နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နောက်ကျသွင်းဂိုး နဲ့အတူ ထိပ်ဆုံးက ချဲလ်ဆီးကို အဆင့် ၃ ပို့ခဲ့တဲ့ ဝက်စ်ဟမ်း (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ဝက်စ်ဟမ်းယူနိုက်တက် ၃ – ၂ ချဲလ်ဆီး

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ လန်ဒန် ဒါဘီပွဲစဉ် ဖြစ်တဲ့ အားလျော်စွာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ နဲ့အတူ ဝက်စ်ဟမ်းတို့ အိမ်ကွင်းမှာ အဖိုးတန် အနိုင် ၃ မှတ် ရရှိခဲ့တာပါ။ ဒဏ်ရာရ ကစားသမား များပြားနေတဲ့ အတွက် အခက်တွေ့နေတဲ့ ချဲလ်ဆီး အသင်းကတော့ ဦးဆောင်ဂိုး အကြိမ်ကြိမ် ရရှိခဲ့ပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုး ပြန်ပေးခဲ့ရလို့ ဒီရာသီ ဒုတိယမြောက် ရှုံးပွဲ ဖြစ်လာခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ပရီးမီးယားလိဂ် လန်ဒန် ဒါဘီ ပွဲစဉ် ဖြစ်လို့ အနိုင် ၃ မှတ် အတွက် အကောင်းဆုံး ပြင်ဆင်လာခဲ့ကြပါတယ်။ ဒါပေမဲ့ ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ချဲလ်ဆီးတို့ အဝေးကွင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အန်တိုနီယို၊ ဘိုဝမ်၊ လန်ဇီနီ၊ ဆိုဆက်ခ်၊ ဒစ်ကလန်ရွိုက်စ်၊ ဇူးမားတို့နဲ့ ပွဲထွက်လာတဲ့ ဝက်စ်ဟမ်းတို့ အကောင်းဆုံး ပုံစံ ရှိနေခဲ့ပါတယ်။ တိုက်စစ်မှူး စစ်စစ်တွေ ပါဝင်လာနိုင်ခြင်း မရှိတဲ့ ချဲလ်ဆီး တိုက်စစ်ကို ဟာဗက်ဇ်၊ မေဆန်မောင့်၊ ဇိုင်းယက်စ်တို့ ဦးဆောင်လာခဲ့တာပါ။ ပွဲအစကတည်းက ချဲလ်ဆီးရဲ့ တစ်ဖက်သတ် ဖိအားပေး ကစားခဲ့မှုကြောင့် အိမ်ရှင်တို့ အနည်းငယ် ရုန်းကန်ခဲ့ရပါသေးတယ်။ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့သလို အခွင့်အရေးကောင်းများစွာ ရရှိခဲ့ပေမယ့် ချဲလ်ဆီးတို့ ဂိုးရဖို့ အခက်အခဲအချို့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် ၂၉ မိနစ်မှာ သီယာဂိုဆေးဗားလ်က ချဲလ်ဆီး အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။ ဂိုးရရှိပြီးနောက် ချဲလ်ဆီးတို့ ပွဲကို ပိုပြီး ထိန်းကစားခဲ့သလို ဝက်စ်ဟမ်း ကလည်း ချေပဂိုးရဖို့ အားစိုက်လာခဲ့ပါတယ်။ ပွဲချိန် မိနစ် ၄၀ မှာတော့ ဝက်စ်ဟမ်းတို့ ချေပဂိုးရခဲ့ပါတယ်။ လန်ဇီနီက ပင်နယ်တီ ကနေတဆင့် ဂိုးအဖြစ် ရယူပေးခဲ့တာပါ။ ဒါပေမဲ့ ပွဲချိန် ၄၄ မိနစ်မှာ ဇိုင်းယက်စ်ရဲ့ အတိကျဆုံး ဖြတ်တင်ဘောကို မေဆန်မောင့်က မြေမကျ အပြင်းကန်ချက်နဲ့ ချဲလ်ဆီး အတွက် ဦးဆောင်ဂိုး ဖြစ်စေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ နှစ်သင်းလုံး အမှားစောင့် ကစားခဲ့ပြီး ကွင်းလယ်မှာသာ အပျက်များနေခဲ့ပါတယ်။ ပွဲချိန် ၅၆ မိနစ်မှာ ဘိုဝမ် က အိမ်ရှင် အသင်းအတွက် အဖိုးတန် ချေပဂိုး ရယူ ပေးခဲ့ပြီးတဲ့နောက် ပွဲက ပြီးသလောက် ရှိသွားခဲ့ပါတယ်။ သရေရလဒ် ထွက်ပေါ်နေချိန်မှာ အော့ဒွိုင်းစ်၊ ပူလီဆစ်တို့ ထည့်သွင်းပြီး ချဲလ်ဆီးတို့ တိုက်စစ် ဆင်ခဲ့ပေမယ့် တကယ်တမ်း ဂိုးရသွားတာက ဝက်စ်ဟမ်း ဖြစ်နေခဲ့ပါတယ်။ ပွဲချိန် ၈၇ မိနစ်မှာ မာဆူကူက အိမ်ရှင်အသင်း အနိုင်ရစေမယ့် အဖိုးတန် အနိုင်ဂိုးကို ရယူ နိုင်ခဲ့ပြီးနောက် ချဲလ်ဆီးတို့ ဒီရာသီ ဒုတိယမြောက် ရှုံးပွဲတွေ့ဖို့ သေချာ သွားခဲ့တယ်လို့ ဆိုရမှာပါ။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ရီးယဲလ်မက်ဒရစ်
အင်တာမီလန်
1X2 ရီးယဲလ်မက်ဒရစ် @ 2.13
အင်တာမီလန် အာရှ ဟန်းဒီးကပ် +0.25 @ 2.17
ဂိုးပေါ် 3.00 @ 2.19
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

