နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ | လာလီဂါ

အခု ဆက်လက်ပြီး ဒီကနေ့ ညနေပိုင်း အထိ ရရှိထားသမျှ လာလီဂါ ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားဦးမှာ ဖြစ်ပါတယ်။


တိုက်စစ်မှုးတွေ ပေါနေပေမယ့် ဘာဆာရဲ့ အစွန့်ပစ်ခံ ဒီပိုင်းကို ခေါ်ဦးမယ့် စပါး

လာလီဂါ ထိပ်သီး ဘာစီလိုနာရဲ့ ပိုလျှံ ကစားသမား စာရင်းမှာ ပါဝင်နေတဲ့ မန်းဖစ် ဒီပိုင်းကို ခေါ်ယူဖို့ တော့တင်ဟမ်ဟော့စပါးတို့ စတင် လှုပ်ရှားနေပြီ ဖြစ်ကြောင်း အင်္ဂလိပ် မီဒီယာတွေက ဆက်တိုက် ဖော်ပြနေပါတယ်။ တချို့ သတင်းတွေ မှာတော့ မြောက်လန်ဒန် ကလပ်ဟာ ဒီပိုင်းကို သဘောတူညီမှု ရဖို့ အရမ်းကို နီးစပ်နေပြီ ဖြစ်ကြောင်း ဖော်ပြလျက်ရှိပါတယ်။

စပါးရဲ့ တိုက်စစ်ဟာ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ ကူလူဆက်ဗ်စကီး တို့နဲ့ တောင့်တင်းပြီးသား ဖြစ်ပေမယ့် လက်ရှိ အပြောင်းအရွှေ့မှာ ရစ်ချာလီဆင်ကို ပေါင် ၄၉ သန်းနဲ့ ခေါ်ယူထားခဲ့သလို အခုလက်ရှိ မှာလည်း ဇာဗီရဲ့ စွန့်ပစ်ခံ တိုက်စစ်မှူး ဒီပိုင်းကို ထပ်မံ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာက ဒီပိုင်းရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၂၀ သတ်မှတ်ထားပြီး စပါးက ပေါင် ၁၇ သန်းနဲ့ ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ စပိန် မီဒီယာတွေ မှာလည်း ဆက်တိုက် ဖော်ပြနေပါတယ်။ ကွန်တီရဲ့ အသင်းဟာ ဘာစီလိုနာ နောက်ခံလူ လန်းဂ်လက်ကို အငှားနဲ့ ခေါ်ယူချိန် ကတည်းက အသက် နယ်သာလန် တိုက်စစ်မှူး ဒီပိုင်းကို ခေါ်ယူဖို့ စုံစမ်းနေခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ ထိပ်သီး ဘာစီလိုနာရဲ့ ပိုလျှံ ကစားသမား စာရင်းမှာ ပါဝင်နေတဲ့ မန်းဖစ် ဒီပိုင်းကို ခေါ်ယူဖို့ တော့တင်ဟမ်ဟော့စပါးတို့ စတင် လှုပ်ရှားနေပြီ ဖြစ်ကြောင်း အင်္ဂလိပ် မီဒီယာတွေက ဆက်တိုက် ဖော်ပြနေပါတယ်။
တိုက်စစ်မှူး အများအပြား ရှိပေမယ့် ဘာဆာက ဒီပိုင်းကို အရခေါ်မယ့် စပါး

ဒီပိုင်းဟာ လာလီဂါ ထိပ်သီး အသင်းဆီ ရောက်ရှိတာ ၁ နှစ်ပဲ ရှိသေးသလို စာချုပ် သက်တမ်း ကလည်း ၁ နှစ် ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း ကတ်တာလန် ကလပ်ဟာ ရာဖင်ညာနဲ့ လီဝမ်ဒေါစကီး တို့ကို ထပ်မံ ခေါ်ယူခဲ့သလို အူစမန်နီ ဒမ်လီလီ ကိုလည်း သက်တမ်းတိုးခဲ့တာကြောင့် ပွဲထွက်ခွင့်ရဖို့ မသေချာတော့လို့ အသင်းပြောင်းဖို့ စဉ်းစားနေခဲ့ရသူ ဖြစ်ပါတယ်။ အကယ်၍ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့မယ် ဆိုရင်တော့ ဒီပိုင်းဟာ လက်ရှိ အပြောင်းအရွှေ့မှာ မြောက်လန်ဒန် ကလပ်ရဲ့ ၆ ဦးမြောက် ခေါ်ယူမှုလည်း ဖြစ်လာတော့မှာပါ။


အိုးလေဒီ တို့ရဲ့ ရေဒါထဲ ရောက်လာတဲ့ ပါအူ တောရက်စ်

လာလီဂါ ကလပ် ဗီလာရီးရဲလ်ရဲ့ စပိန် နောက်ခံလူ ပါအူ တောရက်စ်ကို စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ်တို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပြန်ပါတယ်။ အဓိက ဝါရင့် နောက်ခံလူ ခီလီနီ ထွက်ခွာပြီးနောက် ဒီလစ်ဂျ် ကိုလည်း ဘေယန်မြူးနစ်ဆီ ရောင်းချလိုက်ရတာကြောင့် အိုးလေဒီတို့ ဗဟိုခံစစ်မှူး တစ်ဦး အသည်းအသန် ရှာဖွေနေရတာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၂၅ နှစ် အရွယ် စပိန် နောက်ခံလူဟာ ဂျူဗင်တပ်စ်ရဲ့ ထိပ်တန်း ပစ်မှတ် ဖြစ်နေပြီး လျှော့စျေးနဲ့ ခေါ်ယူနိုင်ဖို့ အားထုတ်နေတယ်လို့ သိရပါတယ်။ စီးရီးအေ ထိပ်သီးတို့ ပါအူ တောရက်စ် အတွက် ယူရို သန်း ၅၀ အောက်သာ ပေးချေလိုပြီး ဗီလာရီးရဲလ်တို့ လက်ခံဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ သတင်းတွေအရ ဆိုရင် ကစားသမားရဲ့ အပြောင်းအရွှေ့ အတွက် ဒီနှစ်သင်းအကြား ဆွေးနွေးမှုတွေ မကြာခင် စတင်ဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

