နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ကွင်း မာတဲ့ အဲလ်ချီကို ဘာစီလိုနာတို့ အလွယ်တကူ အနိုင်ရဖို့ မဖြစ်နိုင်ဘူး | အဲလ်ချီ – ဘာစီလိုနာ (လာလီဂါ ပွဲကြိုသုံးသပ်ချက်)

အဲလ်ချီ – ဘာစီလိုနာ

အခုတစ်ပတ် လာလီဂါ ပွဲစဉ် ၂၇ မှာတော့ ပြိုင်ပွဲစုံမှာ ဂိုးပြတ် နိုင်ပွဲတွေ ဆက်နေတဲ့ ဘာစီလိုနာတို့ အိမ်ကွင်း ခြေစွမ်းမာကြောတဲ့ အဲလ်ချီကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲ ရလဒ်ဟာ ဘာစီလိုနာရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် အတွက် အတိုင်းအတာ တစ်ခု အထိ အရေးပါနေတဲ့ ပွဲစဉ်လို့လည်း ပြောလို့ ရပါတယ်။

အဲလ်ချီ ကတော့ လာလီဂါ အမှတ်ပေးဇယား အလယ်လောက်မှာ ရပ်တည်နေပြီး လက်တလော အမှတ် သိပ်မလိုတဲ့ အသင်း ဖြစ်ပါတယ်။ လာလီဂါ ပွဲစဉ် ၂၆ ပွဲ ကစားပြီးချိန်အထိ ၇ ပွဲနိုင်၊ ၈ ပွဲသရေ၊ ၁၁ ပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားတဲ့ အဲလ်ချီတို့ အိမ်ကွင်း ပွဲစဉ် အများစု မှာ ရမှတ် ရှာဖွေထားနိုင်ခဲ့တာ တွေ့ရပါတယ်။ အဲလ်ချီဟာ ဒီရာသီ အိမ်ကွင်း ရှုံးပွဲ ၂ ပွဲသာ ရှိထားပြီး နောက်ဆုံး ၅ ပွဲ ဆက် မရှုံးအောင် ကစားထားနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာတော့ အဲလ်ချီတို့ အိမ်ကွင်းမှာ အာလာဗက်စ်နဲ့ ဗလက်ကာနို တို့ကို အနိုင်ရထားခဲ့ပေမယ့် ကျန်အဝေးကွင်း ၃ ပွဲမှာတော့ ရီးရဲယ်မက်ဒရစ်ကို သရေ၊ ဆီဗီလာနဲ့ လီဗန်တေး ကိုတော့ ရှုံးနိမ့်ထားခဲ့ပါတယ်။ အခုလာမယ့် ပွဲကိုတော့ ဂမ်ဘာအူ၊ ပက်စတိုရီ၊ ပလာစီယို့စ် တို့ ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေပြီး ပွဲထွက်လူစာရင်း မှာတော့ မစ်လာ၊ ဘိုရီ၊ ပီရက်ဇ်၊ မိုရန်တေး၊ ချာဗက်စ်၊ မက်စ်ကာရဲယ်၊ မိုဂျီကာ၊ ဂွန်ဇာလက်ဇ်၊ ရိုကို၊ ဘာရာဂန်၊ ဘာဒီရာ တို့ ပါဝင်လာဖွယ် ရှိနေပါတယ်။

