နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်ချက်စတာယူနိုက်တက် – နော့ဝှစ်ချ်စီးတီး | ပရီးမီးယားလိဂ် ပွဲစဉ် ၃၃ (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် – နော့ဝှစ်ချ်စီးတီး

ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပျောက်ထားတဲ့ မန်ချက်စတာယူနိုက်တက် ကတော့ အခုတစ်ပတ် ပွဲစဉ် (၃၃)မှာ အမှတ်ပေးဇယား အောက်ဆုံးက နော့ဝှစ်ချ်စီးတီးနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်တို့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် မျှော်လင့်ချက် ကုန်သလောက် ရှိနေပေမယ့် ဂုဏ်သိက္ခာအရ မဖြစ်မနေ နိုင်ပွဲ ပြန်ရှာဖို့ အားစိုက်လာမှာ ဖြစ်သလို နော့ဝှစ်ချ်စီးတီး ကလည်း တန်းမဆင်းရရေး အတွက် ဖောင်ဖျက် ကစားနေလို့ ပထမအကျော့ ကလိုပဲ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့ သေချာနေပါတယ်။

ပရီးမီးယား လိဂ်
ဆောက်သမ်တမ်
အာဆင်နယ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

မန်ချက်စတာယူနိုက်တက်တို့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ တန်းဆင်းဇုန်နားက အဲဗာတန်ကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့လို့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် တော်တော်လေး ဝေဝါးသွားခဲ့ရပါတယ်။ ဒါပေမယ့် အဆင့် ၄ နေရာက တော့တင်ဟမ်ဟော့စပါးနဲ့ ၆ မှတ် ကွာဟနေသည့် တိုင်အောင် လက်ကျန် ပွဲစဉ် ၇ ပွဲ ကစားဖို့ ကျန်နေသေးလို့ မျှော်လင့်ချက်တော့ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် လစ်ဗာပူးလ်၊ အာဆင်နယ်၊ ချဲလ်ဆီး၊ ခရစ္စတယ်ပဲလေ့စ် တို့လို အသင်းတွေနဲ့ ကစားဖို့ ကျန်ရှိနေသေးလို့ ယူနိုက်တက်တို့ အခုလို လွယ်ကူတဲ့ ပွဲကနေ တတ်နိုင်သမျှ အမှတ်ပြည့် ရအောင် ယူထားနိုင်ဖို့ လိုအပ်ပါတယ်။ လက်ရှိ ခြေစွမ်းနဲ့ ရလဒ်ပိုင်း အရ ဆိုရင်တော့ ယူနိုက်တက်ရဲ့ အခြေအနေက စိတ်ပျက်စရာ အကောင်းဆုံး အခြေအနေကို ရောက်ရှိနေပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ စပါး တစ်သင်းတည်းကို အနိုင်ရထားပါတယ်။ မက်ဂွိုင်းယား ဦးဆောင်တဲ့ ခံစစ်က ပွဲတိုင်းလိုလို အမှားတွေ လုပ်နေသလို ကွင်းလယ် ကလည်း ကစားကွက် ချိတ်ဆက်တဲ့ အပိုင်းမှာ အားနည်းချက် အပြည့် ရှိနေဆဲပါ။ ခရစ္စတီယာနို ရော်နယ်ဒို ဦးဆောင်တဲ့ တိုက်စစ် ကလည်း နောက်ဆုံး ၅ ပွဲမှာ ၄ ဂိုးသာ သွင်းယူထားနိုင်ပြီး စပါးနဲ့ ပွဲမှာပဲ ခြေစွမ်းပြနိုင်ခဲ့တာ တွေ့ရပါတယ်။ ယူနိုက်တက်ရဲ့ ဒီနှစ် ပရီးမီးယားလိဂ် အိမ်ကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ် ဆိုရင်တော့ ၈ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၄ ပွဲ ရှုံးထားပြီး အိမ်ကွင်း နောက်ဆုံး ၃ ပွဲမှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးထားခဲ့ပါတယ်။ နောက်ဆုံး သတင်းတွေ အရ အခုလာမယ့် ပွဲကို ကာဗာနီနဲ့ လုခ်ရှောတို့ ကျိန်းသေပေါက် လွဲချော်မယ်လို့ သိရပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – ဒက်ဟဲယား၊ ဒါးလော့တ်၊ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယား၊ တဲလက်စ်၊ မက်တစ်ပ်၊ ပေါ့ဘာ၊ အီလန်ဂါ၊ ဖာနန်ဒက်စ်၊ ဆန်ချို၊ ရော်နယ်ဒို

ဒင်းန်စမစ်ရဲ့ အသင်း ကတော့ အမှတ်ပေးဇယား အောက်ဆုံးကို ရောက်ရှိနေပေမယ့် ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရရေး ပွဲတိုင်းကို အားစိုက်နေဆဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် ရှုံးပွဲ မရှိထားတဲ့ နော့ဝှစ်ချ်စီးတီး

