နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နိုင်ပွဲ လိုအပ်နေတဲ့ စပါး ဘက်မှာ ရပ်တည်ပြီး အကျိုးအမြတ် ရှာဖွေရမယ့် အချိန် | တော့တင်ဟမ်ဟော့စပါး – အဲဗာတန် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

တော့တင်ဟမ်ဟော့စပါး – အဲဗာတန်

ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ ရဲ့ ပွဲကျန် ပွဲစဉ် အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ အဲဗာတန်တို့ မတ်လ ၈ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၂ နာရီခွဲမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဥရောပ ဝင်ခွင့် ရဖို့ မျှော်လင့်နေတဲ့ တော့တင်ဟမ်ဟော့စပါး အတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်နေသလို တန်းဆင်းဇုန် ဖိအားတွေ ရှိနေတဲ့ အဲဗာတန် ကလည်း ရမှတ် လိုအပ်ချက် ရှိနေတာကြောင့် အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။

အခုချိန်အထိ ခြေစွမ်းပိုင်း မတည်ငြိမ်သေးသလို ရလဒ် အတက်အကျ မမှန်ဖြစ်နေတဲ့ တော့တင်ဟမ်ဟော့စပါး အတွက် မထင်မှတ်ပဲ ခက်ခဲသွားနိုင်တဲ့ ပွဲစဉ် လို့ပဲ ဆိုရပါတယ်။ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး တိုက်စစ် အတွဲအဖက် ဖြစ်လာတဲ့ ဟယ်ရီကိန်း-ဆွန်ဟောင်မင် တိုက်စစ် အတွဲကို ပိုင်ဆိုင်ထားပေမယ့်လည်း ရလဒ်ပိုင်း မတည်ငြိမ်မှုနဲ့ အတူ လာမယ့် ရာသီ ဥရောပဝင်ခွင့်ရဖို့တောင် မသေချာ ဖြစ်နေပါတယ်။ ကလပ် အသင်း တော်တော်များများနဲ့ အောင်ပွဲခံနိုင်ခဲ့တဲ့ အန်တိုနီယို ကွန်တီ ကိုယ်တိုင် အသင်းကို စိတ်ပျက်နေပြီး ရာထူးကနေ နှုတ်ထွက်တော့မယ် ဆိုတဲ့ သတင်းတွေလည်း မကြာခဏ ထွက်ပေါ်နေပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင်ပြီး ၃ ပွဲရှုံးထားတဲ့ စပါးတို့ အက်ဖ်အေဖလား မှာလည်း မစ်ဒယ်ဘရော့လို ချန်ပီယံရှစ် ကလပ်ကို ရှုံးပြီး ပြိုင်ပွဲ ကနေ ထွက်ထားခဲ့ရပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ တပ်ပျက်နေတဲ့ လိဒ်စ်ကို အဝေးကွင်းမှာ ၄ ဂိုးပြတ် အနိုင်ယူထားတဲ့ စပါးတို့ ဒီတစ်ပတ် မှာလည်း ဝက်စ်ဟမ်းနဲ့ ဝုဗ် တို့ရဲ့ ရမှတ် ဆုံးရှုံးမှုကို အခွင့်အရေး ယူနိုင်ဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် ကွန်တီ အနေနဲ့ အဲဗာတန်ကို အတောင့်တင်းဆုံး လူစာရင်းနဲ့ ရင်ဆိုင်လာဖို့ ရှိပြီး ကိန်း၊ ဆွန်၊ ကူလူဆက်ဗ်စကီး၊ ဒိုဟာတီ၊ ဟွိုက်ဘယက်ဂျ်၊ ဝင့်ခ်၊ ဆက်ဆနွန်၊ ဒေးဗီးစ်၊ ဒိုင်ယာ၊ ရိုမဲယို၊ လိုရစ် တို့ကိုပဲ ပွဲထွက်ခွင့်ပေးဖို့ များနေပါတယ်။

အာဆင်နယ်ကို အနိုင်ရခဲ့ပြီး နောက်ပိုင်း အဲဗာတန်တို့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ ပွဲမှာ ရှုံးပွဲ ၇ ပွဲ၊ သရေ ၁ ပွဲ ရှိထားခဲ့ပေမယ့် ပွဲကျန်တွေ အများကြီး ကစားဖို့ ရှိနေသေးလို့ ကံကောင်းတယ်ပဲ ဆိုရပါမယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၇ နေရာကို ရောက်ရှိနေတဲ့ အဲဗာတန်

အဲဗာတန် ကတော့ နည်းပြ ဖရန့်ခ်လမ်းပတ် အတတ်နိုင်ဆုံး ဆွဲတင်နေပေမယ့် ခြေစွမ်း ကတော့ ထင်သလောက် တိုးတက်လာခြင်း မရှိသေးတာ တွေ့ရပါတယ်။ ရှုံးထွက် ပွဲစဉ်တွေမှာ အမှားအယွင်း မရှိ နိုင်ပွဲ ရနေသလောက် ပရီးမီးယားလိဂ် မှာတော့ ရှုံးပွဲတွေ ဆက်နေလို့ လက်ရှိ တန်းဆင်းဇုန်ရဲ့ အထက်မှာ ၁ မှတ် အကွာနဲ့ ရပ်တည်နေခဲ့ပါတယ်။ အာဆင်နယ်ကို အနိုင်ရခဲ့ပြီး နောက်ပိုင်း အဲဗာတန်တို့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ ပွဲမှာ ရှုံးပွဲ ၇ ပွဲ၊ သရေ ၁ ပွဲ ရှိထားခဲ့ပေမယ့် ပွဲကျန်တွေ အများကြီး ကစားဖို့ ရှိနေသေးလို့ ကံကောင်းတယ်ပဲ ဆိုရပါမယ်။ မည်သို့ပင် ဆိုစေကာမူ အဲဗာတန်တို့ လက်ကျန် ပွဲစဉ်တွေမှာ ရမှတ် ရှာဖွေနိုင်မှ စိတ်ချရမှာ ဖြစ်တာကြောင့် အခုလာမယ့် ပွဲမှာလည်း စပါး ဆီကနေ တတ်နိုင်သမျှ အမှတ်ခွဲယူဖို့ အပြည့်အဝ အားစိုက်လာပါလိမ့်မယ်။ လက်တလော အသင်းမှာ မီနာ၊ မိုင်ကိုလန်ကို၊ ဒေးဗီးစ်၊ ဒက်ဖ်၊ ကလဲဗက်လီဝင်း၊ ဘန်ဂေါ့ဖရေးတို့ ဒဏ်ရာ ရရှိနေလို့ အခုပွဲကို ကျိန်းသေပေါက် လွဲချော်မယ်လို့ သိရပါတယ်။ ဒါကြောင့် ဖရန့်ခ် လမ်းပတ် အနေနဲ့ ရစ်ချာလီဆင်၊ အီဝိုဘီ၊ ဂေါဒွန်၊ အဲလန်၊ ဗန်ဒီဘိခ်၊ ဒိုကိုရေး၊ ကန်နီ၊ ကိန်း၊ ဟိုးလ်ဂိတ်၊ ကိုးလ်မန်း၊ ပစ်ခ်ဖို့ဒ် တို့ကိုပဲ ပွဲထွက်ကစားသမားတွေ အဖြစ် အသုံးပြုလာဖို့ ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၂၄ ကြိမ်မှာ စပါးက ၉ ကြိမ်နိုင်ပြီး အဲဗာတန်က ၅ ကြိမ် ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ၁၀ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ တွေ့ဆုံမှု မှာလည်း သရေ ၃ ပွဲအထိ ရှိထားခဲ့ပါတယ်။ စပါး အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာတော့ ၁ ပွဲစီ အနိုင်ရပြီး ၁ ပွဲ သရေကျထားခဲ့ပါတယ်။ ဒါ့အပြင် အခုနှစ် ဘောလုံး ရာသီ ပရီးမီးယားလိဂ် ပထမအကျော့ ပွဲစဉ် မှာလည်း ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ်ထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာတော့ စပါး အတွက် ၁.၅၃ ဆ၊ အဲဗာတန် အတွက် ၆ ဆ၊ သရေ အတွက် ၄ ဆ ကြေးဖွင့်ပေးထားပါတယ်။ လက်ရှိမှာ နှစ်သင်းလုံး ခြေစွမ်း မတည်ငြိမ်ပေမယ့် တိုက်စစ် အဆုံးသတ် အပိုင်းမှာ အဲဗာတန်တို့ အနည်းငယ် ပိုပြီး သာနေတယ်လို့ ပြောလို့ ရပါတယ်။ အဲဗာတန်ရဲ့ အဓိက ကစားသမား တချို့ ဒဏ်ရာရနေတဲ့ အခြေအနေ ကလည်း စပါး အတွက် အားသာချက် ဖြစ်လာနိုင်ပါတယ်။ တိုက်စစ် ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားကြလို့ အပြန်အလှန် သွင်းဂိုးတချို့ မြင်တွေ့ရဖွယ် ရှိပြီး အိမ်ရှင်တို့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရသွားဖို့ များပါတယ်။


ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်