နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်းဆင်းဇုန်နားက အဲဗာတန်ကို မကြည့်ရက်လို့ အမှတ်လှူခဲ့တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

အဲဗာတန် ၁-၀ မန်ချက်စတာယူနိုက်တက်

ဂူဒီဆင်ပါ့ခ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၃၂) မှာတော့ တန်းဆင်းဇုန် ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ အဲဗာတန်တို့ အန်တိုနီ ဂေါ်ဒွန်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ မန်ချက်စတာယူနိုက်တက်ကို အနိုင်ရသွားခဲ့ပါတယ်။ ဒီရလဒ်ကြောင့် တန်းဆင်းဇုန်နဲ့ အနီးဆုံးကို ရောက်ရှိနေတဲ့ အဲဗာတန်တို့ အနည်းငယ် အသက်ရှူချောင်သွားခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် တိုက်ပွဲဝင်နေတဲ့ ယူနိုက်တက် ကတော့ လက်ကျန်ပွဲတွေ ရှိနေသေးပေမယ့် မျှော်လင့်ချက်တွေ ကုန်သလောက် ရှိသွားခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရရေး အတွက် အမှားခံလို့ မရတဲ့ အဲဗာတန်တို့ ယူနိုက်တက်ကို အတောင့်တင်းဆုံး လူစာရင်းနဲ့ ရင်ဆိုင်ခဲ့ပြီး ဖောင်ဖျက် ကစားသွားခဲ့ပါတယ်။ တိုက်စစ်မှာ ဒေါမနစ် ကလဲဗက်လီဝင်ကို ပွဲထုတ်လာခဲ့ပြီး တောင်ပံ နှစ်ဖက်မှာ ရစ်ချာလီဆင်နဲ့ ဂေါ်ဒွန်၊ ကွင်းလယ်မှာ အီဝိုဘီ၊ အဲလန်နဲ့ ဒက်ဖ်၊ နောက်တန်းနဲ့ ဂိုးမှာတော့ ဂေါ့ဖရေး၊ ကိန်း၊ မိုင်ကိုလန်ကို၊ ကိုးလ်မန်းနဲ့ ပစ်ခ်ဖို့ဒ်တို့ ကစားခဲ့ပါတယ်။ ယူနိုက်တက် ကလည်း ရော်နယ်ဒို၊ ရက်ရှ်ဖို့ဒ်၊ ဆန်ချို ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ကွင်းလယ်မှာ ဘရူနိုဖာနန်ဒက်စ်၊ ဖရက်ဒ်နဲ့ မာတစ်၊ ခံစစ် မှာတော့ မက်ဂွိုင်းယား၊ လင်ဒီအော့ဖ်၊ ဝမ်ဘစ်ဆာခါ၊ အဲလက်စ်တဲလက်စ်၊ ဒါးဗစ် ဒက်ဟဲယား တို့ပဲ ပွဲထွက်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရရေး အတွက် အမှားခံလို့ မရတဲ့ အဲဗာတန်တို့ ယူနိုက်တက်ကို အတောင့်တင်းဆုံး လူစာရင်းနဲ့ ရင်ဆိုင်ခဲ့ပြီး ဖောင်ဖျက် ကစားသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ၁၃ ပွဲမှာ ၃ ပွဲမြောက် နိုင်ပွဲ ရရှိခဲ့တဲ့ အဲဗာတန်