ဒင်းန်စမစ်ရဲ့ အသင်း ကတော့ အမှတ်ပေးဇယား အောက်ဆုံးကို ရောက်ရှိနေပေမယ့် ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရရေး ပွဲတိုင်းကို အားစိုက်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ ဘန်လေကို ၂ ဂိုးပြတ် အနိုင်ရထားပြီး တန်းဆင်းဇုန် အထက်က အဲဗာတန်နဲ့ ၇ မှတ်သာ ကွာဟနေလို့ မျှော်လင့်ချက်တော့ အပြည့် ရှိနေဆဲ ဖြစ်ပါတယ်။ လက်ကျန် ပွဲစဉ် အနေအထားအရ နော့ဝှစ်ချ်စီးတီးတို့ ဘယ်လိုမှ မချောင်ပေမယ့် တတ်နိုင်သမျှ အမှတ်ယူဖို့တော့ ဖောင်ဖျက် ကစားဦးမှာ ဖြစ်ပြီး အခုပွဲမှာလည်း ခြေချော်တတ်တဲ့ ယူနိုက်တက် ဆီက အနိမ့်ဆုံး သရေ ၁ မှတ် ရဖို့ အားစိုက်လာပါလိမ့်မယ်။ လက်တလော နော့ဝှစ်ချ်စီးတီးမှာ အက်ဒမ် အိုင်ဒါ့ရ်၊ အော်ဇန် ကာဘက်ခ်၊ အိုမိုဘမ်မီဒယ်လီ တို့ ဒဏ်ရာပြသနာ ရှိနေဆဲ ဖြစ်ပြီး ဘရန်ဒ် ဝီလီယမ်စ် ကလည်း အသင်းဟောင်းနဲ့ ပြန်လည် ရင်ဆိုင်ရမယ့် ပွဲဖြစ်လို့ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဂေးလ်မော၊ ဆားဂျန့်တ်၊ ပလာချီတာ တို့လည်း ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – ခရူးလ်၊ အာရွန်စ်၊ ဟန်လီ၊ ဂစ်ဘ်ဆင်၊ ဂီယန်နူးလစ်၊ မက်ကလင်းန်၊ နော်မန်၊ ဒိုဝဲလ်၊ လီးစ် မယ်လူ၊ ရာရှီဆာ၊ ပွတ်ကီ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ နောက်ဆုံး ၁၃ ကြိမ် ထိပ်တိုက်တွေ့ဆုံမှုမှာ ယူနိုက်တက်တို့ ၁၁ ကြိမ် အနိုင်ရပြီး နော့ဝှစ်ချ်စီးတီး ကတော့ ၂ ကြိမ်သာ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ယူနိုက်တက်တို့ နော့ဝှစ်ချ်စီးတီးကို နောက်ဆုံး ၅ ပွဲဆက် အနိုင်ရထားပြီး ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့ ပွဲစဉ်မှာ ယူနိုက်တက်တို့ နော့ဝှစ်ချ်စီးတီးကို အသည်းအသန် ကစားပြီး ရော်နယ်ဒိုရဲ့ ပင်နယ်တီ သွင်းဂိုး ၁ ဂိုး တည်းနဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ မန်ချက်စတာယူနိုက်တက် အတွက် ၁.၂၃ ဆ၊ ဘရိုက်တန် အတွက် ၆.၀၀ ဆ၊ သရေ အတွက် ၁၁.၀၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ယူနိုက်တက်ရဲ့ လက်ရှိ ခြေစွမ်းပိုင်းအရ ယုံကြည်ရခက်နေတယ် ဆိုပေမယ့် အိမ်ကွင်း မှာတော့ အမှတ်ပေးဇယား အောက်ဆုံးက အသင်းကို ရှုံးအောင်တော့ မကစားလောက်ပါဘူး။ နော့ဝှစ်ချ်စီးတီး အနေနဲ့ ပြီးခဲ့တဲ့ ပွဲတွေမှာ ခံစစ် ကစားပုံ တိုးတက်လာတာကြောင့် ယူနိုက်တက်တို့ ဂိုးရဖို့ ရုန်းကန်ရနိုင်ပေမယ့် ရော်နယ်ဒို ဦးဆောင်တဲ့ တိုက်စစ်က အချိန်တန်ရင်တော့ အနည်းဆုံး သွင်းဂိုး ၁ ဂိုးတော့ ရှာဖွေနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် အပြည့်အဝ ပျော်ရွှင်ရနိုင်မယ့် ဂိုးအောက် ၃.၀၀ ကို ရွေးချယ်ထားချင်ပါတယ်။

ခန့်မှန်းရလဒ် (၂-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်