နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပုံစံကောင်းတစ်ခုကို ဆက်ထိန်းပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတဲ့ လိဒ်စ် | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ဝက်ဖို့ဒ် ၀-၃ လိဒ်စ်ယူနိုက်တက်

နည်းပြသစ် ဂျက်ဆီ မက်ရှ် လက်အောက်မှာ တစ်ပွဲထက် တစ်ပွဲ ပုံစံကောင်း ပြန်ရနေတဲ့ လိဒ်စ်ယူနိုက်တက်တို့ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ ကိုလည်း ဂိုးပြတ် အနိုင်ရလဒ်နဲ့ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ဝက်ဖို့ဒ်တို့ တန်းမဆင်းရရေး အတွက် အားစိုက်ခဲ့သလို လိဒ်စ် ကလည်း တန်းဆင်းဇုန် ဖိအားတွေ အောက်က လွတ်လွတ်ကျွတ် ရုန်းထွက်နိုင်ဖို့ အတွက် အမှားမရှိအောင် ကစားသွားခဲ့ပြီး အဆုံးသတ် သေချာမှုတွေကြောင့် အပြတ်အသတ် အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ရွိုင်းဟော့ဆန်ရဲ့ အသင်းက ပုံမှန် ပွဲထွက်နေကျ ၄-၃-၃ နဲ့ပဲ ကစားကွက် ခင်းကျင်းလာခဲ့ပြီး လိဒ်စ် ကလည်း ထုံးစံ အတိုင်း ၄-၂-၃-၁ နဲ့ ရင်ဆိုင်သွားခဲ့ပါတယ်။ ဝက်ဖို့ဒ် တိုက်စစ်မှာ ချူချို ဟာနန်ဒက်ဇ်၊ ဂျာအို ပက်ဒရို၊ ဆား တို့ ဦးဆောင်ခဲ့ပြီး ကွင်းလယ်နဲ့ ခံစစ်မှာတော့ ဆစ်ဆိုခို၊ လူဇာ၊ ကွတ်ချ်ကာ၊ ကီကို၊ ကာဘာဆီလီ၊ ဆာမီရာ၊ ကာမာရာ၊ ဖော်စတာ တို့ ပါဝင်ခဲ့ပါတယ်။ လိဒ်စ် ကတော့ အထောင် တိုက်စစ်မှူး အဖြစ် ဒန်ဂျိမ်းစ် ကိုပဲ သုံးခဲ့ပြီး တောင်ပံ နှစ်ဖက်မှာ ရာဖင်ညာနဲ့ ဂျက်ဟာရစ်ဆင်၊ ကွင်းလယ်မှာ ရိုဒရီဂို၊ ကော့ချ်၊ ကလစ်ချ်၊ ခံစစ်မှာ ကူပါး၊ ယော်ရန်းတေး၊ အေးလင်း၊ ဒါးလက်စ်နဲ့ ဂိုးမှာတော့ မက်စ်လေယားပဲ ပွဲထွက်ခဲ့ပါတယ်။

ဝက်ဖို့ဒ် ကတော့ ကစားအား ကောင်းပေမယ့် အဆုံးသတ်ပိုင်း အားနည်းမှု ခံစစ် ယို့ယွင်းမှုတွေကြောင့် ၂၁ ပွဲမြောက် ပရီးမီးယားလိဂ် ရှုံးပွဲနဲ့အတူ တန်းဆင်းရဖို့ နီးသထက် နီးလာခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေတဲ့ ဝက်ဖို့ဒ်

