နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံဘွဲ့ ကာကွယ်ဖို့ထက် တန်းမဆင်းရဖို့ ရုန်းရတော့မယ့် ပြင်သစ် | နေးရှင်းလိဂ် ပွဲပြီးသုံးသပ်ချက်

ပြင်သစ် ၀-၁ ခရိုအေးရှား

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ နေးရှင်းလိဂ် A အုပ်စု ၁ ရဲ့ ပွဲစဉ် ၄ မှာတော့ ပြင်သစ်တို့ ခရိုအေးရှားကို လူကာမိုဒရစ်ရဲ့ အစောပိုင်း ပင်နယ်တီ သွင်းဂိုး ၁ ဂိုးတည်းနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ နေးရှင်းလိဂ် လက်ရှိ ချန်ပီယံ ပြင်သစ်တို့ အုပ်စု ပွဲစဉ် ၄ ပွဲ ကစားပြီးချိန် အထိ နိုင်ပွဲ လုံးဝ မရသေးတာကြောင့် ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ထက် နေးရှင်းလိဂ် B ကို မဆင်းရဖို့ပဲ လက်ကျန် ပွဲစဉ်တွေမှာ မဖြစ်မနေ အားစိုက်ရတော့မှာ ဖြစ်ပြီး ခရိုအေးရှား ကတော့ နောက်တစ်ဆင့် တက်ဖို့ အခြေအနေ ကောင်းသွားခဲ့ပြီလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီဒီယာ ဒက်ရွှမ့်စ် အနေနဲ့ ဒီနေ့ပွဲ မှာလည်း လူငယ် အများစုကို သုံးသွားခဲ့တယ် ဆိုပေမယ့် တောင့်တင်းတဲ့ လူစာရင်းနဲ့ ပွဲထွက်ခဲ့တယ်လို့ ပြောလို့ ရပါတယ်။ ၄-၄-၃ ကစားကွက်ကို ခင်းကျင်းလာတဲ့ ပြင်သစ်မှာ မိုက်ဂ်နန်၊ ကင်ပမ်ဘီ၊ ကိုနာတေး၊ ကွန်ဒေး၊ ဒစ်ဂ်နီး၊ ဂွန်ဒိုဇီ၊ ကာမာရာ၊ ရာဘီယော့တ်၊ အန်ကွန်ကူ တို့နဲ့ အတူ တိုက်စစ် မှာတော့ အန်ဘာပေးနဲ့ ဘန်ဇီမာပဲ ဦးဆောင်လာခဲ့ပါတယ်။ ခရိုအေးရှား ကတော့ ပြီးခဲ့တဲ့ ပွဲတွေတုန်းက လူစာရင်းကို အပြောင်းအလဲ များများစားစား မပြုလုပ်ပဲ ပါဆာလစ်၊ ဘရီကာလို၊ ဘူဒီမီရာ၊ ဘရိုဇိုဗစ်၊ လူကာမိုရစ်၊ ကိုဗာချစ်၊ အာလစ်၊ စတန်ဆစ်၊ ဆူတာလို၊ ဂျူရန်နိုဗစ်၊ အီဗူဆစ် တို့နဲ့ပဲ ပွဲထွက်ခဲ့ပါတယ်။

အသင်းကြီး နှစ်သင်း ကစားတဲ့ ပွဲဖြစ်လို့ ပွဲစကတည်းက ကြည့်ကောင်းခဲ့ပြီး ပွဲချိန် ၅ မိနစ်မှာတင်ပဲ ခရိုအေးရှားတို့ ပင်နယ်တီ ရခဲ့ပါတယ်။ ကိုနာတေး အနေနဲ့ ဘူမီဒီရာရဲ့ ထိုးဖောက်မှုကို တားဆီးရင်း ချိတ်မိသလို ဖြစ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး ခရိုအေးရှားကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ပင်နယ်တီ ကိုတော့ အသင်းခေါင်းဆောင် လူကာမိုဒရစ် ကပဲ အမှားအယွင်းမရှိ ကန်သွင်းခဲ့လို့ ခရိုအေးရှားတို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဒါဟာ အသက် ၃၅ နှစ် အရွယ် ကစားသမားရဲ့ နိုင်ငံလက်ရွေးစင်အသင်း အတွက် ပွဲထွက်ခွင့်ရတဲ့ ၁၅၂ ပွဲမြောက်မှာ ၂၂ ဂိုးမြောက် ဂိုးကို သွင်းဂိုးကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ကေလိဂ်
ဆွန်နမ်
ဒယ်ဂူး
1X2 သရေ @ 3.10
ပထမပိုင်း ဂိုးအောက် 0.75 @ 2.11
ဂိုးပေါင်း 0-1 @ 2.55
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အဲ့နောက် အိမ်ရှင် ပြင်သစ်တို့ ချေပဂိုးရဖို့ အသည်းအသန် လိုက်ကစားခဲ့ပေမယ့် လူငယ်တွေပဲ ပါဝင်လာတဲ့ ကွင်းလယ်က မိုဒရစ် ဦးဆောင်တဲ့ ခရိုအေးရှား ကွင်းလယ်ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ ပထမပိုင်းမှာ အန်ဘာပေး အခွင့်အရေး ၂ ကြိမ် ရခဲ့ပေမယ့် ဂိုး အဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိခဲ့သလို ခရိုအေးရှား ကလည်း ဘရီကာလိုရဲ့ လွဲချော်မှုကြောင့် ဂိုးထပ်မရခဲ့ပါဘူး။

