နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လိဂ်ဝမ်း ကလပ် ပလိုင်းမောက်ကို အချိန်ပိုထိ ကစားပြီးမှ အနိုင်ရတဲ့ ချဲလ်ဆီး (အက်ဖ်အေဖလား ပွဲပြီးသုံးသပ်ချက်)

ချဲလ်ဆီး ၁ – ၁ ပလိုင်းမောက်

(အချိန်ပိုမှာ ၂-၁ ရလဒ်နဲ့ ချဲလ်ဆီး အနိုင်ရ)

ပရီးမီးယားလိဂ် အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ခဲ့ရာ ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီးတို့ လိဂ်ဝမ်း အသင်းငယ်လေး ပလိုင်းမောက်ကို သာမန် ပွဲချိန် အတွင်း အနိုင်ယူဖို့ ခက်ခဲခဲ့တာကြောင့် အချိန်ပို မိနစ် ၁၂၀ အထိ ကစားပြီးမှ ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

ထုံးစံ အတိုင်း အသင်းငယ်လေးတွေရဲ့ ရုန်းအား အပြည့်နဲ့ ဖောင်ဖျက် ကစားမှုကြောင့် ရုန်းကန်ခဲ့ရတာ ဖြစ်ပြီး အလွန်ဆိုရဲ့ အချိန်ပို နောက်ကျဂိုးကြောင့်သာ ချဲလ်ဆီးတို့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ ကီပါ အရစ်ဇာဘလာဂါရဲ့ ပင်နယ်တီ ကာကွယ်မှု ကလည်း ချဲလ်ဆီးတို့ အက်ဖ်အေဖလား နောက်တစ်ဆင့် တက်ရေး အတွက် အရေးပါခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ပွဲမတိုင်ခင် နည်းပြ တူချယ် အနေနဲ့ ကိုဗစ် ၁၉ ကူးစက်ခံထားရတာကြောင့် ကွင်းအတွင်း ကြီးကြပ်ခွင့် မရခဲ့ပေမယ့် လူစာရင်း အရတော့ အတောင့်တင်းဆုံး ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဂိုးမှာ ကီပါ၊ အက်ဇ်ပီလီကျူအာတာ၊ ရူဒီဂါ၊ ဂျော်ဂျင်ဟို၊ မေဆန်မောင့်၊ အိုဒွိုင်း၊ လူကာကူ၊ ဇီယက်ချ် တို့လို ကစားသမားကောင်းတွေ များစွာ ပါဝင်ခဲ့တဲ့ ချဲလ်ဆီးတို့ တကယ်တမ်း ကစားတဲ့ အချိန်မှာလည်း ပွဲကို အပြည့်အဝ လွှမ်းမိုးပြီး တစ်ဖက်သတ် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၇ မှာတင်ပဲ ပလိုင်းမောက်ရဲ့ ဦးဆောင်ဂိုး သွင်းတာခံခဲ့ရပြီး ဟောက်တန်က ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ချဲလ်ဆီးတို့ ချေပဂိုး ရရှိဖို့ ဆက်လက် ဖိအားပေးခဲ့ပေမယ့် ပွဲချိန် မိနစ် ၄၀ မှသာ ချေပဂိုး ပြန်လည် ရရှိခဲ့ပါတယ်။ ဒီဂိုး ကိုတော့ မေဆင်မောင့်ရဲ့ ဂိုးဧရိယာထဲ ဖြတ်တင် ပေးပို့မှုကို အက်ဇ်ပီလီကျူအာတာက လှလှပပ အဆုံးသတ်ပေးသွားတာ ဖြစ်ပါတယ်။

ပလိုင်းမောက် ကတော့ လိဂ်ဝမ်း အဆင့်သာ ရှိတဲ့ အသင်းငယ်လေး ဖြစ်ပေမယ့် ချဲလ်ဆီးကို အကောင်းဆုံး တုန့်ပြန်သွားခဲ့ပြီး သူတို့ အတွက် အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ် ကတော့ ရှုံးပေမယ့်လည်း ဂုဏ်ယူစရာ ဖြစ်ခဲ့မှာ အသေအချာပါပဲ။
လိဂ်ဝမ်း အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေတဲ့ ပလိုင်းမောက်

ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးတို့ ဘောလုံး ပိုင်ဆိုင်မှု၊ ဂိုးပေါက် ခြိမ်းခြောက်မှု အသာနဲ့ ဦးဆောင် ကစားနေခဲ့ပေမယ့် လူကာကူနဲ့ ဟက်ဆန် အိုဒွိုင်းတို့ရဲ့ ဝေဖန်ချင်စရာ ကောင်းတဲ့ ခြေစွမ်းတွေကြောင့် ဂိုးမရပဲ ဖြစ်နေခဲ့ပါတယ်။ အလွန်ဆို၊ တီမို ဗာနာ တို့ ဝင်ရောက်လာချိန် မှာတော့ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ မြင်တွေ့လာရပြီး အချိန်ပို ၁၀၅+၁ မှာတော့ နောက်ထပ် နောက်ခံလူ တစ်ဦး ဖြစ်တဲ့ မားကို့စ် အလွန်ဆိုက ဒုတိယဂိုး ထပ်မံသွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီး ၁၁၇ မိနစ်မှာ ပင်နယ်တီ ပေးလိုက်ရသေးပေမယ့်လည်း ဂိုးသမား ကီပါက အကောင်းဆုံး ကာကွယ်သွားခဲ့လို့ ချဲလ်ဆီးတို့ ကံကောင်းခဲ့ရပြီး ပွဲအပြီး မှာတော့ ၂-၁ ရလဒ်နဲ့ ပလိုင်းမောက်ကို အနိုင်ရပြီး အက်ဖ်အေဖလား နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ချဲလ်ဆီးတို့ ရုန်းကန်ခဲ့ရတာဟာ ပလိုင်းမောက်ရဲ့ စိတ်ဓာတ် အပြည့်နဲ့ ဖောင်ဖျက် ကစားသွားမှုကြောင့် ဖြစ်သလို တချို့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့်လို့လည်း ပြောလို့ ရပါတယ်။ အဓိက ကတော့ တိုက်စစ်က ဇီယက်ချ် ခြေစွမ်း မဆိုးပေမယ့် လူကာကူ၊ အိုဒွိုင်းလ် တို့ရဲ့ ခြေစွမ်း ကတော့ မေးခွန်းထုတ်စရာ ရှိခဲ့ပါတယ်။ နောက်ပြီး ချဲလ်ဆီး နောက်တန်းက အသင်းကို ထပ်မံ ကယ်တင်သွားခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီရာသီမှာ ချဲလ်ဆီး နောက်တန်းဟာ သွင်းဂိုး ပါဝင် ပတ်သတ်မှုနှုန်းဟာ ၄၂ ဂိုးအထိ ရှိလာခဲ့ပြီး သွင်းဂိုး အရေအတွက် ဟာလည်း ၂၂ ဂိုး အထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ပလိုင်းမောက် ကတော့ လိဂ်ဝမ်း အဆင့်သာ ရှိတဲ့ အသင်းငယ်လေး ဖြစ်ပေမယ့် ချဲလ်ဆီးကို အကောင်းဆုံး တုန့်ပြန်သွားခဲ့ပြီး သူတို့ အတွက် အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ် ကတော့ ရှုံးပေမယ့်လည်း ဂုဏ်ယူစရာ ဖြစ်ခဲ့မှာ အသေအချာပါပဲ။


လာမယ့်ပွဲစဉ်များ

ဒီပွဲ အပြီး မှာတော့ ချဲလ်ဆီးတို့ ကလပ်ကမ္ဘာ့ဖလား ကစားဖို့ ယူအေအီး နိုင်ငံကို ဆက်လက် ထွက်ခွာရမှာ ဖြစ်ပြီး ပလိုင်းမောက် ကတော့ လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ခရူဝီ အသင်းနဲ့ လိဂ်ဝမ်း ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်