အိမ်ရှင် ဝက်ဖို့ဒ်တို့ ပွဲစကတည်းက ဘောလုံး ပိုင်ဆိုင်မှု အသာစီးရယူပြီး လူဇာရဲ့ အဝေးကန်ချက်၊ ချူချို ဟာနန်ဒက်ဇ်နဲ့ အစ္စမေလာ ဆား တို့ရဲ့ မွှေနှောက်မှုတွေနဲ့ လိဒ်စ် ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ လိဒ်စ်ယူနိုက်တက် ကတော့ အခွင့်အရေး ရရင် ရသလို ခံစစ် ကနေ တိုက်စစ်ကို အလျင်အမြန် ကူးပြောင်းပြီး ဝက်ဖို့ဒ်ရဲ့ အမှားကို စောင့်ကစားခဲ့ပါတယ်။ လိဒ်စ် အတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၂၁ မိနစ်မှာ ရာဖင်ညာက ဘီးကုပ်ထိပ်ကနေ လှလှပပ ကန်သွင်းသွားခဲ့ပြီး ပထမပိုင်း အပြီးမှာတော့ ၀-၁ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်း မှာတော့ လိဒ်စ်တို့ ပိုပြီး ဖိဖိစီးစီး ကစားနိုင်ခဲ့ပြီး ပြိုင်ဘက်ရဲ့ ခံစစ်ကို အလုပ်ရှုပ်စေခဲ့ပါတယ်။ ဝက်ဖို့ဒ် ကလည်း အပိုင် အခွင့်အရေးတွေ တောက်လျောက် ရခဲ့ပေမယ့် ဂျာအို ပက်ဒရို၊ ဆား၊ ကွတ်ချ်ကာတို့ ဖြုန်းတီးခဲ့ပါတယ်။ ကယ်ဗင်ဖီးလစ်၊ ဆမ်ဂရင်းဝုဒ်တို့ ဝင်ရောက်လာချိန် မှာတော့ လိဒ်စ်တို့ ကွင်းလယ်ပိုင်း ပိုမို တောင့်တင်းသွားခဲ့ပေမယ့် ဝက်ဖို့ဒ် ခံစစ် ကတော့ စပြီး အမှားတွေ များလာခဲ့ပါတယ်။ ပွဲချိန် ၇၃ မိနစ် မှာတော့ ဆာမီရာနဲ့ ကာမာရဲ့ အမှားကတစ်ဆင့် ရိုဒရီဂို က ဂိုးသမား ဖော်စတာကို ကျော်ဖြတ်ပြီး လိဒ်စ် အတွက် ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီး မှာလည်း လိဒ်စ် အတွက် အနိုင်သေချာစေမယ့် တတိယ ဂိုးထပ်ရခဲ့ပြီး ဂရင်းဝုဒ် ခင်းပေးလိုက်တဲ့ ဘောလုံးကို ဂျက်ဟာရစ်ဆင်က တောက်လျောက် ဆွဲပြေးပြီး ထောင့်ဖြတ် အနေအထား ကနေ လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

မာဆယ်လို ဘီရဲယ်ဆာ အထွက် ဂျက်ဆီ မက်ရှ် အဝင် အကူးအပြောင်း ကာလတုန်းက လိဒ်စ်တို့ ရုန်းကန်ခဲ့ရပေမယ့် နည်းပြသစ်နဲ့ အတူ တဖြည်းဖြည်း ခြေစွမ်း တည်ငြိမ်လာခဲ့ပြီလို့ပဲ ဆိုရပါမယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေ ကစားနိုင်ခဲ့တဲ့ လိဒ်စ်တို့ လက်တလော အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရှိနေသေးပေမယ့် တန်းဆင်းဇုန် ကိုတော့ ၉ မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အဆင့် ၉ နေရာက ခရစ္စတယ်ပဲလေ့စ်နဲ့တောင် ၄ မှတ်ပဲ ကွာဟနေလို့ လက်ကျန်ပွဲတွေမှာ တောက်လျောက် အမှတ်တွေ ယူနိုင်ဦးမယ် ဆိုရင် လိဒ်စ်တို့ အဆင့် ၁၀ အတွင်း ဝင်ရေးတောင် မျှော်လင့်ခွင့် ရှိဦးမှာ ဖြစ်ပါတယ်။ ဝက်ဖို့ဒ် ကတော့ ကစားအား ကောင်းပေမယ့် အဆုံးသတ်ပိုင်း အားနည်းမှု ခံစစ် ယို့ယွင်းမှုတွေကြောင့် ၂၁ ပွဲမြောက် ပရီးမီးယားလိဂ် ရှုံးပွဲနဲ့အတူ တန်းဆင်းရဖို့ နီးသထက် နီးလာခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

ဝက်ဖို့ဒ်တို့ လာမယ့် တစ်ပတ်မှာ ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပြီး လိဒ်စ် ကတော့ ခရစ္စတယ်ပဲလေ့စ်ရဲ့ ဆဲလ်ဟတ်စ်ပါ့ခ်ကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်