လက်စတာစီးတီး၁-၁ဘရိုက်တန်
လက်စတာတို့လိုအပ်ချက်များစွာရှိခဲ့ခြင်းနဲ့အတူပရီးမီးယားလိဂ် နိုင်ပွဲ ပျောက်ဆုံးခဲ့ရပြန်တာ ဖြစ်ပါတယ်။ ဘရိုက်တန်ကတော့အသင်းကြီးတွေဆီကနေအမှတ်ခွဲယူလေ့ရှိတဲ့အသင်းပီပီအဝေးကွင်းမှာအဖိုးတန်သရေတစ်မှတ်ရရှိခဲ့တယ်လို့ပဲဆိုရမှာပါ။ဘရိုက်တန် အနေနဲ့ ၇ပွဲဆက်တိုက်ရှုံးပွဲမရှိခြင်းနဲ့အတူပုံစံကောင်းတစ်ခုကိုဆက်ထိန်းသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ရလဒ်ကောင်းတွေရနေတဲ့ဘရိုက်တန်ကြောင့်လက်စတာတို့အိမ်ကွင်းမှာရုန်းကန်ခဲ့ရပါတယ်။အမှတ်ပေးဇယားအထက်အောက် ရပ်တည်နေတဲ့ အတွက်ပြိုင်ဆိုင်မှုပိုပြီးပြင်းထန်ခဲ့သလိုကစားသမားတွေအကြားကြံ့ခိုင်မှုအသားပေးကစားခဲ့ခြင်းကလည်းပရိသတ်အကြိုက်ဖြစ်ခဲ့ပါတယ်။ဒါကာ၊မက်ဒီဆင်၊ဘာနက်စ်၊လွတ်ခ်မန်း၊ယိုရီတီလယ်မန်စ်တို့ကိုလက်စတာစီးတီးတို့ပွဲထုတ်လာခဲ့ပြီးဘရိုက်တန်ကတော့မူပေး၊ထရိုးဆက်ဒ်၊မိုဒါ၊အယ်လီစတာ၊ဂရော့စ်တို့နဲ့လူစုံခဲ့ပါတယ်။ပွဲအစပိုင်းမှာနှစ်သင်းလုံးအမှားစောင့်ကစားခဲ့တဲ့အတွက်ဂိုးရဖို့တော်တော်လေးရုန်းကန်ခဲ့ရပါတယ်။နှစ်ဖက်အသင်းခံစစ်တွေအမှားနည်းခဲ့တာကလည်းသွင်းဂိုးတွေ မြင်ရဖို့ပိုခက်ခဲ့တာပါ။ကွင်းလယ်မှာသာအပျက်များနေခဲ့ပြီပထမပိုင်းတစ်ပိုင်းလုံးအခွင့်အရေးတွေအသုံးမချနိုင်ခဲ့ကြပါဘူး။ဒုတိယပိုင်းပြန်လည် စတင်ချိန် မှာတော့လက်စတာတို့မထင်မှတ်ဘဲဂိုးရရှိခဲ့ပြီး တိုက်စစ်မှူးဒါကာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ဂိုးပေးလိုက်ရပြီးတဲ့နောက်မှာတော့ဘရိုက်တန်တို့ ဂိုးရဖို့ ဦးတည်ချက်ထားလာခဲ့ပြီးတိုက်စစ်အားသန်တဲ့နောက်ခံလူလမ့်တေး၊တိုက်စစ်မှူးဝဲလ်ဘတ်တို့ကိုထည့်သွင်းပြီးဂိုးပြန်ရဖို့ အားထုတ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ လက်စတာခံစစ်က တော်တော်လေး အလုပ်ရှုပ်ခဲ့ရပြီးပွဲချိန်၈၂မိနစ်မှာတော့ဘရိုက်တန်တို့မျှော်လင့်ထားသလို ဂိုးရရှိခဲ့ပါတယ်။လူစားဝင်တိုက်စစ်မှူးဝဲလ်ဘတ်ကချေပဂိုးသွင်းပေးခဲ့တာ ဖြစ်လို့ ဘရိုက်တန်နည်းပြပေါ်တာရဲ့လူစားလဲလှယ်မှု မှန်ကန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အဲ့နောက် မှာတော့နှစ်သင်းလုံးအမှားစောင့်ကစားခဲ့ပြီးဂိုးရဖို့ထက်ဂိုးမပေးရရေး ကိုပဲဦးတည်ခဲ့တာကြောင့် ပွဲအပြီးမှာ ၁-၁ ရလဒ်ပဲ ထွက်ပေါ်ခဲ့ပြီး သရေ ၁ မှတ်စီ ခွဲယူသွားခဲ့ကြတာ ဖြစ်ပါတယ်။
ပွဲပြီးသုံးသပ်ချက်
ဂျေမီဗာဒီမပါရင်တိုက်စစ်ကအသက်မဲ့နေတတ်တဲ့ လက်စတာတို့ ခက်ခက်ခဲခဲ ဦးဆောင်ဂိုး သွင်းပြီးမှ ချေပဂိုး ပြန်ပေးခဲ့ရလို့ ပိုပြီး စိတ်ပျက်စရာ ကောင်းခဲ့ရတာ ဖြစ်ပါတယ်။ဘရိုက်တန်ကတော့ပြိုင်ဘက်ကိုစိတ်ကြိုက်ကစားစေပြီးပိုင်နိုင်လောက်တဲ့အချိန်ကျမှဂိုးပြန်ရယူတဲ့ကစားပုံအတိုင်းပဲကစားသွားခဲ့တာပါ။ဒါကာရဲ့ဂိုးသာမရခဲ့ရင် လက်စတာတို့ အိမ်ကွင်း ရှုံးပွဲ ကြုံရနိုင်တဲ့ အခြေအနေအထိ ရောက်ခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။ ကစားသမားအင်အား အနည်းငယ်အသာရခဲ့ခြင်းက ခံသာသွားခဲ့တာ ဖြစ်ပြီးဒီခြေစွမ်းနဲ့ သရေ ၁ မှတ် ရတာကိုပဲ ကျေနပ်သင့်တယ်လို့ပဲ ဆိုချင်ပါတယ်။ ပွဲအပြီး မှာတော့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ရတဲ့ လက်စတာစီးတီးတို့ ရမှတ် ၂၆ မှတ်နဲ့ အတူ အဆင့် ၁၀ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ပါတယ်။ အဲ့လိုပဲ ဘရိုက်တန် အနေနဲ့ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ၇ ပွဲဆက် ရှုံးပွဲ မရှိခြင်းနဲ့ အတူ လက်စတာကို ၄ မှတ် ဖြတ်ပြီး အဆင့် ၉ နေရာမှာ ဆက်လက် ရပ်တည်သွားခဲ့ပါတယ်။
လာမယ့်ပွဲစဉ်များ
လက်စတာအနေနဲ့လာမယ့် ရက်မှာအက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ် အဖြစ်နော်တင်ဟမ်ဖောရက်စ်ရဲ့အိမ်ကွင်းကို သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပြီးဘရိုက်တန် ကလည်း စပါးရဲ့အိမ်ကွင်းကိုသွားရောက်ကစားရဖို့ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.