နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ (၂၁/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၂၁ ရက်နေ့ အထိ ရရှိထားသမျှ စိတ်ဝင်စားစရာ ဘွန်ဒက်စ်လီဂါ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 


ခံစစ်မှူး အသစ် ဒီလစ်ဂျ်ကို တရားဝင် မိတ်ဆက်သွားတဲ့ ဘေယန်မြူးနစ် 

ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် ကတော့ ဂျူဗင်တပ်စ် ကနေ ခေါ်ယူထားတဲ့ မားသီးယက်စ် ဒီလစ်ဂျ်ကို တရားဝင် မိတ်ဆက်သွားခဲ့ပါတယ််။

အသက် ၂၂ နှစ် အရွယ် နယ်သာလန် ဗဟိုခံစစ်မှူး အတွက် ဘေယန်မြူးနစ်တို့ ပြောင်းရွှေ့ကြေး ပေါင် ၆၈ သန်း အသုံးပြုခဲ့ရပြီး ရောဘတ်လီဝမ်ဒေါစကီးရဲ့ ဘာစီလိုနာ အသင်းထံ ရောင်းရငွေ ယူရို သန်း ၅၀ ဟာ ဒီလစ်ဂျ်ရဲ့ အပြောင်းအရွေ့ အတွက် တစ်စိတ်တစ်ပိုင်း အရေးပါခဲ့ပါတယ်။ ဒီလစ်ဂျ် ဟာ ဘေယန်မြူးနစ်နဲ့ ၅ နှစ် သက်တမ်းရှိ စာချုပ် တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီး ဂျာမန် ထိပ်သီး အသင်းမှာ ၂၀၂၇ ခုနှစ် အထိ ရှိနေမှာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ဖြစ်ခဲ့တဲ့ အပေါ် ဒီလစ်ဂ်က “ဒီလို ထိပ်တန်းအသင်း တစ်သင်းရဲ့ ကစားသမား ဖြစ်ခွင့်ရတဲ့ အတွက် ကျနော် အရမ်း ပျော်ရွှင်မိပါတယ်။ ဘေယန်မြူးနစ်က ဂျာမနီရဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်သလို ဥရောပနဲ့ ကမ္ဘာပေါ်က အအောင်မြင်ဆုံး အသင်းတွေ ထဲက တစ်သင်းပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

တစ်ဖက်မှာတော့ ဂျူဗင်တပ်စ်တို့ ဒီလစ်ဂျ်ကို လက်လွှတ်ခဲ့ရပြီး နာရီပိုင်း အတွင်းမှာပဲ အင်တာမီလန်ကို ရောက်ရှိဖို့ နီးစပ်နေတဲ့ ဘရာဇီးလ် နောက်ခံလူ ဂလိုင်ဆင် ဘရီမာကို ခေါ်ယူနိုင်ခဲ့ပါတယ်။ ဘရီမာကို အင်တာမီလန်က ခေါ်ယူဖို့ လက်တကမ်းသာ လိုတော့တဲ့ အချိန်မှာ ဂျူဗင်တပ်စ်က ကြားဖြတ် ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်တို့ ဒီလစ်ဂျ်ကို ပေါင် ၅၉ သန်းနဲ့ ရောင်းချခဲ့ပေမယ့် ဘရီမာ အတွက် ကိုတော့ ပေါင် ၃၄ သန်းသာ ပေးချေခဲ့ရတာ ဖြစ်ပါတယ်။ 