ဘာစီလိုနာ ကတော့ နည်းပြသစ် ဇာဗီ ဟာနန်ဒက်ဇ် လက်အောက်မှာ ခြေစွမ်းပိုင်း တဖြည်းဖြည်း တည်ငြိမ်လာခဲ့သလို ရလဒ်ပိုင်းလည်း သိသိသာသာ တိုးတက်လာခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ ၇ ပွဲဆက် ရှုံးပွဲ မရှိခဲ့တဲ့ အပြင် နောက်ဆုံး ၃ ပွဲဆက် ဂိုးပြတ် နိုင်ပွဲတွေ ရရှိထားခဲ့ပါတယ်။ အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေရဲ့ ခြေစွမ်းပြမှုနဲ့ အတူ ယူရိုပါလိဂ်မှာ နာပိုလီကို အီတလီမြေမှာ ဂိုးပြတ်သွင်းပြီး ကျော်ဖြတ်ထားခဲ့သလို လာလီဂါ မှာလည်း နိုင်ပွဲတွေ ဆက်နေခဲ့ပါတယ်။ အဒမ်မာ ထရာအိုရေးရဲ့ ဖန်တီးမှုတွေနဲ့ အတူ အော်ဘာမီယန်း ဂိုးမြူးနေလို့ ကတ်တာလန် ကလပ် အနေနဲ့ နောက်ဆုံး ၃ ပွဲမှာ တစ်ပွဲကို ၄ ဂိုး ရထားခဲ့ပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၄ နေရာအထိ ပြန်လည် တက်လှမ်းထားနိုင်ခဲ့ပြီး အက်တလက်တီကိုနဲ့ ရမှတ်တူနေပေမယ့် ၁ ပွဲလျော့ ကစားထားတာက ဘာစီလိုနာရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အားသာချက် တစ်ခုလို့ ပြောလို့ ရနေပါတယ်။ ဒါကြောင့် ဘာစီလိုနာတို့ အခုလာမယ့်ပွဲ အပါအဝင် လက်ကျန် ပွဲစဉ်တွေမှာ တတ်နိုင်သမျှ ၃ မှတ် အပြည့်ရရေး အားစိုက်မှာ သေချာပါတယ်။ ဇာဗီ အနေနဲ့ ဒီပွဲ မှာလည်း ၄-၃-၃ အခင်းအကျင်းနဲ့ အတူ အော်ဘာမီယန်း၊ ဖာရန်းတောရက်စ်၊ အဒမ်မာ ထရာအိုရေး၊ ဘူးစကွက်စ်၊ ပက်ဒရီ၊ ဒီယောင်၊ အဲလ်ဘာ၊ ပီကေး၊ အာရူဟို၊ အဲလ်ဗက်စ်၊ တာစတီဂန်တို့နဲ့ ပွဲထုတ်လာဖို့ များနေပါတယ်။

လာလီဂါ
ဆယ်တာဗီဂို
မယ်လိုကာ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းရဲ့ နောက်ဆုံး တွေ့ဆုံမှု ၁၀ ကြိမ်မှာ ဘာစီလိုနာတို့ ၉ ကြိမ်နိုင်၊ ၁ ပွဲ သရေကျပြီး ရှုံးပွဲ မရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာ တို့ အဲလ်ချီကို ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၈ ကြိမ် ဆက်တိုက် အနိုင်ရထားပြီး ၀-၁ ရလဒ်နဲ့ နိုင်ခဲ့တဲ့ ပွဲ ၁ ပွဲသာ ရှိထားသလို ကျန်ပွဲ အားလုံးနီးပါး ပေးဂိုး မရှိ ဂိုးပြတ် အနိုင်ရထားတာ တွေ့ရပါတယ်။ အခုနှစ် ဘောလုံးရာသီ ပထမ အကျော့ ပွဲစဉ် မှာတော့ ဘာစီလိုနာ တို့ ခက်ခက်ခဲခဲ ကစားပြီးမှ ၃-၂ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာတော့ အဲလ်ချီ အတွက် ၇ ဆ၊ သရေ အတွက် ၄.၆၀ ဆ၊ ဘာစီလိုနာ အတွက် ၁.၄၁ ဆ ကြေးဖွင့်ပေးထားပါတယ်။ အဲလ်ချီရဲ့ အိမ်ကွင်း ခြေစွမ်းဟာ ဘာစီလိုနာကို ခက်ခဲစေနိုင်ပေမယ့် ဇာဗီရဲ့ အသင်း ကလည်း လက်တလော အကောင်းဆုံး ပုံစံ တစ်ခုနဲ့ အတူ ဂိုးပြတ် နိုင်ပွဲတွေ ဆက်နေခဲ့ပါတယ်။ ဘာစီလိုနာတို့ ဒီပွဲမှာ ဂိုးမြူးနိုင်ဖို့ မသေချာပေမယ့် အနိုင်ရဖို့တော့ သေချာပါတယ်။ ဒီတစ်ကြိမ် တွေ့ဆုံမှု ကတော့ ၁-၂၊ ၀-၂ ရလဒ်တွေနဲ့ပဲ ပြီးဆုံးသွားဖို့ များပါတယ်။

ခန့်မှန်းရလဒ် (၀-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်