သန်းနဲ့ ပြောင်းရွှေ့နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပူပူနွေးနွေး အာဖရိကရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရထားတဲ့ မာနေးဟာ လစ်ဗာပူးလ်မှာ ကစားသမားဘဝ ၆ နှစ် ကြာ ကာလကို ဖြတ်သန်းခဲ့ပြီး စိန်ခေါ်မှု အသစ်တွေ ရှာဖွေချင်တာကြောင့် နောက်ထပ် အသင်းသစ် တစ်သင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ နှစ်မှာ ကျနော် လစ်ဗာပူးလ် ကနေ ထွက်ဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ စိန်ခေါ်မှု အသစ်တွေ ကျနော့် ဘဝအတွက် လိုအပ်လို့ပါ။ ကျနော့် အတွက် အဲ့ဒီအချိန်က မှန်ကန်တဲ့ အချိန် ဖြစ်ခဲ့ပါတယ်။ ကျနော် ကလော့ပ်နဲ့ စကားပြောခဲ့ပြီး ကျနော့် ဆန္ဒကို ပြောပြ ခဲ့ပါသေးတယ်” လို့ မာနေးက ဆိုခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်