ဘရန့်ဖို့ဒ် -မန်ချက်စတာယူနိုက်တက်
နောက်ပိုင်းပွဲစဉ်တွေမှာခံစစ်ပိုင်းလိုအပ်ချက်မြင့်မားနေတဲ့ဘရန့်ဖို့ဒ်အတွက်ခက်ခဲတဲ့ပွဲစဉ်ဖြစ်လာနိုင်ပါတယ်။ပြိုင်ဘက်မန်ချက်စတာယူနိုက်တက်အနေနဲ့ကလည်းလက်ရှိမှာရလဒ်ကောင်းဖို့အတွက်အားစိုက်နေရဆဲဖြစ်လို့အသင်းနှစ်သင်းအကြားပြိုင်ဆိုင်မှုပြင်းထန်မှာသေချာပါတယ်။ပွဲအဖြေပြောင်းလဲနိုင်တဲ့ ကစားသမားကောင်းတွေကိုယ်စီပိုင်ဆိုင်ထားကြလို့ပရိသတ်အကြိုက် ပရီးမီးယားလိဂ် ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။
ဘရန့်ဖို့ဒ်ရဲ့အနေအထားကတော့ခြေစွမ်းပိုင်းထက်ရလဒ်ပိုင်းကပိုပြီးစိုးရိမ်စရာဖြစ်နေခဲ့တာပါ။ကစားပုံမဆိုးပေမယ့်ရလဒ်ပိုင်းအရရှုံးပွဲဆက်နေမှုကဖိအားတွေဖြစ်လာစေပါတယ်။အထူးသဖြင့်ခံစစ်ပိုင်းလိုအပ်ချက်တွေကဘရန့်ဖို့ဒ်ရဲ့အဓိကအားနည်းချက်ဖြစ်နေခဲ့တာပါ။နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်အပါအဝင် ပြိုင်ပွဲစုံ၅ပွဲမှာ၂ပွဲနိုင်၃ပွဲရှုံးဆိုတဲ့ရလဒ်ကမေးခွန်းထုတ်စရာဖြစ်နေပါတယ်။ပေးဂိုးများနေတဲ့ခံစစ်အနေနဲ့နောက်ဆုံး၅ပွဲမှာ၁၀ဂိုးအထိပေးထားရခြင်းကပျှမ်းမျှ၁ပွဲ၂ဂိုးနှုန်းဖြစ်နေပါတယ်။အကျိုးအမြတ်ရှာဖွေသူတွေသတိထားရမယ့်အခြေအနေကဂိုးအများပါပဲ။နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာ၄ပွဲဆက်တိုက်ဂိုးများထားတဲ့ဘရန့်ဖို့ဒ်အနေအထားကမေ့ထားလို့မရပါဘူး။ ဂွတ်ဒီ၊ရာယာ၊ဒါဆေးဗားလ်၊ဂျင်ဗီယာ၊ဖိုဆူ၊ဂျိုဂျန်ဆန်တို့မပါဝင်နိုင်ပေမယ့်ကျန်ကစားသမားအားလုံးကြံ့ခိုင်မှုအပြည့် ရှိနေပါတယ်။
မန်ချက်စတာယူနိုက်တက်ကတော့ဝေဖန်သံတွေကိုဆက်ပြီးရင်ဆိုင်နေရဆဲပါ။အက်ဖ်အေဖလားနောက်တစ်ဆင့် တက်ရောက်နိုင်ခြင်းကဖိအားလျော့ခဲ့တယ် ဆိုပေမယ့်ဗီလာနဲ့ပွဲမှာခံစစ်ပိုင်းအမှားတွေကြောင့်ရုန်းကန်ခဲ့ရပါတယ်။အထူးသဖြင့်နည်းပြသစ်လက်ထက်မှာလည်းခံစစ်ပိုင်းကမေးခွန်းထုတ်စရာရှိနေဆဲပါ။ပွဲချိန်မိနစ်၇၀နောက်ပိုင်းဆိုကစားအားကျသွားတဲ့အခြေအနေကစိုးရိမ်စရာအခြေအနေတစ်ခုဖြစ်နေပါတယ်။ဒါပေမယ့် ပရီးမီးယားလိဂ်အပါအဝင် ပြိုင်ပွဲစုံနောက်ဆုံး၅ပွဲမှာ၂ပွဲနိုင်၂ပွဲသရေ၁ပွဲရှုံးဆိုတဲ့ရလဒ်ကတော့လက်ခံလို့ရနိုင်ပါတယ်။ဒါပေမယ့် တိုက်စစ်က၇ဂိုးသွင်းပြီးခံစစ်က၅ဂိုးပြန်ပေးထားရတာကတော့လိုအပ်ချက်ကိုပြနေသလိုပါပဲ။မာရှယ်၊မက်ဂွိုင်းယား၊ပေါ့ဘာ၊ဘိုင်လီတို့အပြင်စီရော်နယ်ဒိုမှာလည်းကြံ့ခိုင်မှုပိုင်းလိုအပ်ချက်ရှိနေပါတယ်။ဆန်ချို၊ဂရင်းဝုဒ်၊မာတစ်၊ဗာရိန်း၊လုခ်ရှောတို့ကိုပွဲထွက်ကစားသမားတွေအဖြစ်မြင်တွေ့ရဖို့ရှိနေပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ထိပ်တိုက်တွေ့ဆုံမှု ၇ကြိမ်မှာဘရန်ဖို့ဒ်က ၂ကြိမ်နိုင် မန်ချက်စတာယူနိုက်တက်က ၃ကြိမ်ပြန်နိုင်ထားပြီး ၂ကြိမ် သရေကျထားခဲ့ပါတယ်။ ပထမအကျော့ပွဲစဉ်ကိုစကစားမှာဖြစ်ပေမယ့် ရာသီအစခြေစမ်းပွဲစဉ်မှာတော့ ၂-၂ သရေရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
ဘရန့်ဖို့ဒ် – မန်ချက်စတာယူနိုက်တက် | အချိန်ပြည့် 1X2 အိမ်ရှင် @ ၄.၃၀ ဆ | |
ဇန်နဝါရီလ၂၀ ရက်၊မနက် ၂:၃၀နာရီ (GMT+ ၆:၃၀) |
SBOTOP 1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက်၄.၃၀ဆ၊သရေအတွက်၃.၆၀ဆ၊ဧည်သည့်အသင်းအတွက်၁.၇၈ဆကြေးဖွင့်ထားပါတယ်။နှစ်သင်းလုံးရဲ့အနေအထားကနိုင်ပွဲရဖို့လိုအပ်နေလို့အင်ပြည့်အားပြည့်အားစိုက်လာဖို့ရှိနေပါတယ်။နိုင်ပွဲရုန်းကန်နေရတဲ့ဘရန့်ဖို့ဒ်ရဲ့အိမ်ကွင်းရုန်းအားကိုလည်းမေ့ထားလို့မရပါဘူး။မန်ယူနိုက်တက်အနေနဲ့ကလည်းအမှတ်ပေးဇယားထိပ်ပိုင်းကိုတက်ရောက်ခွင့်ရဖို့အတွက်ဒီလိုပွဲမျိုးကိုမဖြစ်အနေအနိုင်ရထားဖို့လိုအပ်နေပြန်ပါတယ်။အနိုင်၃မှတ်အတွက်တိုက်စစ်အသားပေးကစားလာကြဖို့ရှိနေပါတယ်။အပြန်အလှန်သွင်းဂိုးတွေနဲ့အတူဂိုးအများဘက်ကိုဦးတည်နိုင်ပါတယ်။သရေရလဒ်ရရှိခဲ့မယ်ဆိုရင်တောင်နှစ်သင်းလုံးအတွက်အမျှတဆုံးဖြစ်နေလို့အိမ်ရှင်ဘက်မှာရပ်တည်စေချင်တယ်။ဂိုးအများနဲ့ဘရန့်ဖို့ဒ်ကိုအားပေးတာအသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။
ခန့်မှန်းရလဒ် (၂-၂)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.