နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချဲလ်ဆီး – အာဆင်နယ် | ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ (ပွဲကြိုသုံးသပ်ချက်)

ချဲလ်ဆီး – အာဆင်နယ်

အခုတစ်ပတ် ကြားရက်မှာ ပရီးမီးယားလိဂ် ပွဲကျန်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး ချဲလ်ဆီးက အာဆင်နယ်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးတို့ အမှတ်မလိုပေမယ့် ဂုဏ်သိက္ခာအရ အားစိုက်လာဖို့ ရှိသလို အာဆင်နယ် ကတော့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် မဖြစ်မနေ ရမှတ် ရှာဖွေနိုင်ဖို့ လိုအပ်နေတာကြောင့် လန်ဒန်ဒါဘီ ထုံးစံ အတိုင်း ပြင်းထန်တဲ့ အားပြိုင်မှုတွေကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

ချဲလ်ဆီး တို့ ချန်ပီယံလိဂ် အိမ်မက် စွန့်လွှတ်ခဲ့ရပြီးနောက် ရာသီကုန်မှာ ပရီးမီးယားလိဂ် အဆင့် ၃ နေရာ တည်မြဲရေးနဲ့ အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ရေး ကိုပဲ အာရုံစိုက်ရဖို့ ရှိနေတာပါ။ လက်တလော ပရီးမီးယားလိဂ်မှာ ရမှတ် ၆၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာကို အခိုင်အမာ ရယူထားပေမယ့် စပါးနဲ့ ၅ မှတ် ကွာဟနေပြီး ပွဲကျန် ၂ ပွဲ ကစားဖို့ ကျန်သည့် တိုင်အောင် တူချယ်ရဲ့ အသင်းက မှားခွင့်တော့ မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ချဲလ်ဆီး အနေနဲ့ လက်ကျန် ၈ ပွဲမှာ အခု အာဆင်နယ်နဲ့ ပွဲ အပါအဝင်၊ ဝက်စ်ဟမ်း၊ မန်ချက်စတာယူနိုက်တက်၊ ဝုဗ်၊ လက်စတာစီးတီး တို့လို အသင်းတွေနဲ့ ကစားဖို့ ကျန်နေသေးလို့ ပါပဲ။ လက်ရှိ ခြေစွမ်းပိုင်း အရ ဆိုရင်တော့ ပွဲစဉ် ၃၁ မှာ ဘရန့်ဖို့ဒ်နဲ့ ချန်ပီယံလိဂ် မှာ ရီးရဲယ်မက်ဒရစ်ကို ဂိုးပြတ် ရှုံးခဲ့ပေမယ့် ရလဒ်ဆိုးတွေ အောက်က အမြန်ဆုံး ပြန်လည် ရုန်းထပြီး နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပြန်ရထားပါတယ်။ ဆောက်သမ်တန်ကို ၆-၀၊ ရီးရဲယ်မက်ဒရစ်ကို ၃-၂၊ အက်ဖ်အေဖလားမှာ ပဲလေ့စ်ကို ၂-၀ ရလဒ်တွေနဲ့ အနိုင်ယူထားတဲ့ ချဲလ်ဆီးတို့ တီမိုဗာနာ၊ မေဆန်မောင့်၊ လော့ဖ်တပ်စ်ချိခ် တို့ရဲ့ ခြေစွမ်းပြမှုနဲ့ အတူ တစ်ခဏ အတွင်းမှာပဲ လမ်းကြောင်း မှန်ပေါ်ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ တစ်ချက် ရှိတာက ချဲလ်ဆီးရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း စွမ်းဆောင်ရည် ဖြစ်ပြီး ၁၄ ပွဲကစားရာမှာ ရှုံးပွဲ ၂ ပွဲသာ ရှိထားပေမယ့် ၇ ပွဲနိုင်၊ ၅ ပွဲ သရေကျထားတာ ဖြစ်ပါတယ်။ အခုလာမယ့် ပွဲကိုတော့ ကွင်းလယ်က ကိုဗာချစ် ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပေမယ့် ပဲလေ့စ်နဲ့ ပွဲတုန်းက အနားပေးခဲ့တဲ့ ကန်တေနဲ့ ဆေးလ်ဗား တို့တော့ ပွဲထွက်လူစာရင်းမှာ ပြန်ပါလာဖွယ် ရှိပါတယ်။

လာလီဂါ
ရီးယဲလ် ဆိုစီဒက်
ဘာစီလိုနာ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖြစ်နိုင်ဖွယ်လူစာရင်း – မန်ဒီ၊ ဆေးလ်ဗား၊ ရူဒီဂါ၊ အက်ဇ်ပီလီကွယ်တာ၊ ရိစ်ဂျိမ်းစ်၊ လော့ဖ်တပ်စ်ချိခ်၊ ကန်တေ၊ အလွန်ဆို၊ မောင့်၊ ဗာနာ၊ ဟာဗက်ဇ်

