နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကစားသမား အသစ်တွေရဲ့ သွင်းဂိုးတွေနဲ့ အိမ်ကွင်းမှာ အနိုင်ရခဲ့တဲ့ ဂျူဗီ (စီးရီးအေ ပွဲပြီးသုံးသပ်ချက်)

ဂျူဗင်တပ်စ် ၂-၀ ဟဲလက်စ် ဗီရိုနာ

ဒီကနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် မှာ‌တော့ ဂျူဗင်တပ်စ်တို့ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ ကမှ ခေါ်ယူထားတဲ့ ဗလာဟိုဗစ်၊ ဇာကာရီယာ တို့ရဲ့ သွင်းဂိုးတွေနဲ့ ဟဲလက်စ်ဗီရိုနာကို အနိုင်ရသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဂျူဗီတို့ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၄ နေရာ ပြန်လည် ရောက်ရှိလာခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်လည်း ပိုပြီး ရှင်သန်သွားခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

က်စ်အယ်လီဂရီရဲ့ အသင်း ကတော့ ၄-၃-၁-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ဟဲလက်စ် ဗီရိုနာ ကတော့ ၃-၄-၂-၁ ကစားကွက်နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ် တိုက်စစ်မှာ အသစ် ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဗလာဟိုဗစ်နဲ့ မိုရာတာတို့ ဦးဆောင်ခဲ့ပြီး ကွင်းလယ်နဲ့ ခံစစ်မှာ ဒီဘားလား၊ အာသာ၊ ရာဘီယော့တ်၊ အာသာ၊ ခံစစ် မှာတော့ ဒီလစ်ဂျ်၊ ဒီဆစ်ဂ်လီယို၊ ခီလီနီ၊ ဒန်နီလို၊ ဂိုးမှာတော့ ရှက်ဇီနီ ပဲ ပွဲထွက်လာခဲ့ပါတယ်။ ခံစစ် အသားပေး ကစားကွက်ကို သုံးခဲ့တဲ့ ဗီရိုနာ ဘက် မှာတော့ လက်ဆက်ဂ်နာ၊ အီလစ်ခ်၊ ဗယ်လော့ဆို တို့လို အမာခံ ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။

အိမ်ရှင် အားသာချက်နဲ့ ပွဲစကတည်းက ဗီရိုနာ ဂိုးပေါက်ကို ဆက်တိုက် ခြိမ်းခြောက်နိုင်ခဲ့တဲ့ ဂျူဗင်တပ်စ်တို့ ပွဲချိန် ၁၃ မိနစ် မှာတင်ပဲ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး ဒီဘားလားရဲ့ ဖန်တီးပေးမှုကနေ ဗလာဟိုဗစ်က ဂိုးသမားကို ကျော်ပြီး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဗလာဟိုဗစ်ရဲ့ မွှေနှောက် ထိုးဖောက် ထိုးဖောက်မှုတွေနဲ့ ဂျူဗင်တပ်စ်တို့ ပြိုင်ဘက် ခံစစ်ကို ကောင်းကောင်း အလုပ်ပေးနိုင်ခဲ့လို့ ဗီရိုနာတို့ ချေပဂိုး ပြန်ရဖို့ထက် ဂိုးထပ် မပေးရဖို့ ကိုပဲ အာရုံစိုက်နေခဲ့ရပါတယ်။ ဒုတိယပိုင်း မှာတော့ ဂျူဗင်တပ်စ်တို့ ဒုတိယဂိုး ထပ်မံရရှိခဲ့ပြီး ကစားသစ် ဖြစ်တဲ့ ဇာကာရီယာ က ၈ ကိုက်စည်း ထိပ် ကနေ ကန်ချက် ပြင်းပြင်းနဲ့ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ ဗီရိုနာတို့ ဘောလုံး ကိုင်ပြီး ကစားနေရရုံက လွဲရင် ဂျူဗင်တပ်စ် ခံစစ်ကို မကျော်နိုင်ခဲ့တာကြောင့် ၂-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဗလာဟိုဗစ်ရော ဇာကာရီယာပါ ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်ကြောင်း ကိုယ်စီ သက်သေပြခဲ့တဲ့ ပွဲဖြစ်ပါတယ်။ ဗလာဟိုဗစ် ဟာ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက် ကန်ချက် ၅ ကြိမ် ရရှိခဲ့ရာမှာ ၄ ကြိမ် ဂိုးပေါက်တည့်ခဲ့သလို သွင်းဂိုး ၁ ဂိုးလည်း ရယူပေးနိုင်ခဲ့ပြီး ဇာကာရီယာ ဟာလည်း တိုက်စစ်နဲ့ ခံစစ်ကို အကောင်းဆုံး ချိတ်ဆက် ကစားသွားနိုင်ခဲ့တဲ့ အပြင် ဗလာဟိုဗစ် လိုပဲ ပွဲဦးထွက် မှာတင် ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဗလာဟိုဗစ်ရဲ့ အခုနှစ် ဘောလုံးရာသီ လိဂ် သွင်းဂိုး အရေအတွက်ဟာ ၁၈ ဂိုး အထိ ရှိလာခဲ့ပြီး သူ့ထက် ဂိုးပိုသွင်းထားတဲ့ ကစားသမား ဆိုလို့ ဘေယန်မြူးနစ်က လီဝမ်ဒေါစကီး(၂၄ ဂိုး)ပဲ ရှိပါတယ်။

အခုနှစ် ဘောလုံးရာသီ အစက ရုန်းကန်ခဲ့ရတဲ့ ဂျူဗင်တပ်စ်တို့ စီးရီးအေ ၁၀ ပွဲဆက် ရှုံးပွဲ မရှိမှုနဲ့ အတူ လက်ရှိ မှာတော့ အမှတ်ပေးဇယား အဆင့် ၄ နေရာ အထိ ပြန်လည် တက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ စီးရီးအေ နိုင်ပွဲ ဆက်မှု ရပ်တန့်ခဲ့ရတဲ့ ဗီရိုနာ ကတော့ အမှတ်ပေးဇယား အဆင့် ၆ နေရာက လာဇီယိုနဲ့ ၆ မှတ်ကွာ အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

ဂျူဗင်တပ်စ်တို့ လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ဆာဆူအိုလိုနဲ့ စီးရီးအေ ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး ဟဲလက်စ် ဗီရိုနာ ကတော့ ၁၃ ရက်နေ့မှာ အူးဒီးနီးစ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်