ပွဲအစပိုင်းမှာ ယူနိုက်တက်တို့ အဲဗာတန် ဘက်ကို ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ရက်ရှ်ဖို့ဒ် အပိုင် ခေါင်းတိုက်ချက်ကို ပစ်ခ်ဖို့ဒ် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ အဲ့နောက် ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ တောင်ပံ နှစ်ဖက်စလုံး ကနေ ဖန်တီးမှုတွေ ပြုလုပ်ပြီး ဂိုးရဖို့ ကြိုးပမ်းခဲ့ပေမယ့် အဲဗာတန် ခံစစ်က အမှားအယွင်း မရှိ တားဆီးနိုင်ခဲ့ပါတယ်။ ပွဲချိန် ၂၇ မိနစ် မှာတော့ အဲဗာတန် တို့ မထင်မှတ်ပဲ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ ရစ်ချာလီဆင်နဲ့ အီဝိုဘီတို့ အပေးအယူ လုပ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို အန်တိုနီ ဂေါ်ဒွန်က ဧရိယာထိပ်ကနေ အမှတ်မထင် ကန်သွင်းရာမှာ ယူနိုက်တက် အချစ်တော် ဂေါင်းကြီး မက်ဂွိုင်းယားနဲ့ ထိပြီး လမ်းကြောင်းပြောင်း ဝင်သွားခဲ့လို့ ဒက်ဟဲယားလည်း ဘယ်လိုမှ မတတ်နိုင်ပဲ သွင်းဂိုး အဖြစ် ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။ အဲ့နောက် အဲဗာတန်တို့ နောက်ထပ် ဦးဆောင်ဂိုး ရဖို့ နီးစပ်ခဲ့ပေမယ့် ရစ်ချာလီဆင်ရဲ့ ကန်ချက်ကို ဒါးဗစ် ဒက်ဟဲယား ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၃၅ မိနစ်မှာတော့ ဖရက်ဒ် ဒဏ်ရာရသွားလို့ ပေါ့ဘာနဲ့ လူစားလဲခဲ့ရပြီး ဒုတိယပိုင်းမှာ မာတာ၊ အီလန်ဂါ တို့ ဝင်ရောက်လာခဲ့ပေမယ့် ယူနိုက်တက်တို့ ဘောလုံး ကိုင်ထားရုံသာ တတ်နိုင်ခဲ့ပြီး အဲဗာတန်ရဲ့ မာကျောတဲ့ ခံစစ်ကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ပွဲပြီးခါနီး နောက်ဆုံး မိနစ်မှာ ရော်နယ်ဒို အပိုင်ကန်သွင်းခွင့် တစ်ကြိမ် ရရှိခဲ့သေးပေမယ့် ပစ်ခ်ဖို့ဒ် ကာကွယ်သွားနိုင်ခဲ့လို့ ၁-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးပြီး အဲဗာတန်တို့ ဂူဒီဆင်ပါ့ခ်မှာ အဖိုးတန် အနိုင် ၃ မှတ် ရရှိသွားခဲ့ပါတယ်။ 


