နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ နောက်ဆုံးရ သတင်းများ (၆/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၆ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပိုချက်တီနို နောက်ထပ် ကိုင်တွယ်မယ့် အသင်းဟာ ရီးရဲယ်မက်ဒရစ် ဖြစ်လိမ့်မယ်လို့ ခန့်မှန်းမှုတွေ ရှိနေ

ပီအက်စ်ဂျီ အသင်း ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ အာဂျင်တီးနား နည်းပြ ပိုချက်တီနို ကိုင်တွယ်မယ့် နောက်ထပ် အသင်းဟာ လာလီဂါ ထိပ်သီး ရီးရဲယ်မက်ဒရစ် ဖြစ်လိမ့်မယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။ ပိုချက်တီနို ဟာ ပြီးခဲ့တဲ့ ရာသီက ပီအက်စ်ဂျီ အသင်းနဲ့ အတူ လီဂူးဝမ်းဖလား ရရှိခဲ့ပေမယ့် ချန်ပီယံလိဂ် မှာတော့ ၁၆ သင်း အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာကြောင့် စာလုံး ၃၅ လုံးသာ ပါတဲ့ နှုတ်ဆက်စာနဲ့ အတူ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီတို့ ပိုချက်တီနိုရဲ့ နေရာ မှာတော့ ယခင် နိုက်စ် အသင်းရဲ့ နည်းပြ ဂေါ်တီယာကို အစားထိုး ခန့်အပ်ထားခဲ့ပါတယ်။

ပိုချက်တီနို ရာထူးက ထုတ်ပယ်ခံရအပြီး မကြာခင်မှာပဲ နာမည်ကြီး လောင်းကစားဒိုင်တွေက အာဂျင်တီးနားသား နည်းပြ နောက်ထပ် ကိုင်တွယ်မယ့် အသင်းကို ကြေးဖွင့်လာခဲ့ပြီး အဲ့ထဲကမှ ရီးရဲယ်မက်ဒရစ်က ၆လေး ၁ လေးနဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့တာပါ။ ရီးရဲယ်မက်ဒရစ်ရဲ့ နောက်မှာတော့ အသင်းဟောင်း တော့တင်ဟမ်ဟော့စပါးက ၆လေး ၁ လေးနဲ့ ဒုတိယမြောက် ရေပန်းအစားဆုံး ဖြစ်နေပြီး၊ မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ် တို့က ၇ လေး ၁ လေးစီနဲ့ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။

ပိုချက်တီနိုဟာ ၂၀၁၉ ခုနှစ်က တော့တင်ဟမ်ဟော့စပါးနဲ့ အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပြီး လပိုင်းအကြာမှာပဲ မြောက်လန်ဒန် ကလပ်ရဲ့ မထင်မှတ်ပဲ ထုတ်ပယ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။ အဲ့ဒီ အချိန်တုန်းကလည်း ရီးရဲယ်မက်ဒရစ် အသင်း အနေနဲ့ ဇီဒန်းရဲ့ နေရာမှာ ပိုချက်တီနိုနဲ့ အစားထိုးဖို့ စဉ်းစားခဲ့ပေမယ့် တကယ်တမ်း မှာတော့ အန်ဆယ်လော့တီသာ နည်းပြချုပ် ဖြစ်လာခဲ့သလို ပိုချက်တီနို ဟာလည်း ပီအက်စ်ဂျီ ကိုပဲ ရောက်ရှိသွားခဲ့ပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
ဘရိုက်တန်
1X2 သရေ @ 3.65
ဂိုးအောက် 2.25 @ 2.20
ပထမပိုင်း ဂိုးပေါ် 1.00 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အန်ဆယ်လော့တီဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲယ်မက်ဒရစ် အတွက် လာလီဂါနဲ့ ချန်ပီယံလိဂ် ဖလားတွေ ရယူပေးထားနိုင်ပေမယ့် အေစီမီလန်ကို ၈ နှစ်ကြာ ကိုင်တွယ်ပြီး ၂၀၀၉ ခုနှစ် နောက်ပိုင်း ကတည်းက ဘယ်အသင်းကိုမှ ဘောလုံးရာသီ နှစ်ရာသီထက် ပိုပြီး တာဝန်ယူထားခြင်း မရှိတာကြောင့် အခုလို ခန့်မှန်းမှုတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။


