နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အကျိုးအမြတ် အတွက် ဂျူဗင်တပ်စ်နဲ့ ဂိုးအများကို ရွေးချယ်သင့်တယ် | ဂျူဗင်တပ်စ် – နာပိုလီ (စီးရီးအေ ပွဲကြိုသုံးသပ်ချက်)

ဂျူဗင်တပ်စ် – နာပိုလီ

နာပိုလီရဲ့ ခြေစွမ်းက လိုအပ်ချက် မြင့်မားနေမှု နဲ့အတူ အဆင့် ၁ နေရာနဲ့ တော်တော်လေးကို အမှတ်ပြတ်နေခဲ့ပါပြီ။ ဂျူဗင်တပ်စ် ကတော့ ပုံမှန် ခြေစွမ်းကောင်းတွေ နဲ့အတူ ဥရောပ ဝင်ခွင့် နေရာအတွက် မျှော်လင့်နိုင်တဲ့ အနေအထား ဖြစ်လာခဲ့ပါပြီ။ အမှတ်ပေးဇယား ထိပ်ပိုင်း အသင်းတွေဖြစ်လို့ ဂုဏ်သိက္ခာပိုင်းရော အဆင့်ရပ်တည်မှုပိုင်း အတွက်ပါ အမှားမခံတဲ့ အခြေအနေ ဖြစ်လာနိုင်လို့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး စီးရီးအေ ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာပါ။

ဂျူဗင်တပ်စ် ရဲ့လက်ရှိ အခြေအနေက လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ ဆိုနိုင်ပါတယ်။ အတ္တလန္တာကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပြီး နောက်ပိုင်း စီးရီးအေ ၆ ပွဲဆက် ရှုံးပွဲမရှိထားပါဘူး။ အဓိက ကတော့ အိမ်ကွင်းဆိုရင် ဂျူဗင်တပ်စ် တို့ အမှတ်ပြည့် ရယူနေနိုင်တယ်လို့ပဲ ဆိုရမှာပါ။ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲမှာ အိမ်ကွင်း ၃ ပွဲ ကစားရာမှာ ၃ ပွဲလုံး အနိုင်ရထားသလို ပေးဂိုးလည်း မရှိထားပါဘူး။ ၅ ပွဲနိုင် ၁ ပွဲသရေ ရလဒ်မှာ တိုက်စစ်က ၁၀ ဂိုးသွင်းပြီး ခံစစ်က ၁ ဂိုးပဲ ပြန်ပေးထားရတဲ့ အခြေအနေက အားကိုးရလောက်တဲ့ အနေအထားပါ။ ပုံစံကောင်း ပြန်ပြီး ရရှိနေခြင်း နဲ့အတူ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် မျှော်လင့်ချက် ရှိနေခဲ့ပြီလို့လည်း ဆိုနိုင်ပါတယ်။  ရာဘီယော့၊ အာသာ၊ ချီလီနီ၊ မွိုက်စ်ကိန်း၊ ဘိုနျူချီ တို့ကတော့ သေချာပေါက် လွဲချော်ဖို့ရှိနေပါတယ်။ တိုက်စစ်ကို ဒိုင်ဘာလာနဲ့ မိုရာတာတို့ ဦးဆောင်လာနိုင်ပြီး ဘာနက်ဒက်ချီ၊ ဘန်တန်ကူအာ၊ ဒီလစ်ဂျ်၊ ဆန်ဒရို၊ ကွာဒရာဒို တို့ကို ပွဲထွက်အဖြစ် မြင်တွေ့ရဖို့ ရှိနေပါတယ်။