မီခယ်အာတေးတားရဲ့ အသင်း ကတော့ အဓိက ပွဲထွက် ကစားသမား နှစ်ဦး ဖြစ်တဲ့ သောမက်စ် ပါတေးနဲ့ ကီရင် တီယာနေးတို့ ဒဏ်ရာရသွားပြီးနောက် အသင်းလိုက် ကစားပုံ ပျက်သွားပြီး ရလဒ်တွေ တောက်လျောက် ဆိုးရွားနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲဆက် ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၆ နေရာ အထိ ဆင်းပေးခဲ့ရပြီး လက်ကျန် ပွဲစဉ်တွေ အရ ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ပါ မရေရာ မသေချာဖြစ်နေခဲ့တာပါ။ နှစ်ပေါင်းများစွာ အကြာမှ ဥရောပပြိုင်ပွဲကို ပထမဦးဆုံး အကြိမ် လွဲချော်ထားခဲ့တဲ့ အာဆင်နယ်တို့ ဒီရာသီ မှာတော့ လူငယ် ကစားသမားတွေရဲ့ အားနဲ့ အတူ ချန်ပီယံလိဂ် ဝင်ခွင့်ပါ မျှော်လင့်နိုင်ခဲ့ပေမယ့် လက်ရှိ အခြေအနေအရ လက်ကျန် ၇ ပွဲ ကနေ အမှတ် အများဆုံး ရအောင် စွမ်းဆောင်နိုင်မှပဲ ယူရိုပါလိဂ် လောက်ပဲ မျှော်လင့်နိုင်တော့မှာ ဖြစ်ပါတယ်။ ခြေစွမ်းပိုင်း အရ ဆိုရင်တော့ ပါတေးနဲ့ တီယာနီ နေရာမှာ အစားထိုးထားရတဲ့ လိုကွန်ညာနဲ့ တာဗာရက်စ် တို့ရဲ့ အရည်အချင်း မပြည့်မီမှုက အသင်းရဲ့ ဟန်ချက်ကို လုံးဝ ပျက်ပြားသွားစေခဲ့ပြီး တိုက်စစ်က လာကာဇက် မကစားနိုင်ချိန်မှာလည်း အန်ကီးတီးယားက လူပို တစ်ယောက်ထက် မပိုတာကြောင့် ဂန်းနားတို့ ဂိုးသွင်းနှုန်း ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ၃ ပွဲမှာ တစ်ပွဲ ပျမ်းမျှ ၂ ဂိုးနှုန်း ပေးခဲ့ရပေမယ့် တိုက်စစ် ကတော့ ၁ ဂိုးသာ ပြန်ရခဲ့တာကို ကြည့်ခြင်းအားဖြင့် အာတေးတားရဲ့ အသင်း ဘယ်လောက် အခြေအနေ ဆိုးနေသလဲ ဆိုတာ သိနိုင်ပါတယ်။ အခုလာမယ့် ပွဲမှာလည်း တိုမီယာဆု၊ တီယာနေး၊ ပါတေးတို့ လွဲချော်ဦးမှာဖြစ်ပြီး တိုက်စစ်မှူး လာကာဇက်လည်း ကိုဗစ် ၁၉ ကူးစက်ခံထားရတာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲဆက် ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၆ နေရာ အထိ ဆင်းပေးခဲ့ရပြီး လက်ကျန် ပွဲစဉ်တွေ အရ ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ပါ မရေရာ မသေချာဖြစ်နေခဲ့တာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာကို ရောက်ရှိနေတဲ့ အာဆင်နယ်

ဖြစ်နိုင်ဖွယ်လူစာရင်း – ရမ်းစ်ဒေးလ်၊ စီဒရစ်၊ တာဗာရက်စ်၊ ဝှိုက်၊ ဂါဘရီရယ်၊ ချာကာ၊ လိုကွန်ညာ၊ ဆာကာ၊ အိုဒီဂတ်၊ စမစ်ရိုးဝ်၊ မာတင်နယ်လီ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

၂၀၁၀ ခုနှစ် နောက်ပိုင်း ပြိုင်ပွဲစုံ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၃၄ ကြိမ်မှာ ချဲလ်ဆီး တို့ ၁၅ ကြိမ် နိုင်ပြီး အာဆင်နယ် ကတော့ ၁၂ ကြိမ် ပြန်လည် အနိုင်ရထားပါတယ်။ ၇ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ထားပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ တွေ့ဆုံမှု မှာတော့ တစ်သင်းကို ၂ ကြိမ်စီ အနိုင်ရထားပြီး ၁ ကြိမ် ကတော့ သရေကျထားပါတယ်။ အခုနှစ် ဘောလုံး ရာသီ ပရီးမီးယားလိဂ် ပထမအကျော့ မှာတော့ ချဲလ်ဆီးတို့ လူကာကူ၊ ရိစ်ဂျိမ်းစ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အန်းမရိတ်စ်မှာ အနိုင်ရထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ ချဲလ်ဆီး အတွက် ၁.၈၇ ဆ၊ အာဆင်နယ် အတွက် ၄.၁၀ ဆ၊ သရေ အတွက် ၃.၄၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ မီခယ်အာတေးတား ဟာ ချဲလ်ဆီးနဲ့ တွေ့ရင် မထင်မှတ်တာတွေ လုပ်ပြတတ်ပေမယ့် လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှု အရတော့ သရေ တစ်မှတ်တောင် မျှော်လင့်နိုင်ဖို့ မရှိပါဘူး။ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် အတွက် အာဆင်နယ်တို့ရဲ့ ရုန်းအားကို မြင်တွေ့ရနိုင်ဖွယ် ရှိပေမယ့် နောက်ဆုံး မှာတော့ ဘယ်လို ကန်ရင် နိုင်မယ် ဆိုတာ သိနေတဲ့ ချဲလ်ဆီး တို့ပဲ ၃ မှတ် အပြည့် ယူသွားပါလိမ့်မယ်။


ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်