ဒေါ့မန် နောက်ခံလူကို ခေါ်ယူဖို့အတွက် ချဉ်းကပ်ခံခဲ့ရတဲ့ အာဆင်နယ်

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ရဲ့ တာဝန်ရှိသူတွေဟာ သူတို့ အသင်းရဲ့ ဗဟိုနောက်ခံလူ အကန်ဂျီကို ခေါ်ယူဖို့ အတွက် အာဆင်နယ် အသင်းဆီ ချဉ်းကပ်ခဲ့တယ်လို့ သိရပါတယ်။ နည်းပြ တာဇစ်ရဲ့ အနာဂတ် စီမံကိန်းမှာ မပါဝင်တော့တဲ့ အသက် ၂၇ နှစ် အရွယ် ဆွစ်ဇာလန် ခံစစ်မှူး မန်ဝဲလ် အာကန်ဂျီဟာ လက်တလော ရာသီကြို ခြေစမ်း ပွဲခရီးစဉ် ကစားသမား စာရင်း ကနေ ချန်လှပ်ခံခဲ့ရသူ ဖြစ်ပါတယ်။ လာမယ့် ရာသီ အတွက်လည်း ဒေါ့မန် အသင်းရဲ့ ကစားသမား စာရင်း ကနေပါ ဖယ်ထုတ်ခံရဖို့ ရှိနေသူလည်း ဖြစ်ပါတယ်။ 

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
ဝူဗာဟမ်တမ်
1X2 သရေ @ 3.15
ဂိုးပေါ် 2.50 @ 2.00
ဂိုးပေါင်း 0-1 @ 3.25
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘွန်ဒက်စ်လီဂါ ကလပ်ဟာ အာကန်ဂျီကို အသင်း ကနေ ရှင်းထုတ်လိုတာကြောင့် အာဆင်နယ် အသင်းထံ ဆက်သွယ် ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ဒီမတိုင်ခင် ဗဟိုနောက်ခံလူ ရှာဖွေနေတဲ့ ချဲလ်ဆီးကို ကမ်းလှမ်းခဲ့သေးပေမယ့် ပြတ်ပြတ်သားသား ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိ အာဆင်နယ်ရဲ့ နောက်တန်း မှာ ဆလီဘာ၊ ဘန်ဝှိုက်၊ ဂါဘရီရယ်၊ ဟိုးလ်ဒင်းနဲ့ မာရီတို့ ရှိနေသလို အာကန်ဂျီ အတွက် ဒေါ့မန်တို့ သတ်မှတ်ထားတဲ့ ပေါင် သန်း ၂၀ ဆိုတဲ့ တန်ကြေး ကိုလည်း အာဆင်နယ်တို့ ပေးချေလိုခြင်း မရှိဘူးလို့ သိရပါတယ်။


အားပေးမှုတွေ အတွက် ကျေးဇူးတင်ကြောင်း ဒေါ့မန် တိုက်စစ်မှူး ဟော်လာ ပြောကြား

ဝှေးစေ့ အကျိတ် ကင်ဆာရောဂါကို ခံစားနေရတဲ့ ဒေါ့မန် တိုက်စစ်မှူး ဟော်လာက သူ့ကို အားပေးခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒီကစားသမားဟာ တနင်္လာ မနက်ပိုင်းမှာ နေထိုင်မကောင်း ဖြစ်ခဲ့တာကြောင့် ဆေးစစ်ရာမှ တစ်ဆင့် အခုလိုမျိုး ရောဂါကို ရှာဖွေ တွေ့ရှိခဲ့တာပါ။ 

ဟော်လာဟာ အဲ့ဒါကြောင့်လည်း ဆွစ်ဇာလန် ကနေ ဂျာမနီကို ပြန်သွားခဲ့ရပြီး ဒီကစားသမား အနေနဲ့ လိုအပ်တဲ့ ဆေးစစ်မှုတွေ၊ ဆေးကုသမှုတွေကို ခံယူရမှာ ဖြစ်ပါတယ်။ ဟော်လာက “မနေ့က ကြေညာချက် ထုတ်ပြန်ပြီး နောက်ပိုင်း အားပေးတဲ့ မက်ဆေ့ချ်တွေ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော်နဲ့ ကျနော့် မိသားစုက ခင်ဗျားတို့ကို ကျေးဇူးတင်နေမှာပါ။ အခု ကျနော် နေပြန်ကောင်းဖို့၊ သန်သန်မာမာနဲ့ ပြန်လာနိုင်ဖို့ကို အာရုံစိုက်နေပါတယ်” လို့ တွစ်တာက တစ်ဆင့် ပြောကြားခဲ့ပါတယ်။

ဟော်လာဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှ အေဂျက်စ် ကနေ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့ ရာသီမှာလည်း အေဂျက်စ် အတွက် ဂိုးသွင်း ခြေစွမ်းပြခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်