နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဝေးကွင်း နိုင်ပွဲနဲ့ အတူ ဥရောပဝင်ခွင့် မျှော်လင့်ချက် ပြန်လည် ရှင်သန်ခဲ့တဲ့ ဂျူဗင်တပ်စ် (စီးရီးအေ ပွဲပြီးသုံးသပ်ချက်)

ဘိုလော့ဂ်နာ ဝ-၂ ဂျူဗင်တပ်

ဘိုလော့ဂ်နာတို့ အိမ်ကွင်း ခြေစွမ်း တည်ငြိမ်ပေမယ့် ဒီနေ့ပွဲမှာ အမှားတွေ လုပ်ခဲ့သလို ဂျူဗင်တပ်စ် ကတော့ အခွင့်အရေး တွေကို အကောင်းဆုံး အသုံးချနိုင်ခဲ့လို့ စီးရီးအေ နိုင်ပွဲ ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

စီးရီးအေ ၂ ပွဲဆက် ရှုံးထားတဲ့ ဘိုလော့ဂ်နာတို့ ရလဒ်ကောင်းဖို့ ပြင်ဆင်ခဲ့ပေမယ့် မလုံလောက်ခဲ့ဘူး လို့ပဲ ဆိုရမှာပါ။ ကစားသမား အင်အားပိုင်း အသာရနေတဲ့ ဂျူဗင်တပ်စ် ကတော့ ပွဲအစ ထဲက ပြိုင်ဘက်ကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ အာနျူတိုဗစ်၊ ဘာရိုးလ်၊ ဆိုရီယာနို၊ မီဒယ်လ်၊ ဒိုမီဂွက်ဇ်တို့ပါဝင်လာတဲ့ ဘိုလော့ဂ်နာရဲ့ ပွဲထွက် လူစာရင်းက အတောင့်ဆုံး အခြေအနေမှာ ရှိနေခဲ့တယ်လို့ ပြောရပါမယ်။ ၄-၃-၃နဲ့ ပွဲထွက်လာတဲ့ ဂျူဗင်တပ် ကလည်း ဘာနက်ဒက်ချီ၊ အဲလ်ဗာရို မိုရာတာ၊ ရာဘီယော့စ်၊ ဘိုနျူချီ၊ ကွာဒရာဒို တို့နဲ့ လူစုံခဲ့ပါတယ်။ ဂျူဗင်တပ်စ်တို့ ပွဲစထဲက တိုက်စစ် ဖွင့်ပြီး ကစားခဲ့ပေမယ့် အိမ်ရှင် အသင်း ကတော့ ထိန်းထိန်းသိမ်းသိမ်း ကစားပြီး အမှားနည်းဖို့ပဲ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၆ မိနစ် မှာတင် မိုရာတာက ဂျူဗင်တပ်စ် အတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီး နောက်ပိုင်း ဘိုလော့ဂ်နာတို့ ချေပဂိုး ရဖို့ထက် အမှားနည်းအောင်သာ အားစိုက်နေခဲ့ပြီး ဒုတိယပိုင်း မှာတော့ ကစားပုံ ပိုကောင်းလာတာကြောင့် ဂျူဗင်တပ်စ်ကို အသာစီးနဲ့ ပြန်ပြီး ကစားနိုင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အသာရတဲ့ အထိ ကစားကွက်ပိုင်းမှာ အသာရခဲ့ပေမယ့်  တကယ်တမ်း ဂိုးထပ် ရသွားတာက ဂျူဗင်တပ်စ် ဖြစ်ပြီး ပွဲချိန် ၆၉ မိနစ်မှာ ကွာဒွာဒိုက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ၂ ဂိုး ဆက်တိုက် ပေးလိုက်ရပြီးနောက် ဘိုလော့ဂ်နာတို့ ချေပဂိုး ရဖို့ အတွက် တိုက်စစ် အသားပေး ကစားလာခဲ့ပေမယ့် ဂျူဗင်တပ်စ် နောက်တန်းက အမှားအယွင်းမရှိ ကစားသွားနိုင်ခဲ့လို့ ၀-၂ ရလဒ် နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

နည်းဗျူဟာပိုင်း ဆိုတာထက် အိမ်ကွင်းမှာ ရလဒ်ကောင်းဖို့ အတွက် ပိုပြီး အာရုံစိုက်လာတဲ့ ဘိုလော့ဂ်နာရဲ့ ရုန်းအားကို မြင်တွေ့ခဲ့ရပါတယ်။ ဂျူဗင်တပ်စ် အနေနဲ့ ကလည်း တစ်ပွဲနဲ့ တစ်ပွဲ ရလဒ်ကောင်း ရဖို့ အတွက် အာရုံ စိုက်နေခဲ့ခြင်းနဲ့ အတူ လိုအပ်နေတဲ့ နိုင်ပွဲကို ရအောင် ယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။v ခြေစွမ်းပိုင်းအရ ဆိုရင် ဘိုလော့ဂ်နာတို့ ပိုပြီး တည်ငြိမ်ခဲ့တယ်လို့ ဆိုနိုင်ပေမယ့် တိုက်စစ်ပိုင်း လိုအပ်ချက်နဲ့ အခွင့်အရေး ဖြုန်းတီးမှု တွေကြောင့်သာ ဂိုးမရခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီး မှာတော့ စီးရီးအေ နိုင်ပွဲ ပြန်လည် ရှာတွေ့ခဲ့တဲ့ ဂျူဗင်တပ်စ်တို့ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေခဲ့ပြီး ဘိုလော့ဂ်နာ ကတော့ အဆင့် ၁၁ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

ဘိုလော့ဂ်နာတို့ လာမယ့် စီးရီးအေ ပွဲစဉ်မှာ ဆက်ဆူအိုလိုရဲ့ အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင်ကစားရဖို့ ရှိပြီး ဂျူဗင်တပ်စ် ကတော့ အိမ်ကွင်းမှာ ကက်ဂလီယာရီကို ဧည့်ခံကစားရဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်