နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ် – အဲဗာတန် | ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ (ပွဲကြိုသုံးသပ်ချက်)

အာဆင်နယ် – အဲဗာတန်

အခုတစ်ပတ် တနင်္ဂနွေနေ့မှာ ၂၀၂၁-၂၀၂၂ ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံး ပွဲစဉ်တွေ အားလုံး တစ်ချိန်တည်း ယှဉ်ပြိုင်ကစားဖို့ရှိပြီး အာဆင်နယ် ကတော့ အဲဗာတန်ကို အန်းမရိတ်စ်မှာ ဧည့်ခံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ယူပြီး တန်းမဆင်းရဖို့ သေချာသွားခဲ့တဲ့ အဲဗာတန်တို့ အမှတ်မလိုတော့ပေမယ့် အာဆင်နယ် ကတော့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် အတွက် အတတ်နိုင်ဆုံး ၃ မှတ် အပြည့်ရဖို့ အားစိုက်လာမှာ ဖြစ်ပါတယ်။

အာဆင်နယ် ကတော့ အရေးကြီးတဲ့ အချိန်ရောက်မှ ရှုံးပွဲဆက်ခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာကို ဆင်းပေးခဲ့ရပြီး ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်လည်း ကုန်ဆုံးသလောက် ရှိသွားခဲ့ပါတယ်။ လက်တလော အဆင့် ၄ နေရာက တော့တင်ဟမ်ဟော့စပါးနဲ့ ၂ မှတ် ကွာဟနေတာကြောင့် အခုပွဲမှာ ရလဒ်ကောင်းခဲ့ရင်တောင် တစ်ဖက်က စပါး အနေနဲ့ နော့ဝှစ်ချ်စီးတီးကို ရှုံးမှပဲ အာဆင်နယ်တို့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိတော့မှာပါ။ စပါးကို ရှုံးနိမ့်ခဲ့တာဟာ နည်းပြ မီခယ် အာတေးတားရဲ့ အမှားလို့‌ ပြောလို့ ရပေမယ့် နယူးကာဆယ် ကို ရှုံးခဲ့တာ ကတော့ အာတေးတား အပါအဝင် ကစားသမား အားလုံးရဲ့ အမှားမကင်းခဲ့ပါဘူး။ နယူးကာဆယ်နဲ့ ပွဲအပြီးမှာ ဂရန်းနစ် ချာကာ ကိုယ်တိုင် ယူရိုပါလိဂ် ကစားဖို့တောင် မထိုက်တန်ဘူးလို့ ဝန်ခံခဲ့ရတဲ့ အထိ ခြေစွမ်းပိုင်းရော၊ စိတ်ဓာတ်ပိုင်းမှာပါ အားနည်းချက်တွေ များခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၁၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၄ ပွဲ ရှုံးထားပြီး အန်းမရိတ်စ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲဆက် အနိုင်ရထားပါတယ်။ ညာနောက်ခံလူ တိုမီယာဆု ဒဏ်ရာ ပြန်ရသွားခြင်းက အာတေးတား အတွက်တော့ စိတ်ပျက်စရာ အခြေအနေ တစ်ခု ဖြစ်ပြီး စီဒရစ် အနေနဲ့ ရစ်ချာလီဆင်လို့ မြန်နှုန်းမြင့် တိုက်စစ်မှူး တစ်ဦးကို ကောင်းကောင်း ထိန်းချုပ်နိုင်ပါ့မလား ဆိုတာ သံသယ ဖြစ်စရာတော့ ရှိပါတယ်။ တိုမီယာဆု အပြင် တီယာနေးနဲ့ သောမက်စ် ပါတေး ကလည်း လွဲချော်ဦးမှာ ဖြစ်တာကြောင့် အာဆင်နယ်တို့ အရင် ပွဲတွေ ထက်တောင် အားနည်းနေနိုင်ပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – ရမ်းစ်ဒေးလ်၊ ဟိုးလ်ဒင်း၊ ဂါဘရီရယ်၊ စီဒရစ်၊ တာဗာရက်စ်၊ ချာကာ၊ အဲလ်နန်နီ၊ အိုဒီဂတ်၊ ဆာကာ၊ မာတင်နယ်လီ၊ အန်ကတ်တီးယား

ခရစ္စတယ်ပဲလေ့စ်ကို အံ့အားသင့်စရာ Comeback တစ်ခုနဲ့ အနိုင်ရခဲ့တဲ့ အဲဗာတန် ကတော့ လာမယ့်ရာသီ ပရီးမီးယားလိဂ် ဆက်ကစားခွင့်ရထားပြီး အခုပွဲ ရလဒ်က လမ်းပတ်ရဲ့ အသင်း အတွက် သိပ်တော့ အရေးမကြီးတော့ဘူးလို့ ပြောလို့ ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်နေတဲ့ အဲဗာတန်

