နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ နောက်ဆုံးရ သတင်းများ (၈/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၈ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရေးဗားပလိတ်နဲ့ အပြောင်းအရွှေ့ ပျက်ပြီးနောက် ဗီလာနဲ့ သတင်းတွေ ထွက်နေတဲ့ ဆွာရက်ဇ်

လာလီဂါ ထိပ်သီး အက်တလက်တီကို မက်ဒရစ် ဝါရင့်တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ် ကတော့ ရေးဗားပလိတ်ဆီ ပြောင်းရွှေ့ကစားဖို့ စီစဉ်ထားခဲ့ပေမယ့် သဘောတူညီချက် ပျက်သွားခဲ့ပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ အက်တလက်တီကို မက်ဒရစ် ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရထားတဲ့ ဆွာရက်ဇ်ကို ရေးဗားပလိတ်တို့ အသည်းအသန် ကြိုးပမ်းခဲ့ပြီး ခေါ်ယူဖို့လည်း နီးစပ်ခဲ့ပေမယ့် တောင်အမေရိက အဓိက ပြိုင်ပွဲကြီး တစ်ခု ဖြစ်တဲ့ Copa Libertadores ကနေ ထွက်ခွာခဲ့ရတာကြောင့် သဘောတူညီချက် ပျက်သွားခဲ့ရတာလည်း ဖြစ်ပါတယ်။

အသက် ၃၅ နှစ် အရွယ် ဥရုဂွေး လက်ရွေးစင်က “ကျွန်တော် ဥရောပမှာပဲ ဆက်လက် ဖြတ်သန်းချင်ခဲ့ပေမယ့် ရေးဗားပလိတ် ဘက်က တွန်းအားပေး ကြိုးပမ်းနိုင်ခဲ့ပါတယ်။ တော်တော်လေးလည်း စည်းရုံးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့ Copa Libertadores ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပြီ ဖြစ်လို့ သဘောတူညီချက်လည်း ပျက်သွားခဲ့ပါပြီ”လို့ ဆိုပါတယ်။

စပိန် သတင်းစာတွေ မှာတော့ လူးဝစ် ဆွာရက်ဇ်ဟာ အသက်အရွယ် ရလာသည့်တိုင်အောင် ခြေစွမ်း ကောင်းမွန်နေဆဲ ဖြစ်သလို အလွတ် ပြောင်းရွှေ့ကြေးနဲ့လည်း ခေါ်ယူနိုင်မှာ ဖြစ်လို့ ဥရောပ ထိပ်သီး အသင်းကြီး အများစုက စိတ်ဝင်စားနေကြတယ်လို့ ဖော်ပြနေပါတယ်။ ဒါ့အပြင် ဆွာရက်ဇ်ကို စောင့်ကြည့်နေတဲ့ အသင်းတွေထဲမှာ ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာက ရေပန်းအစားဆုံး ဖြစ်နေတယ်လို့လည်း ဆက်လက် ဖော်ပြထားပါသေးတယ်။ လက်ရှိ အက်စတွန်ဗီလာ နည်းပြ စတီဗင် ဂျရတ်နဲ့ ကွင်းလယ်လူ ကော်တင်ဟို တို့ဟာ တစ်ချိန်က ဆွာရက်ဇ်နဲ့ အတွဲအဖက်ညီညီ ကစားခဲ့ဖူးတာကြောင့် ဥရုဂွေး တိုက်စစ်မှူးကို ပရီးမီးယားလိဂ်မှာ တကျော့ပြန် မြင်တွေ့ရဖွယ် ရှိနေတယ်လို့ ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။


ဘာစီလိုနာ ကိုပဲ ပြောင်းချင်နေတဲ့ ကူလီဘာလီ

ဘာစီလိုနာ၊ ဂျူဗင်တပ်စ်နဲ့ ချဲလ်ဆီးတို့ရဲ့ အပြိုင် စိတ်ဝင်စားခြင်း ခံနေရတဲ့ နာပိုလီ အသင်းခေါင်းဆောင် ကာလီဒူ ကူလီဘာလီ ကတော့ လာလီဂါ ထိပ်သီး အသင်းကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။
ကူလီဘာလီကို ယူရို ၃၅ သန်း ရမှ ရောင်းထုတ်ချင်နေတဲ့ နာပိုလီ

ဘာစီလိုနာ၊ ဂျူဗင်တပ်စ်နဲ့ ချဲလ်ဆီးတို့ရဲ့ အပြိုင် စိတ်ဝင်စားခြင်း ခံနေရတဲ့ နာပိုလီ အသင်းခေါင်းဆောင် ကာလီဒူ ကူလီဘာလီ ကတော့ လာလီဂါ ထိပ်သီး အသင်းကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ အီတလီ နာမည်ကြီး သတင်းဌာန တချို့ရဲ့ ဖော်ပြချက်အရ အသက် ၃၁ နှစ် အရွယ် ဆီနီဂေါ လက်ရွေးစင်ဟာ နာပိုလီရဲ့ ပြည်တွင်း ပြိုင်ဘက် ဖြစ်တဲ့ ဂျူဗင်တပ်စ် အသင်းထံ ပြောင်းရွှေ့လိုခြင်း မရှိသလို အသက်အရွယ်အရလည်း ကြံ့ခိုင်မှုနဲ့ အမြန်နှုန်း ဦးစားပေး ကစားရတဲ့ ပရီးမီးယားလိဂ်ကို မပြောင်းရွှေ့ချင်ကြောင်း အပြောင်းအရွှေ့ သတင်းထောက် ဒီမာဇီယိုက ဖော်ပြထားပါတယ်။

