နယူးကာဆယ် – အဲဗာတန်
ပရီးမီးယားလိဂ် ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး နည်းပြသစ် ဖရန့်ခ် လမ်းပတ်နဲ့ နိုင်ပွဲ ပြန်လည် ရှာတွေ့ထားတဲ့ အဲဗာတန် ကတော့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ နယူးကာဆယ်ကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ကစားသမား အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ထားပြီး တန်းဆင်းဇုန် ဖိအားတွေ အောက်က ရုန်းထွက်ဖို့ ကြိုးစားနေကြတဲ့ အသင်းတွေ ဖြစ်လို့ အတိုင်းအတာ တစ်ခု အထိ အကြိတ်အနယ် ရှိလာနိုင်တဲ့ ပွဲလို့လည်း ပြောလို့ ရပါတယ်။
နယူးကာဆယ် ကတော့ အက်ဖ်အေဖလား မကစားခဲ့ရလို့ အပြည့်အဝ အနားရထားပါတယ်။ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ငွေသုံးကြမ်းခဲ့ပြီး ကစားသမားသစ် ၅ ဦး ခေါ်ယူ အားဖြည့်ထားခဲ့တဲ့ အက်ဒီဟောင်းရဲ့ အသင်း အနေနဲ့ ဘယ်လောက် အတိုင်းအတာ အထိ ခြေစွမ်းပိုင်း တိုးတက်လာသလဲ ဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။ ငှက်ကြားတွေ အနေနဲ့ ဆောင်းရာသီ နားရက် မတိုင်ခင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး နှစ်ပွဲ မှာတော့ ရှုံးပွဲ မရှိအောင် စွမ်းဆောင်ထားခဲ့ပြီး ဝက်ဖို့ဒ်ကို သရေ၊ လိဒ်စ် အနိုင်ကစားထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ရာသီ ပရီးမီးယားလိဂ် မှာ ၂ ပွဲနိုင်၊ ၉ ပွဲသရေ၊ ၁၀ ပွဲ ရှုံးထားတဲ့ နယူးကာဆယ် အနေနဲ့ အဆင့် ၁၉ နေရာမှာ ရပ်တည်နေပြီး လက်ကျန် ရာသီဝက်မှာ တန်းဆင်းဇုန် ထဲက ရုန်းထွက်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ထင်ရသလောက်တော့ အက်ဒီဟောင်း အနေနဲ့ အသစ် ခေါ်ယူထားတဲ့ ထရစ်ပီယာ၊ ခရစ္စဝုဒ်၊ ဒင်းန်ဘန်း၊ တားဂတ်၊ ဂီမာရေးတို့ အားလုံးကို ပွဲထွက် လူစာရင်းမှာ အသုံးပြုလာဖွယ် ရှိနေပါတယ်။
အဲဗာတန် ကတော့ ချဲလ်ဆီး နည်းပြဟောင်း ဖရန့်ခ်လမ်းပတ်ရဲ့ ပွဲဦးထွက်မှာ ဘရန့်ဖို့ဒ်ကို ၄-၁ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီး အက်ဖ်အေဖလား နောက်တစ်ဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲစုံမှာ ရှုံးပွဲ ဆက်နေမှုကို ရပ်တန့်နိုင်ခဲ့ပြီး စိတ်ဓာတ် ခွန်အားလည်း ပြန်ရသွားခဲ့တယ်လို့ ဆိုရပါမယ်။ ပရီးမီးယားလိဂ် မှာတော့ တော်ဖီတို့ နောက်ဆုံး ၅ ပွဲဆက် ရှုံးနိမ့်ထားပြီး အမှတ်ပေးဇယား အဆင့် ၁၆ နေရာကို ရောက်ရှိနေသလို အဆင့် ၁၈ နေရာက ဝက်ဖို့ဒ်နဲ့ ၄ မှတ်သာ ကွာဟနေတာကြောင့် တန်းဆင်းဇုန် ဖိအားလည်း မိနေခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ ကစားထားချိန်မှာ ၅ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၁၁ ပွဲ ရှုံးနိမ့်ထားတဲ့ အဲဗာတန်တို့ အဝေးကွင်း နောက်ဆုံး ၆ ပွဲ မှာလည်း ၅ ပွဲ အထိ ရှုံးနိမ့်ထားခဲ့ပါတယ်။ ထူးခြားချက် တစ်ခု ဖရန့်ခ်လမ်းပတ် အနေနဲ့ ကစားသမား ဘဝ မှာရော နည်းပြ ဘဝမှာပါ နယူးကာဆယ် အိမ်ကွင်းကို သွားရောက် ရင်ဆိုင်ချိန်တိုင်း ရလဒ် ဆိုးရွားခဲ့ပြီး နောက်ဆုံး ၄ ကြိမ်မှာ ၃ ကြိမ် ရှုံး ဆိုတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ အခုလာမယ့် ပွဲမှာတော့ လမ်းပတ် အနေနဲ့ ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်က လူစာရင်းနဲ့ ကစားကွက်ကို ထပ်ပြီး သုံးလာဖို့ များနေပြီး အသစ် ခေါ်ယူခဲ့တဲ့ ဗန်ဒီဘိခ်နဲ့ ဒယ်လီ အလီ တို့ကတော့ အရန်လူစာရင်း မှာသာ ပါဝင်လာဖို့ များနေပါတယ်။ ဒါပေမယ့် ဒိုကိုရေး၊ ဂေါ့ဖရေး၊ ဒက်ဖ်၊ ဆီဂတ်ဆန်၊ တွမ်ဒေးဗီးစ် တို့က ကျိန်းသေပေါက် လွဲချော်မှာ ဖြစ်သလို ကလဲဗက်လီဝင်း ကလည်း ပါဝင်ကစားဖို့ မသေချာသေးဘူးလို့ သိရပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၂၁ ကြိမ်မှာ အဲဗာတန် တို့ ၁၁ ကြိမ်နိုင်ပြီး ၆ ကြိမ်သာ ရှုံးနိမ့်ထားပေမယ့် နောက်ဆုံး တွေ့ဆုံမှု ၃ ကြိမ်ဆက် နယူးကာဆယ်ကို အသာရခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။ ငှက်ကြားတွေ အနေနဲ့ နယူးကာဆယ်နဲ့ နောက်ဆုံး ၃ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲ သရေကျအောင် စွမ်းဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
နယူးကာဆယ် – အဲဗာတန် | အချိန်ပြည့် 1×2 အိမ်ရှင် @ ၂.၇၆ ဆ | |
ဖေဖော်ဝါရီ ၉ ရက်၊ ည ၂:၁၅ နာရီ (GMT+ ၆:၃၀) |
SBOTOP 1×2 မှာတော့ နယူးကာဆယ် အတွက် ၂.၅၀ ဆ၊ သရေ အတွက် ၃.၂၅ ဆနဲ့ အဲဗာတန် အတွက် ၂.၇၆ ဆ ကြေးဖွင့်ပေးထားပါတယ်။ ဒီနှစ်သင်းဟာ နည်းပြ အပြောင်းအလဲ၊ ကစားသမား အပြောင်းအလဲ များစွာ ရှိထားကြလို့ လက်ရှိမှာ ပရိသတ် အများစုရဲ့ စောင့်ကြည့်ခြင်း ခံနေရတဲ့ အသင်းတွေ ဖြစ်ပါတယ်။ အဲဗာတန်ရဲ့ ခြေစွမ်းကို ပူပူနွေးနွေး မြင်တွေ့ထားရပေမယ့် နယူးကာဆယ် ကတော့ ဘယ်လိုပုံစံနဲ့ လာဦးမလဲ မသိသေးလို့ ခန့်မှန်းရတော့ ခက်ပါတယ်။ ကစားသမား စုဖွဲ့မှု အရ သိပ်ပြီး မကွာဟပေမယ့် နည်းစနစ် ဗျူဟာနဲ့ အတွေ့အကြုံ အပိုင်း မှာတော့ ဖရန့်ခ်လမ်းပတ်က ပိုသာနေတယ်လို့ ပြောလို့ ရပါတယ်။ ဒါကြောင့် ရွေးချယ်မှု တစ်ခု အဖြစ် အဲဗာတန်ကို ရွေးချယ်ချင်ပြီး နှစ်သင်းပေါင်း သွင်းဂိုး ၃ ဂိုးနဲ့ ၃ ဂိုး အထက်လည်း မြင်တွေ့ရနိုင်ချေ များပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.