နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စတာလင်ရဲ့ ရာပြည့်ဂိုးနဲ့ နိုင်ပွဲ ဆက်ခဲ့တဲ့ မန်စီးတီး (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာစီးတီး ၁ – ၀ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

အခုတစ်ပတ် စနေနေ့ရဲ့ အစောဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ မန်ချက်စတာစီးတီးတို့ ရာဟင်းမ် စတာလင်ရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ အတူ ဝုဗ်ကို အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။

မန်စီးတီးတို့ ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲ ဆက် နိုင်ပွဲ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ရာဟင်းမ် စတာလင် အနေနဲ့လည်း ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ပြည့်ခဲ့တဲ့ ၃၂ ဦးမြောက် ကစားသမား ဆိုတဲ့ စံချိန် မှတ်တမ်းကောင်း တစ်ခု ပိုင်ဆိုင်သွားခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ဧည့်သည် ဝုဗ် အသင်း ရဲ့ မာမာထန်ထန် တုန့်ပြန်မှုကြောင့် မန်စီးတီးတို့ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ကွင်းလယ်ဒိုင် ဂျွန်နသန် မော့စ်နဲ့ VARရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေ ကြောင့်သာ အဖိုးတန် အနိုင် ၃ မှတ် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ အရေးပါတဲ့ ပွဲစဉ် ဖြစ်တဲ့ အလျောက် အဓိက ကစားသမား အစုံအလင်၊ အပိုင်နိုင်ဆုံး နည်းစနစ် ဗျူဟာ ကိုယ်စီနဲ့ ပွဲထွက်ခဲ့ကြပါတယ်။ ထုံးစံ အတိုင်း မန်စီးတီးတို့ Pressing Game ကစားခဲ့ပြီး ဝုဗ် ကတော့ လျင်မြန်တဲ့ တန်ပြန် တိုက်စစ် ကနေ အခွင့်အရေး ယူနိုင်ဖို့ ရဖို့ မျှော်လင့်လာခဲ့တာ တွေ့ရပါတယ်။

တကယ်တမ်း ကစားတဲ့ အချိန် မှာလည်း တစ်ပွဲလုံး အတိုင်းအတာနဲ့ မန်စီးတီးရဲ့ ဘောလုံး ပိုင်ဆိုင်မှုဟာ ၇၂ ရာခိုင်နှုန်း ရှိတဲ့ အထိ ပွဲကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ဂိုးပေါက် ခြိမ်းခြောက်မှု ၂၄ ကြိမ်မှာ ၁၀ ကြိမ် ဂိုးပေါက် တည့်ခဲ့ပြီး ပြိုင်ဘက် နောက်တန်းနဲ့ ဂိုးသမား ဂျိုဆေး ဆားတို့ စွမ်းဆောင်ရည် ကောင်းခဲ့လို့သာ စီးတီးတို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ တတ်နိုင်သမျှ အခွင့်အရေး မပေးမိဖို့ သတိထား ကစားရင်းက အပြန်အလှန် ပြစ်ဒဏ် ကျုးလွန်မိခဲ့ကြတာကြောင့် ကွင်းလယ်ဒိုင် အနေနဲ့ အဝါကတ် ၇ ကတ်၊ အနီကတ် ၁ ကတ် ပြသခဲ့ရပါတယ်။ ဒီအခြေအနေတွေ ကပဲ ပွဲအဖြေကို ထုတ်ပေးသွားခဲ့တယ် လို့တောင် ပြောလို့ ရပါတယ်။

ကံတရားရဲ့ မျက်နှာသာပေးခြင်း မခံရတဲ့ ဝုဗ် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှုနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေတဲ့ ဝုဗ်

ပထမပိုင်း ပြီးခါနီး နာကျင် အချိန်ပို ၂ မိနစ် အတွင်းမှာ အဝါကတ် နှစ်ကြိမ် ပြသခံခဲ့ရတဲ့ ရာအူးလ် ဂျင်မီနက်ဇ် အနီကတ်နဲ့ ထွက်ခွာခဲ့ရသလို မိနစ် ၆၀ ကျော်မှာ ဂျာအို မော်တင်ဟို ဂိုးဧရိယာထဲမှာ လက်ထိခဲ့တယ် ဆိုပြီး ကွင်းလယ်ဒိုင် ဂျွန်နသန် မော့စ်က VAR ပြန်ကြည့်ပြီး ပင်နယ်တီ ပေးခဲ့တာ တွေက မန်စီးတီးရဲ့ နိုင်ပွဲ အတွက် အဓိက အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဘရူနိုလာဂါနဲ့ ဂွာဒီယိုလာတို့ အပြန်အလှန် စကားစစ် ထိုးခဲ့ကြသလို တကယ်တမ်းလည်း VAR ရဲ့ တိကျမှု ကတော့ ထပ်ပြီး မေးခွန်းထုတ်စရာ ရှိခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

အပွင့်လင်းဆုံး သုံးသပ်ရရင် ဒီနေ့ပွဲမှာ မန်စီးတီးတို့ ခြေစွမ်း ပိုကောင်းခဲ့တာ မှန်ပေမယ့် နိုင်ပွဲ ရသွားခဲ့တာ ကတော့ ကံတရားရဲ့ ဖေးမမှုကြောင့်ပဲ ဖြစ်ပါတယ်။ ဂျင်မီနက်ဇ်ရဲ့ ပထမတစ်ကြိမ် ပြစ်ဒဏ် ကျူးလွန်မှုက အဝါကတ် ပြဖို့လောက် အထိ မလိုအပ်သလို သေချာပြန်ကြည့်ရင် ဂျာအို မော်တင်ဟို လက်ထိခဲ့တယ် ဆိုတာ ကလည်း မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ ပြောလို့ ရပါတယ်။ ကံတရားရဲ့ မျက်နှာသာပေးခြင်း မခံရတဲ့ ဝုဗ် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှုနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ရပါတယ်။ 


လာမယ့်ပွဲစဉ်များ

မန်စီးတီး အနေနဲ့ လာမယ့် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ လိဒ်စ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိနေပြီး ဝုဗ် ကတော့ ၁၆ ရက်နေ့မှာ ဘရိုက်တန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်