ဒုတိယပိုင်းမှာ ဒက်ရွှမ့်စ် အနေနဲ့ အရေးပါတဲ့ လူစားပြောင်းလဲမှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး ပါဗက်နဲ့ ချူအာမန်နီတို့ ဝင်ရောက်လာချိန်မှာတော့ ပြင်သစ်တို့ ကစားအား ပိုကောင်းလာခဲ့ပါတယ်။ ဒါပေမယ့် ချူအာမန်နီနဲ့ အန်ဘာပေးတို့ရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုတွေကိုသာ အားကိုးနေခဲ့ရပြီး အသင်းလိုက် ကစားပုံ ကတော့ စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ အန်ဘာပေးရဲ့ ကန်ချက်တွေကို ဂိုးသမား အီဗူဆစ် ကာကွယ်နိုင်ခဲ့တာကြောင့် ခရိုအေးရှားတို့ ဂိုးမပေးခဲ့ရတာ ဖြစ်ပြီး ပွဲပြီးခါနီးမှာ ဂရစ်ဇ်မန်း ထပ်ဝင်လာခဲ့ပေမယ့် ပြင်သစ်တို့ ပွဲရလဒ်ကို ပြောင်းလဲနိုင်ခြင်း မရှိခဲ့လို့ ၀-၁ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒီပုံ အတိုင်း ဆိုရင်တော့ ပြင်သစ်ရဲ့ အခြေအနေက စိုးရိမ်စရာ ကောင်းနေခဲ့ပြီလို့ ပြောလို့ ရပါတယ်။ ကမ္ဘာ့ဖလား ကစားဖို့ ၅ လပဲ ကျန်တော့တဲ့ အချိန်မှာ တပ်ပျက်သလို ဖြစ်နေတဲ့ ပြင်သစ်ကို ဒက်ရွှမ့်စ် အနေနဲ့ ဘယ်နေရာမှာ ဘာတွေ အားနည်းနေသလဲ ဆိုတာ အမြန်ဆုံး အဖြေရှာဖို့ လိုအပ်နေပါပြီ။ ပြိုင်ပွဲ တစ်လျှောက်လုံး လူငယ်ကစားသမားတွေကို အားပြုခဲ့ရလို့ အသားကျဖို့ အချိန်ယူရဦးမယ် ဆိုပေမယ့် တစ်ပွဲထက် တစ်ပွဲ ခြေစွမ်းနဲ့ ရလဒ်ပိုင်း တိုးတက်မလာပဲ။ ပိုပို ဆုတ်ယုတ်လာတယ် ဆိုတာတော့ ငြင်းလို့ မရပါဘူး။ အန်ဘာပေးနဲ့ ချူအာမန်နီ တို့ရဲ့ အားထုတ်မှု၊ တစ်ဦးချင်းနဲ့ အသင်းလိုက် ချိတ်ဆက် ကစားမှုတွေ ပြောစရာ မလိုအောင် ကောင်းခဲ့ပေမယ့် ကာမာရာ၊ ဂွန်ဒိုဇီ တို့ကတော့ အတွေ့အကြုံပိုင်းမှာ အများကြီး အားနည်းနေဆဲ ဆိုတာ ပေါ်လွင်ခဲ့ပါတယ်။ နောက်တစ်ချက် ကတော့ ဘန်ဇီမာ တစ်ယောက် ရီးရဲယ်မှာ တောက်ပခဲ့သလောက် နိုင်ငံ အသင်းမှာ ပုံမှန် ခြေစွမ်းလောက်ပဲ ရှိနေတာ ဖြစ်ပါတယ်။ ဒီပွဲ မတိုင်ခင်က ပြင်သစ်ရဲ့ ခြေစွမ်းနဲ့ ပတ်သတ်လို့ စိုးရိမ်စရာ မရှိဘူးလို့ ဆိုထားတဲ့ နည်းပြ ဒက်ရွှမ့်စ် ကတော့ ဒီပွဲ အပြီးမှာတော့ လေသံပြောင်းသွားခဲ့ပါတယ်။ သူ့အသင်းဟာ ပြိုင်ဘက်တွေကို ယှဉ်ပြိုင် အနိုင်ယူဖို့ ခွန်အားမရှိသလို ယုံကြည်မှု လျော့နည်းနေတယ်လို့ ညည်းတွားခဲ့ပြီး ကစားသမားတွေ အနေနဲ့ ဘောလုံးရာသီ တစ်ခုလုံး ပွဲအများကြီး ကစားခဲ့ရလို့ ပွဲပန်းနေပြီး လန်းဆန်းမှုနဲ့ ခွန်အား လိုအပ်နေတယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

