နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ (၁၂/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၁၂ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ ကလပ် အတွက် သမိုင်းရေးထိုးပေးခဲ့သူတွေကို အလေးမထားဘူးလို့ အဲလ်ဗက်စ် ဆို

ဘာစီလိုနာဟာ အသင်း အတွက် သမိုင်း မှတ်တမ်း ရေးထိုးပေးခဲ့သူတွေကို အလေးမထားဘူးလို့ လာလီဂါ ထိပ်သီး ကလပ်နဲ့ မကြာသေးခင်ကမှ ဒုတိယအကြိမ်မြောက် လမ်းခွဲထားခဲ့တဲ့ ဒန်နီအဲလ်ဗက်စ်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

“ကျွန်တော် ထွက်ခွာလာရလို့ စိတ်မကောင်း မဖြစ်ပါဘူး။ ကျွန်တော် ဘာစီလိုနာကို နောက်တစ်ကြိမ် ပြန်လာရလို့ ပျော်ရွှင်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ၅ နှစ်လောက် ဖြတ်သန်းဖို့ အိမ်မက်မက်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော် မကြိုက်တာက ကျွန်တော့်ရဲ့ ထွက်ခွာမှုကို သူတို့ ကိုင်တွယ်တဲ့ ပုံစံပါ။ ကျွန်တော် ဒီကို ပြန်ရောက်လာတော့ အသက် ၂၀ အရွယ် မဟုတ်တော့တဲ့ အတွက် စွမ်းဆောင်နိုင်သမျှနဲ့ ပတ်သတ်ပြီး တစ်ခုမှ ဖုံးကွယ်မထားပဲ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်ပိုင်းထဲမှာ ကလပ်ဟာ အမှားတွေ ကျူးလွန်ခဲ့ပါတယ်။ ဘာစီလိုနာဟာ ကလပ် အတွက် သမိုင်းတွင်စေခဲ့သူတွေကို ဂရုမစိုက်ပါဘူး။” အဲလ်ဗက်စ်က ဂါးဒီးယန်းနဲ့ အင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အဲ့နောက် ကလပ်ဟာ အံ့အားသင့်စရာ စိတ်ကူး စိတ်သန်းတွေ ရှိတဲ့ လူငယ်တွေနဲ့ ပြည့်နှက်နေပေမယ့် ကွင်းတွင်း စွမ်းဆောင်ရည် တိုးတက်ဖို့ လိုအပ်နေတဲ့ အပြင် အတွေးအခေါ်တွေ ကလည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူတို့ တည်ဆောက်ခဲ့တဲ့ အတွေးအခေါ်တွေနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတယ်လို့ အဲလ်ဗက်စ်က ဝေဖန်ခဲ့ပါသေးတယ်။

ဒန်နီအဲလ်ဗက်စ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ၈ နှစ်ကြာ ဖြတ်သန်းခဲ့ဖူးတဲ့ အသင်းဟောင်း ဘာစီလိုနာဆီ တကျော့ပြန် ရောက်ရှိလာခဲ့ပြီးနောက် ၁၇ ပွဲသာ ကစားခဲ့ရသလို ကလပ် ဘက်က စာချုပ် သက်တမ်း ထပ်မတိုးခဲ့တာကြောင့် ၅ လ ကျော် အကြာမှာပဲ နောက်ထပ် တစ်ကြိမ် လမ်းခွဲခဲ့ရတာလည်း ဖြစ်ပါတယ်။ အသက် ၃၉ နှစ် အရွယ် ဘရာဇီးလ် ညာနောက်ခံလူဟာ ဘာဆာမှာ ဖြတ်သန်းခဲ့တဲ့ ၈ နှစ်တာ ကာလ အတွင်း ပွဲပေါင်း ၄၀၀ ကျော် ကစားကာ အခွင့်အရေး ဖန်တီးမှု ၃၇၇ ကြိမ် အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲလ်ဗက်စ်ဟာ ကတ်တာလန် ကလပ်နဲ့ ကိုင်မြှောက်နိုင်ခဲ့တဲ့ ဆုဖလား ၂၃ လုံး အပါအဝင် လက်ရှိ အချိန်ထိ ဆုဖလား စုစုပေါင်း ၄၂ လုံး အထိ ရရှိထားပြီး ဘောလုံး သမိုင်းရဲ့ ဆုဖလား အများဆုံး ရတဲ့ ကစားသမား အဖြစ် ထိပ်ဆုံးက ဦးဆောင်နေဆဲ ဖြစ်ပါတယ်။


လစာလျှော့ယူပြီး အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ အူစမန်နီ ဒမ်ဘီလီ