ပါအူ တောရက်စ်ကို တခြား ဥရောပထိပ်တန်း ကလပ် တော်တော်များများ ကလည်း စိတ်ဝင်စားနေပေမယ့် ဂျူဗီက လက်ဦးမှု ရယူပြီး ခေါ်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ပါအူ တောရက်စ်ကို အစောပိုင်းက မန်ချက်စတာ မြို့ခံ နှစ်သင်းနဲ့ တော့တင်ဟမ်ဟော့စပါး တို့က စောင့်ကြည့်ခဲ့ဖူးပြီး ယူနိုက်တက် ကတော့ ဆိုးလ်ရှား လက်ထက်တုန်းက တရားဝင် ကြိုးပမ်းခဲ့ဖူးပေမယ့် ကစားသမား ကိုယ်တိုင်ရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်။


အသင်းသစ်မှာ အရမ်းကို တက်ကြွနေတဲ့ လီဝမ်ဒေါစကီး

ရောဘတ် လီဝမ်ဒေါစကီး ကတော့ စပိန်မှာ ဆေးစစ်မှု ခံယူပြီးနောက် ရာသီကြို ခြေစမ်းပွဲ ကစားဖို့ မိုင်ယာမီကို ရောက်နေတဲ့ ဘာစီလိုနာ အသင်းနဲ့ သွားရောက် ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။ လာလီဂါ ထိပ်သီး အသင်းဆီ ယူရို သန်း ၅၀နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ပိုလန် တိုက်စစ်မှူးကြီးဟာ မနေ့ကမှ စပိန်ကို ရောက်ရှိတာ ဖြစ်ပေမယ့် ဆေးစစ်မှု ခံယူပြီး ချက်ချင်းဆိုသလို ဘာစီလိုနာ အသင်း ရှိရာ မိုင်ယာမီကို လိုက်သွားခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာ ဘက်က လက်ရှိ အချိန်ထိ အပြောင်းအရွှေ့ကို တရားဝင် မကြေညာရသေးပေမယ့် အားလုံး ကတော့ လီဝမ်ဒေါစကီးကို ဘာစီလိုနာ ကစားသမား အဖြစ် သတ်မှတ်နေကြပြီ ဖြစ်ပါတယ်။ လီဝီဟာ သူရဲ့ ဆန္ဒ ပြည့်မြောက်ခဲ့တာကြောင့် အရမ်းကို ပျော်ရွှင် တက်ကြွနေပြီး ဥက္ကဌ ဖြစ်သူ လာပေါ်တာ၊ နည်းပြ ဇာဗီ တို့နဲ့ စကားပြောပြီး ဖြစ်သလို အသင်းဖော် အသစ်တွေနဲ့လည်း ရင်းနှီးမှု ရအောင် စတင် ကြိုးပမ်းနေပြီလို့ သိရပါတယ်။

လီဝမ်ဒေါစကီး ရောက်ရှိလာလို့ စိတ်လှုပ်ရှားနေတဲ့ ဘာစီလိုနာ နောက်ခံလူ အာရူဟို ကလည်း “လီဝမ်ဒေါစကီး ယူဆောင်ပေးမယ့် အရည်အသွေး အတွက် အရမ်းကို ပျော်ရွှင်မိပါတယ်။ ဒါဟာ‌ ကြည်နူးစရာ ဖြစ်သလို အရမ်းကို ကြီးကျယ်လွန်းပါတယ်။”လို့ ဆိုပါတယ်။ အဲ့ဒီနောက် အာရူဟိုက လက်ရှိ အပြောင်းအရွှေ့မှာ အသင်းကို ရောက်လာတဲ့ ကစားသမားတွေရဲ့ ခြေစွမ်း အဆင့်အတန်းကို ကျေနပ်မှု ရှိကြောင်း၊ ဒါဟာ အသင်း အတွက် အရေးပါသလို ကစားသမားတွေ အတွက် ကတော့ ပြိုုင်ဆိုင်မှု ရှိဖို့က အရေးကြီးကြောင်း ဒါ့အပြင် ကိုယ့်ကိုယ်ကို အမြဲတမ်း အကောင်းဆုံး ဖြစ်နေအောင် ကြိုးစားမှ ဘောလုံးမှာ အောင်မြင်လိမ့်မယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။

လီဝမ်ဒေါစကီးဟာ ဘေယန်မြူးနစ်နဲ့အတူ ဆုဖလား အောင်မြင်မှုများစွာ ရရှိထားခဲ့ပေမယ့် လာလီဂါ ကလပ်နဲ့ အတူ အောင်မြင်မှု အသစ်တွေ ရယူဖို့ ဆန္ဒပြင်းပြနေခဲ့တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ၃၄ နှစ် ပြည့်တော့မှာ သိပေမယ့် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ သန်မာနေဆဲ ဖြစ်ကြောင်း ပြောကြားထားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်