ကူလီဘာလီ ပြောင်းရွှေ့ချင်တဲ့ နံပါတ် တစ် ကလပ်ဟာ ဘာစီလိုနာ ဖြစ်ပြီး အကယ်၍ ဘာစီလိုနာကို မပြောင်းရွှေ့နိုင်မှသာ ချဲလ်ဆီး၊ ဂျူဗင်တပ်စ် တို့ကို အစဉ်လိုက် စဉ်းစားသွားမယ်လို့ သိရပါတယ်။ ဒီမာဇီယိုရဲ့ ဆက်လက် ဖော်ပြချက်အရ ကူလီဘာလီကို လက်တလော ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာ တို့က တရားဝင် ချိတ်ဆက်ထားပြီး ချဲလ်ဆီး ကတော့ စိတ်ဝင်စားနေဆဲ အဆင့်မှာသာ ရှိသေးတယ်လို့ သိရပါတယ်။

နာပိုလီ ဥက္ကဌ ဒီလော်ရန်းတစ် ကလည်း လက်ရှိ စီးရီးအေရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး ဖြစ်သလို ခေါင်းဆောင်နိုင်စွမ်း အပြည့်ရှိတဲ့ ကူလီဘာလီကို အလွယ်တကူ လက်လွှတ်လိုခြင်း မရှိပဲ အနည်းဆုံး ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း ရရှိမှသာ ရောင်းထုတ်လိုနေတယ်လို့ သိရပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
ဘရိုက်တန်
1X2 မန်ချက်စတာ ယူနိုက်တက် @ 1.58
ဂိုးအောက် 2.25 @ 2.20
ပထမပိုင်း ဂိုးပေါ် 1.00 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပေါင် ၂၅ သန်းထက် မများပဲ ခေါ်ယူနိုင်မယ့် မားကိုစ် အဆန်စီရို

လစ်ဗာပူးလ်၊ အာဆင်နယ်နဲ့ အေစီမီလန်တို့က စိတ်ဝင်စားနေတဲ့ ကွင်းလယ် ကစားသမား အဆန်စီရို ကိုတော့ ရီးရဲယ်မက်ဒရစ် အသင်းက ပေါင် ၂၁ သန်းကနေ ၂၅ သန်း ကြား ရရင် ရောင်းထုတ်သွားဖို့ ရှိနေကြောင်း စပိန် မီဒီယာတွေက ဖော်ပြလာပါတယ်။

အသက် ၂၆ နှစ် အရွယ် စပိန် ကွင်းလယ် ကစားသမားဟာ ရီးရဲယ်မက်ဒရစ်မှာ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေတာကြောင့် အသင်းပြောင်းရွှေ့လိုနေပြီး စာချုပ်သက်တမ်း ကလည်း တစ်နှစ်သာ ကျန်ရှိတော့သူ ဖြစ်ပါတယ်။ ရီးရဲယ်မက်ဒရစ် ဘက်ကလည်း အဆန်စီရိုကို လာမယ့်ရာသီ အကုန်မှာ အလွတ်နဲ့ ထွက်ခွာခွင့်ပေးရမယ့် အစား ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ရောင်းထုတ်ချင်နေတယ် ဆိုရင်လည်း မမှားပါဘူး။

သတင်းတွေအရ အဆန်စီရို အနေနဲ့ သူ့ကို ချိတ်ဆက်လာတဲ့ အသင်းတွေ အနေနဲ့ ကောင်းမွန်တဲ့ ဘောလုံး စီမံကိန်း ရှိပြီး ပုံမှန် ပွဲထွက်ခွင့်ပေးရင် လစာလျှော့ယူပြီးတောင် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် အဆန်စီရိုကို စိတ်ဝင်စားနေတဲ့ အသင်းတွေမှာ အာဆင်နယ် ဟာ အခြေအနေ အကောင်းဆုံး ဖြစ်နေပြီး မကြာသေးတဲ့ အချိန် ကလည်း ဂန်းနားတို့ တောင်ပံ ကစားသမား တစ်ဦးကို တိတ်တဆိတ် ကြိုးပမ်းနေတယ် ဆိုတဲ့ သတင်း ထွက်ထားတာကြောင့် စောင့်ကြည့်ရဖို့တော့ ရှိနေပါတယ်။

ရီးရဲယ်မက်ဒရစ်မှာ ၆ နှစ်ကြာ ဖြတ်သန်းထားတဲ့ အဆန်စီရိုဟာ ပြိုင်ပွဲစုံ စုစုပေါင်း ၂၃၅ ပွဲ ကစားပြီး ၄၉ ဂိုး သွင်းယူကာ လာလီဂါနဲ့ ချန်ပီယံလိဂ် ဖလား ၃ ကြိမ်စီ ရရှိထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်