ဘာစီလိုနာ အနေနဲ့ အူစမန်နီ ဒမ်ဘီလီကို စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့သလို တစ်ဖက်မှာလည်း လိဒ်စ်ယူနိုင်တက် ကစားသမား ရာဖင်ညာကို ခေါ်ယူနိုင်ဖို့ ဖိဖိစီးစီး ဆက်လက် ကြိုးပမ်းလျက် ရှိတယ်လို့ သိရပါတယ်။ 90 Minutesရဲ့ ဖော်ပြချက်အရ ဆိုရင် လာလီဂါ ထိပ်သီးတို့ သဘောတူညီမှု နှစ်ခုစလုံး အတွက် ဆွေးနွေးမှုတွေဟာ တိုးတက်မှု ရှိလာခဲ့တာကြောင့် လာမယ့် ရက်ပိုင်းအတွင်း လှုပ်ရှားမှုတွေ မြင်တွေ့ရဖို့ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဘန်ဒက် လီဂါ
FC အော့စ်ဘတ်
SC ဖရိုင်းဘတ်
ပထမပိုင်း 1X2 SC ဖရိုင်းဘတ် @ 2.78
FC အော့စ်ဘတ် အာရှ ဟန်းဒီးကပ် +0.25 @ 2.01
ပထမပိုင်း ဂိုးပေါ် 2.50 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘာစီလိုနာတို့ ချဲလ်ဆီးက မျက်စိကျနေတဲ့ ဒမ်ဘီလီကို စာချုပ်သက်တမ်းတိုးဖို့ ရက်သတ္တပတ်ပေါင်း များစွာ ညှိနှိုင်းခဲ့ရပြီး နောက်ဆုံး မှာတော့ ကစားသမား ဘက်က လက်ရှိ လုပ်ခလစာရဲ့ ၄၀ ရာခိုင်နှုန်း လျှော့ယူခဲ့ခြင်းနဲ့ အတူ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ် အရွယ် ပြင်သစ် တောင်ပံ ကစားသမား ဒမ်ဘီလီ ဟာ နူးကမ့်ပ်မှာ နောက်ထပ် ၂ နှစ် ဆက်ရှိနေမှာ ဖြစ်ပြီး အခုလောလောဆယ်တော့ စာချုပ်သစ် လက်မှတ်ရေးထိုးဖို့ စပိန်ကို ပြန်လာနေပြီလို့ သိရပါတယ်။ ဒမ်ဘီလီဟာ ၂၀၁၇ ခုနှစ်က ဒေါ့မန် ကနေ ကတ်တာလန် ကလပ်ဆီ စံချိန်တင်‌ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပေမယ့် ၁၅၁ ပွဲသာ ကစားထားခဲ့ပြီး ၃၂ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ ဒါ့အပြင် မကြာခဏ ဆိုသလို ဒဏ်ရာရတတ်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရာဖင်ညာ ကလည်း လိဒ်စ်ယူနိုက်တက်ရဲ့ ဩစတြေးလျမှာ သွားကစားမယ့် ရာသီကြို ခြေစမ်းပွဲကို လိုက်ပါခဲ့ခြင်း မရှိတာကြောင့် ဘာစီလိုနာတို့ ရက်ပိုင်း အတွင်းမှာပဲ ဘရာဇီးလ် လက်ရွေးစင်ကို အပြီးသတ် သဘောတူညီမှု ရနိုင်ဖွယ် ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ ဘာစီလိုနာဟာ ရာဖင်ညာရဲ့ အေးဂျင့် ဒေကိုနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားပြီး ဖြစ်သလို ကစားသမား ကိုယ်တိုင် ကလည်း နူးကမ့်ပ် ကိုသာ ပြောင်းရွှေ့ချင်ကြောင်း ပြောကြားထားပါတယ်။


ဆီဗီလာ နောက်ခံလူ အော်ဂတ်စ်တင်ဆင်ကို အငှားနဲ့ ခေါ်ယူခဲ့တဲ့ အက်စတွန်ဗီလာ

အက်စတွန်ဗီလာ အသင်း ကတော့ လာလီဂါ ကလပ် ဆီဗီလာရဲ့ ဘယ်နောက်ခံလူ လက်ဒ်ဝစ်ဂ် အော်ဂတ်စ်တင်ဆင် ကို အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်မှာ ဝါဒါဘရီမင် ကနေ ဆီဗီလာ အသင်းထံ ပြောင်းရွှေ့ကစားခဲ့တဲ့ အသက် ၂၈ နှစ် အရွယ် ဆွီဒင် လက်ရွေးစင် အနေနဲ့ နည်းပြ လိုပက်တက်ဂီရဲ့ လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။ အော်ဂတ်စ်တင်ဆင်ဟာ ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံ ၂၇ ပွဲ ကစားခွင့်ရခဲ့ပေမယ့် လာလီဂါ ၉ ပွဲသာ ပထမ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေအရ ဆိုရင် အက်စတွန်ဗီလာတို့ အော်ဂတ်စ်တင်ဆင်ကို ပေါင် ၃.၈ သန်း တန်ကြေးရှိတဲ့ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး အပြီးသတ် ဝယ်ယူခွင့်လည်း ပါရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အော်ဂတ်စ်တင်ဆင်ဟာ အခုနှစ် နွေရာသီ အပြောင်းအရွှေ့ ကာလမှာ အက်စတွန်ဗီလာတို့ ခေါ်ယူခဲ့တဲ့ ၆ ဦးမြောက် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ အက်စတွန်ဗီလာဟာ လာလီဂါ ထိပ်သီး ဘာစီလိုနာ ကွင်းလယ် တိုက်စစ် ကစားသမား ကော်တင်ဟိုကို ပေါင် ၁၇ သန်းနဲ့ အပြီးသတ် စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် မာဆေးလ် ကွင်းလယ်လူ ဘူဘာကာ ကာမာရာကို အလွတ်၊ ဆီဗီလာ ဗဟိုခံစစ်မှူး ဒီယေဂို ကားလို့စ်ကို ပေါင် ၂၉ သန်း၊ ရိုးမား ဂိုးသမား ရော်ဘင် အိုလ်ဆင်ကို ပေါင် ၂.၉ သန်းနဲ့ အပြီးသတ် ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်