ပွဲအဖြေ ပြောင်းလဲနိုင်စွမ်းရှိတဲ့ ကစားသမားကောင်းတွေကြောင့် အပြန်အလှန် သွင်းဂိုးတွေ နဲ့အတူ ပရိသတ်အကြိုက် ပရီးမီးယားလိဂ် ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ နှစ်ဖက်ခံစစ် ကစားသမားတွေနဲ့ ဂိုးသမားတို့ အမှားများခဲ့တယ် ဆိုပေမယ့် တိုက်စစ် ကွင်းလယ် ကစားသမားတွေ ခြေစွမ်းပြခဲ့တယ်လို့ ဆိုရမှာပါ။ ဒဏ်ရာရ ကစားသမားတွေ များပြားနေတဲ့ ချဲလ်ဆီး ကတော့ ရှေ့ပွဲတွေမှာ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကို ရခဲ့ပေမယ့် ဒီတစ်ခေါက်မှာတော့ ရှုံးပွဲနဲ့ကို ကြုံတွေ့ဖို့ ဖြစ်လာခဲ့တာပါ။ ကစားသမား အင်အား၊ ကစားကွက်၊ ဘောလုံး ပိုင်ဆိုင်မှု၊ ဂိုးကန်သွင်းမှုတွေ အားလုံး ချဲလ်ဆီးတို့ အသာရခဲ့ပေမယ့် ရလဒ်ပိုင်းမှာတော့ ဝက်စ်ဟမ်းက အသာရခဲ့ပါတယ်။ အခွင့်အရေး အသုံးချမှုပိုင်းမှာ ဝက်စ်ဟမ်းတို့ အပြည့်အဝ အသုံးချနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ နိုင်ပွဲရခဲ့တဲ့ ဝက်စ်ဟမ်း အနေနဲ့ အဆင့် ၄ နေရာမှာ ပိုပြီး ခိုင်မာခဲ့ပြီလည်း ဖြစ်ပါတယ်။ ရှုံးပွဲတွေ့ခဲ့တဲ့ ချဲလ်ဆီး ကတော့ အဆင့် ၁ နေရာကနေ အဆင့် ၃ နေရာကို ဆင်းပေးခဲ့ရတဲ့ အတွက် ပေးဆပ်မှု ကြီးမားခဲ့တယ်လို့ပဲ ဆိုရမှာပါ။


လာမယ့်ပွဲစဉ်များ

ဝက်စ်ဟမ်းတို့ လာမယ့် ကြားရက်ကာလမှာ ယူရိုပါလိဂ် အုပ်စုပွဲစဉ် အဖြစ် ဒိုင်နမိုဇာဂရက် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး ချဲလ်ဆီး ကတော့ ရုရှားကလပ် ဇင်းနစ်အသင်းရဲ့ အိမ်ကွင်းမှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် အဖြစ် သွားရောက် ရင်ဆိုင်ကစားရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်