ခရစ္စတယ်ပဲလေ့စ်ကို အံ့အားသင့်စရာ Comeback တစ်ခုနဲ့ အနိုင်ရခဲ့တဲ့ အဲဗာတန် ကတော့ လာမယ့်ရာသီ ပရီးမီးယားလိဂ် ဆက်ကစားခွင့်ရထားပြီး အခုပွဲ ရလဒ်က လမ်းပတ်ရဲ့ အသင်း အတွက် သိပ်တော့ အရေးမကြီးတော့ဘူးလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် နောက်ပိုင်း ပွဲစဉ်တွေမှာ အသင်းကြီးတွေကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့တဲ့ အဲဗာတန်တို့ အခုပွဲမှာလည်း အာဆင်နယ် ဆီက အနည်းဆုံး သရေ ၁ မှတ် ရဖို့ အားစိုက်လာပါလိမ့်မယ်။ လက်တလော အဆင့် ၁၆ နေရာမှာ ရှိနေပေမယ့် အပေါ်က ဆောက်သမ်တန်နဲ့ ၁ မှတ် သာ ကွာဟနေသလို ဂိုးကွာခြားချက်လည်း အသာရနေခဲ့လို့ လမ်းပတ်တို့ အုပ်စု အတတ်နိုင်ဆုံး ရလဒ်ကောင်းတစ်ခုနဲ့ ရာသီသိမ်းနိုင်ဖို့ မျှော်လင့်နေမှာ သေချာပါတယ်။ ဒါပေမယ့် အဲဗာတန်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်း ရလဒ်ကို ကြည့်မယ် ဆိုရင် ၂ ပွဲနိုင်၊ ၄ ပွဲ သရေ၊ ၁၂ ပွဲ အထိ ရှုံးနိမ့်ထားပြီး နောက်ဆုံး ၁၆ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားပါတယ်။ အခုလာမယ့် ပွဲကိုတော့ တောင်ဆန်၊ ပတ်တာဆန်၊ ရွန်ဒွန်၊ ဆီဂတ်ဆန် တို့ လွဲချော်ဖို့ ရှိပြီး မီနာနဲ့ ဒက်ဖ် ကတော့ ပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – ပစ်ခ်ဖို့ဒ်၊ ဟိုးလ်ဂိတ်၊ ကိန်း၊ ဂေါ့ဖရေး၊ အလီ၊ ဒူကိုရေး၊ မိုင်ကိုလန်ကို၊ အီဝိုဘီ၊ ဂရေး၊ ရစ်ချာလီဆင်၊ ကလဲဗက်လီဝင်း

พรีเมียร์ลีก
ลิเวอร์พูล
วูล์ฟแฮมป์ตัน วันเดอร์เรอร์ส เอฟซี
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပရီးမီးယားလိဂ်နောက်ဆုံး တွေ့ဆုံမှု ၂၄ ကြိမ်မှာ အာဆင်နယ်တို့ ၁၃ ကြိမ် အထိ အနိုင်ရခဲ့ပြီး အဲဗာတန် ကတော့ ၆ ကြိမ်သာ ပြန်လည် အနိုင်ရထားပါတယ်။ နောက်ဆုံး ၆ ပွဲ တွေ့ဆုံမှု မှာတော့ အာဆင်နယ် ၁ ပွဲသာ အနိုင်ရထားခဲ့ပြီး အဲဗာတန် ကတော့ ၃ ပွဲအထိ အနိုင်ရထားခဲ့ပါတယ်။ အဲဗာတန်တို့ ပြီးခဲ့တဲ့ ၃ ပွဲဆက် အာဆင်နယ်ကို အနိုင်ရထားပြီး ဒီရာသီ ပထမအကျော့ တွေ့ဆုံမှု မှာလည်း ဒမ်မာရီ ဂရေးရဲ့ နောက်ကျဂိုးနဲ့ အဲဗာတန်တို့ ဂွတ်ဒီဆင်ပါ့ခ်မှာ အနိုင်ရထားခဲ့ပါတယ်။

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ အာဆင်နယ် အတွက် ၁.၃၄ ဆ၊ အဲဗာတန် အတွက် ၇.၆၀ ဆ၊ သရေ အတွက် ၅.၂၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ စပါး ပွဲ အဖြေ ကလည်း အရေးကြီးနေတယ် ဆိုပေမယ့် အာဆင်နယ်တို့ အခုပွဲမှာ တတ်နိုင်သမျှ ရလဒ်ကောင်းဖို့ ကြိုးစားပါလိမ့်မယ်။ အဲဗာတန် ကလည်း တန်းမဆင်းရတော့ပေမယ့် တတ်နိုင်သမျှ ရလဒ်ကောင်းတစ်ခုနဲ့ ရာသီသိမ်းနိုင်ဖို့ ကြိုးပမ်းပါလိမ့်မယ်။ အာဆင်နယ်တို့ အဲဗာတန်နဲ့ နောက်ပိုင်း တွေ့ဆုံမှုတိုင်းမှာ ရုန်းကန်ရတတ်ပေမယ့် ဒီပွဲမှာတော့ ဂန်းနားတွေ အနေနဲ့ ပရိသတ်တွေကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ အပြန်အလှန် သွင်းဂိုး တချို့နဲ့ အာဆင်နယ်တို့ ကပ်နိုင်သွားမယ် ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်