လာလီဂါ
ဂရာနာဒါ
ဘာစီလိုနာ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

နာပိုလီ ကတော့ တည်ငြိမ်သယောင်ယောင်နဲ့ ခြေချော်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့် စီးရီးအေ အဆင့် ၁ နေရာကနေ ဖယ်ပေးခဲ့ရတဲ့အထိ လိုအပ်ချက်မြင့်မားနေခဲ့တာပါ။ လက်ရှိမှာလည်း အိမ်ကွင်းရှုံးပွဲတွေနဲ့အတူ ရလဒ်ကောင်း ရဖို့ အနိုင်နိုင် ရုန်းကန်နေရတယ်လို့ ဆိုနိုင်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲရှုံး ၂ ပွဲနိုင်ဆိုတဲ့ ရလဒ်က အကျိုးအမြတ် ရှာဖွေသူတွေ အတွက် ရွေးချယ်ရ ခက်ခဲစေပါတယ်။ ၆ ဂိုးပဲ ရထားတဲ့ နောက်ဆုံး ၅ ပွဲ တိုက်စစ်အခြေအနေ က ပိုပြီး မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ် နဲ့ပွဲက ချန်ပီယံဆု အတွက် အဆုံးအဖြတ် ဖြစ်လာနိုင် လို့ ဘယ်လို ပြင်ဆင်လာမလဲ ဆိုတာကိုပဲ မျှော်လင့်ရနိုင်တဲ့အနေအထားပါ။ လိုဇာနို၊ အယ်လ်မက်စ်၊ အိုဆမ်ဟန်၊  ဘိုဖယ်လီ၊ ကီဗင်မယ်ကော့တို့ ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့ အခြေအနေက အသင်းကို ပိုပြီးခက်ခဲစေပါတယ်။ ပိုလီတာနို၊ ဇီလင်စကီး၊ ဒီမာတန်၊ လိုဘော့တ်ကာ၊ လော်ရန်ဇို တို့ကို ပွဲထွက် ကစားသမားတွေ အဖြစ် မြင်တွေ့ရနိုင်ပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှု ၅၃ ကြိမ်မှာ ဂျူဗင်တပ်စ် က ၂၇ ကြိမ်နိုင် နာပိုလီ က ၁၆ ကြိမ် နိုင်ထားပြီး ၁၀ ကြိမ် သရေကျ ထားခဲ့ပါတယ်။ အစဉ်အလာ အရ အသာရထားတဲ့ ဂျူဗင်တပ်စ် အနေနဲ့ ပထမအကျော့ တွေ့ဆုံမှုမှာတော့ နာပိုလီကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ထားခဲ့တာပါ။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
ဂျူဗင်တပ်စ် – နာပိုလီ1X2 ဂျူဗင်တပ်စ် @ ၁.၉၈ ဆ
ဇန်နဝါရီလ ၇ ရက်၊ မနက် ၂:၁၅ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 ရဲ့ပေါက်ကြေး အရ အိမ်ရှင်အသင်း အတွက် ၁.၉၈ ဆ၊ သရေ အတွက် ၃.၄၅ ဆ၊ ဧည်သည့်အသင်း အတွက် ၃.၆၀ ဆ ကြေးဖွင့်ထားပါတယ်။ နာပိုလီရဲ့ အနေအထားက လိုအပ်ချက် မြင့်မားနေပါတယ်။ ဂျူဗင်တပ်စ် ကတော့ နောက်ဆုံး ပွဲစဉ်တွေမှာ ခြေစွမ်းပိုင်း တည်ငြိမ်မှု နဲ့အတူ ရလဒ်ကောင်းတွေ ရရှိထားတာပါ။ ခံစစ်တိုက်စစ် မျှတမှုရှိတဲ့ နှစ်သင်းဖြစ်လို့ စိတ်ကြိုက် ရွေးချယ်လို့ရနိုင်တဲ့ အခြေအနေမှာရှိနေပါတယ်။ ပွဲအဖြေ ပြောင်းလဲ နိုင်စွမ်းရှိတဲ့ ကစားသမား အစုအဖွဲ့ပိုင်းမှာလည်း အားသာချက် ကိုယ်စီ ရှိနေခဲ့တာပါ။ အပြန်အလှန် သွင်းဂိုး မြင်တွေ့ရနိုင်လို့ ဂိုးအများကို ပိုကြိုက်မိတယ်။ ရွေးချယ်မှု တစ်ခုအနေနဲ့ ဂျူဗင်တပ်စ် ကိုပဲ ဂိုးအများနဲ့ အားပေးရင်း အရဲစွန့် ရပ်တည်စေချင်တယ်။

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်