ဘာဆာက ရောင်းထုတ်ချင်နေတဲ့ ဒီပိုင်းကို ချိတ်ဆက်နေပြန်တဲ့ စပါး

လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ငွေသုံးကြမ်းနေတဲ့ တော့တင်ဟမ်ဟော့စပါး အသင်း ကတော့ လာလီဂါ ထိပ်သီး ဘာစီလိုနာ တိုက်စစ်မှူး မန်းဖစ် ဒီပိုင်းကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြန်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စပါးတို့ အဲဗာတန်က ရစ်ချာလီဆင်ကို ပြောင်းရွှေ့ကြေး အမြောက်အမြား ပေးပြီး ခေါ်ယူထားခဲ့ပေမယ့် ကွန်တီ အနေနဲ့ အသင်းရဲ့ တိုက်စစ်မှာ နေရာစုံ ကစားနိုင်သူ တစ်ဦး ထပ်မံ အလိုရှိနေတာကြောင့် အခုလို ထပ်မံ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

သတင်းတွေ အရ ဆိုရင် စပါးနဲ့ ဘာစီလိုနာတို့ နောက်ခံလူ လန်းဂ်လတ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဒီပိုင်းနဲ့ ပတ်သတ်ပြီးတော့လည်း ဆက်လက် ဆွေးနွေးသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ နယ်သာလန် လက်ရွေးစင်ဟာ ဘာစီလိုနာ အတွက် ၂၈ ပွဲ ကစားပြီး ၁၂ ဂိုး သွင်းယူထားပေမယ့် နည်းပြ ဇာဗီ ကိုယ်တိုင်က ရှင်းထုတ်ဖို့ ဆုံးဖြတ်ထားသလို ကစားသမား ကိုယ်တိုင်ကလည်း လာမယ့်ရာသီ ဘာစီလိုနာမှာ နေရာ မရနိုင်တာကြောင့် အသင်း ပြောင်းရွှေ့လိုနေသူလည်း ဖြစ်ပါတယ်။ တချို့ သတင်းတွေ မှာတော့ စပါးတို့ အေဂျက်စ်ကို ပြောင်းရွှေ့သွားတဲ့ ဘက်ဂျ်ဝင်း‌ နေရာမှာ ဒီပိုင်းနဲ့ အစားထိုးချင်နေတာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဘာစီလိုနာ အနေနဲ့ ဒီပိုင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းရရင် ရောင်းထုတ်သွားဖွယ် ရှိနေပြီး လက်တလောမှာ စပါး အပြင် မြောက်လန်ဒန် ကလပ် အာဆင်နယ် ကလည်း စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒီပိုင်း အနေနဲ့ စပါးကိုသာ ပြောင်းရွှေ့ဖြစ်ခဲ့ရင် ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ ကူလူဆက်ဗ်စကီး၊ ရစ်ချာ်လီဆင် တို့နဲ့ အပြိုင် ပွဲထွက်ခွင့်ရဖို့ ကြိုးစားရမှာလည်း ဖြစ်ပါတယ်။


ဘေးလ် ရယူပေးခဲ့တဲ့ အောင်မြင်မှုတွေ မမေ့လျော့သင့်ဘူးလို့ ဖီဂို ပြောကြား

လာလီဂါ ထိပ်သီး ရီးရဲယ်မက်ဒရစ် အတွက် ၉ နှစ်ကြာ ကစားပေးပြီး အောင်မြင်မှုတွေ ရခဲ့တဲ့ ဂါရက်သ် ဘေးလ်ကို ပရိသတ်တွေ အနေနဲ့ မမေ့လျော့သင့်ကြောင်း လူးဝစ် ဖီဂိုက သတိပေး စကားဆိုလိုက်ပါတယ်။
အဲလ်အေအက်ဖ်စီ အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ဘေးလ်