ပွဲပြီးသုံးသပ်ချက်

ချန်ပီယံလိဂ် ဝင်ခွင့် အတွက် မရေမသေချာ ဖြစ်နေမှုကို ယူနိုက်တက်တို့ အဆုံးသတ်လိုက်ချင်ပုံရပါတယ်။ ပွဲအစပိုင်းမှာ ဟုတ်မလိုလို ရှိခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့ အမျှ အရင်ပုံစံ အတိုင်း ဘောလုံး ပိုင်ဆိုင်မှု အသာစီးရနေရုံက လွဲလို့ ကစားပုံ စွဲမက်စရာ မရှိတော့သလို ပွဲအဖြေ ပြောင်းလဲနိုင်မယ့် ကစားသမားလည်း ပေါ်ထွက်လာခြင်း မရှိခဲ့ပါဘူး။ တစ်ဖက်က ခံစစ် ကစားပုံ ကျစ်လျစ် မာကျောတယ် ဆိုပေမယ့် ရော်နယ်ဒို၊ ဆန်ချို၊ ရက်ရှ်ဖို့ဒ် တို့လို တိုက်စစ်မှူးတွေ ပိုင်ဆိုင်ထားတဲ့ ယူနိုက်တက်တို့ အနည်းဆုံး တစ်ဂိုးလောက်တော့ ပြန်ရသင့်ပါတယ်။ တောင်ပံတွေကို အားပြုပြီး ထိုး‌ဖောက်ခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ နောက်ဆုံး မိနစ် ကန်ချက် တစ်ကြိမ်ပဲ ရင်ခုန်စရာ ရှိခဲ့ပါတယ်။  အဓိက ကတော့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ဖြစ်ပြီး နိုင်ပွဲ ဆာလောင်စိတ် ရှိခြင်း မရှိခြင်း ဆိုတာထက် ဦးတည်ချက်ကို လုံးဝ ပျောက်ဆုံးနေခဲ့တယ်လို့ပဲ မြင်ပါတယ်။ အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယား ကတော့ ဒီနေ့ပွဲမှာ ဗီလိန် ထပ်ဖြစ်ခဲ့တယ် ဆိုပေမယ့် သူနဲ့ တွဲကစားတဲ့ လင်ဒီလော့ဖ်ရဲ့ ခြေစွမ်း ကလည်း အားရစရာ မရှိခဲ့ပါဘူး။ ဒါးဗစ် ဒက်ဟဲယားသာ မကာကွယ်နိုင်ရင် သေချာပေါက် ၂-၀ လောက်နဲ့ကို အရေးနိမ့်သွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီပွဲရလဒ်ကြောင့် ပရီးမီးယားလိဂ် အဆင့် ၄ နေရာက စပါးနဲ့ ၆ မှတ်အထိ ကွာဟသွားခဲ့တဲ့ ယူနိုက်တက်တို့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် လုံးဝ နီးပါးကို ကုန်ဆုံးသွားခဲ့ရပြီ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ရီးယဲလ်မက်ဒရစ်
ချဲလ်ဆီး
1X2 ရီးယဲလ်မက်ဒရစ် @ 2.32
ဂိုးပေါ် 2.50 @ 1.85
ဂိုးပေါင်း 2-3 @1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အဲဗာတန် အတွက် ကတော့ ယူနိုက်တက်ကို အနိုင်ရခဲ့တယ် ဆိုတာထက် တန်းမဆင်းရဖို့ အသေအလဲ ရုန်းနေရချိန်မှာ အသင်းကြီး တစ်သင်း ဆီက ၃ မှတ် အပြည့်ရလိုက်တာကြောင့် စိတ်ဓာတ်ပိုင်း ဆိုင်ရာ တော်တော်လေး မြင့်တက်သွားမှာ သေချာပါတယ်။ ဒါ့အပြင် အဲဗာတန် နည်းပြ ဘဝ ၁၂ ပွဲ ကိုင်တွယ်ထားရာမှာ ၈ ပွဲအထိ ရှုံးနိမ့်ထားတဲ့ လမ်းပတ် အတွက်လည်း ယူနိုက်တက်နဲ့ တွေ့မှပဲ အောင်ပွဲခံသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်က ရန်းညက်ခ် ကတော့ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်ကို ကိုင်တွယ်ချိန်ကစပြီး နိုင်ပွဲရ ရာခိုင်နှုန်း ၄၇% သာ ရှိထားခဲ့ပါတယ်။ ဒါဟာ ယူနိုက်တက်ရဲ့ သမိုင်းတစ်လျှောက် ဘယ်နည်းပြထက် မဆို ပိုနည်းတဲ့ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားခဲ့တာပါ။ နည်းစနစ် ဂုရုကြီး အဖြစ် တစ်သက်လုံး နာမည် တစ်လုံးနဲ့ ရပ်တည်လာခဲ့ပြီး ယူနိုက်တက်ကို ရောက်မှ ဆက်တိုက် မှတ်တမ်းဆိုးတွေ ပိုင်ဆိုင်နေရာတာ ဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်ဒိုနဲ့ ရန်းညက်ခ် ကို “သေချင်တဲ့ကျားများ တောပြောင်းခဲ့လေသလား” လို့ပဲ  မေးခွန်းထုတ်ချင်မိပါတော့တယ်။

ပွဲအပြီးမှာ အဲဗာတန်တို့ ရမှတ် ၂၈ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ရပ်တည်နေဆဲ ဖြစ်ပေမယ့် တန်းဆင်းဇုန်နဲ့ ၄ မှတ် ကွာဟသွားခဲ့လို့ အနည်းငယ် ဖိအားလျော့သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း လာမယ့် ပွဲစဉ် ၇ ပွဲမှာ လက်စတာစီးတီးနဲ့ ၂ ပွဲ၊ လစ်ဗာပူးလ်၊ ချဲလ်ဆီး၊ ဝက်ဖို့ဒ်၊ ဘရန့်ဖို့ဒ်၊ ပဲလေ့စ်၊ အာဆင်နယ် တို့နဲ့ ကစားဖို့ ကျန်နေသေး တော်ဖီတို့ အတွက် ဘာဆိုဘာမှကို မသေချာသေးဘူးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ 


လာမယ့်ပွဲစဉ်များ

အဲဗာတန်တို့ ဧပြီလ ၂၁ ရက်နေ့မှ လက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ပြန်လည် ကစားဖို့ ရှိပြီး ယူနိုက်တက် ကတော့ ၁၆ ရက်နေ့မှာ နော့ဝှစ်ချ်စီးတီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်