အဖွင့် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပေမယ့် ၂ ပွဲဆက် ပြန်ပြီး အနိုင်ရခဲ့တဲ့ ခရိုအေးရှား ကတော့ နေးရှင်းလိဂ် A အုပ်စု ၁ရဲ့ ဒုတိယ နေရာကို ရောက်ရှိလာခဲ့ပါတယ်။
ပြင်သစ်နဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၆ ကြိမ် အတွင်း ပထမဦးဆုံး အကြိမ် အနိုင်ရခဲ့တဲ့ ခရိုအေးရှား

ခရိုအေးရှား ကတော့ တာထွက်မလှခဲ့ပေမယ့် တစ်ပွဲထက် တစ်ပွဲ စိတ်ဓာတ်ပိုင်းဆိုင်ရာရော ခြေစွမ်းပါ တိုးတက်လာခဲ့လို့ နိုင်ပွဲ ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ အသက်ရလာသည့် တိုင်အောင် မိုဒရစ်ဟာ ခရိုအေးရှား အတွက် ဘယ်လောက်အထိ အရေးပါနေသလဲ ဆိုတာ ထပ်မံ မြင်တွေ့ခဲ့ရပြီး နောက်တန်းနဲ့ ဂိုးသမားလည်း အမှားအယွင်း မရှိခဲ့တာကြောင့် ခရိုအေးရှားတို့ အဝေးကွင်းမှာ ထိုက်တန်တဲ့ အနိုင် ၃ မှတ် ရရှိခဲ့တာ ဖြစ်ပါတယ်။

နေးရှင်းလိဂ် အုပ်စု ပွဲစဉ် ၄ ပွဲ ကစားပြီးချိန် အထိ ၂ ပွဲသရေ၊ ၂ ပွဲ ရှုံးပြီး နိုင်ပွဲ လုံးဝ မရသေးတဲ့ ပြင်သစ်တို့ ရမှတ် ၂ မှတ်နဲ့ အုပ်စု အောက်ဆုံးမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး လက်ကျန် ၂ ပွဲမှာ တန်းမဆင်းရဖို့ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။ အဖွင့် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပေမယ့် ၂ ပွဲဆက် ပြန်ပြီး အနိုင်ရခဲ့တဲ့ ခရိုအေးရှား ကတော့ နေးရှင်းလိဂ် A အုပ်စု ၁ရဲ့ ဒုတိယ နေရာကို ရောက်ရှိလာခဲ့ပါတယ်။ လက်ရှိ အုပ်စု ဇယား ထိပ်ဆုံးက ဒိန်းမတ်နဲ့ ၁ မှတ်သာ ကွာဟတော့တာကြောင့် လက်ကျန် ပွဲစဉ်တွေ မှာသာ ရလဒ် ကောင်းခဲ့မယ် ဆိုရင် ရှုံးထွက် အဆင့် ကိုတောင် တက်လှမ်းနိုင်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

နှစ်သင်းစလုံး လာမယ့် စက်တင်ဘာလ ၂၃ ရက်နေ့မှ နေးရှင်းလိဂ် အုပ်စု ပွဲစဉ်တွေ ဆက်လက် ကစားရဖို့ ရှိပြီး ခရိုအေးရှားက ဒိန်းမတ်၊ ပြင်သစ်က ဩစတြီးယားနဲ့ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်