လာလီဂါ ထိပ်သီး ရီးရဲယ်မက်ဒရစ် အတွက် ၉ နှစ်ကြာ ကစားပေးပြီး အောင်မြင်မှုတွေ ရခဲ့တဲ့ ဂါရက်သ် ဘေးလ်ကို ပရိသတ်တွေ အနေနဲ့ မမေ့လျော့သင့်ကြောင်း လူးဝစ် ဖီဂိုက သတိပေး စကားဆိုလိုက်ပါတယ်။

ဖီဂိုက “ သူ မက်ဒရစ်မှာ အချိန်အတော်ကြာနေခဲ့တယ်။ အဲဒီအချိန်မှာ သူအရမ်းကောင်းခဲ့တယ်။ စွမ်းဆောင်ရည် ကောင်းခဲ့သလို အသင်းမှာ အလွန်တရာ အရေးပါတဲ့ အချိန်တွေကို ပိုင်ဆိုင်ခဲ့ပါတယ်” လို့ ဖီဂိုက Gambling Insiderနဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး သူဟာ ဒဏ်ရာတွေ အများကြီးရခဲ့သလို ကလပ်မှာ နောက်ဆုံး အချိန်တွေ သိပ်မကောင်းခဲ့ကြောင်း၊ ဒါကလည်း ဒဏ်ရာတွေကြောင့် မကစားနိုင်ခဲ့လို့ ဖြစ်ပြီး ကလပ် အတွက် သူလုပ်ပေးခဲ့သမျှကို မမေ့သင့်ကြောင်း ဖီဂိုက ဘေးလ် ဘက်ကနေ ကာကွယ်ပြောကြားသွားခဲ့ပါသေးတယ်။

ဝေးလ်စ် အသင်းခေါင်းဆောင် ဘေးလ်ဟာ ၂၀၁၃ ခုနှစ်က ရီးရဲယ်မက်ဒရစ် အသင်းထံ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ချန်ပီယံလိဂ် ဖလား ၅ ကြိမ်၊ လာလီဂါ ဖလား ၃ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၃ ကြိမ်၊ ကိုပါဒယ်ရေးဖလား ၃ ကြိမ်၊ စပိန် စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၄ ကြိမ် ကိုင်မြှောက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ရီးရဲယ်မက်ဒရစ်တို့ ၂၀၁၄၊ ၂၀၁၆ နဲ့ ၂၀၁၈ ချန်ပီယံလိဂ် ဖလားတွေ ရရှိဖို့ အတွက် အဓိကကျတဲ့ ဂိုးတွေ သွင်းယူပေးနိုင်ခဲ့သူ ဆိုရင်လည်း မမှားပါဘူး။

ဒါပေမယ့် ၂၀၁၈ ခုနှစ် နောက်ပိုင်းက စပြီး ဘေးလ် အနေနဲ့ မကြာခဏ ဒဏ်ရာရနေခဲ့ပြီး စပိန် မီဒီယာတွေရဲ့ ထိုးနှက်မှုတွေကြောင့်လည်း အသင်းနဲ့ ဆက်ဆံရေး ပျက်ယွင်းခဲ့ရပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ်က အသင်းဟောင်း စပါးမှာ အငှားနဲ့ သွားကစားခဲ့ရသလို နောက်ဆုံး ၂ ရာသီ အတွင်း ရီးရဲယ်မက်ဒရစ် အတွက် ၂၇ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး နောက်ဆုံး မှာတော့ အဲလ်အေအက်ဖ်စီကို ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်