ဘန်လေ – တော့တင်ဟမ်ဟော့စပါး
နာမည်ကျော် နည်းပြ ကွန်တီရောက်လာသည့် တိုင်အောင် ခြေစွမ်းပိုင်းရောရလဒ်ပိုင်းမှာပါ မတည်ငြိမ်သေးတဲ့ တော့တင်ဟမ်ဟော့စပါးတို့ ဒီတစ်ပတ် မှာလည်းဘန်လေနဲ့ ခက်ခဲတဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ် ကစားရဦးမှာဖြစ်ပါတယ်။ အစဉ်အလာအရဘန်လေဟာစပါးအတွက် ပြိုင်ဘက် မဟုတ်ခဲ့ပေမယ့် လက်တလောခြေစွမ်းအနေအထားအရကွန်တီရဲ့ အသင်းကအဝေးကွင်းရလဒ်ကောင်းတစ်ခုရှာဖွေသွားနိုင်မလားဆိုတာတော့ သံသယဖြစ်စရာရှိနေတယ်လို့ပဲဆိုရပါတယ်။
ရာသီအစမှာရှုံးပွဲတွေဆက်ခဲ့တဲ့ ဘန်လေတို့ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာခြေစွမ်းပိုင်းတိုးတက်လာမှုနဲ့ အတူရလဒ်တွေကောင်းနေတာတွေ့ရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားခဲ့ပြီးဘရန့်ဖို့ဒ်ကိုအနိုင်၊ ဆောက်သမ်တန်၊ ချဲလ်ဆီးနဲ့ ပဲလေ့စ် တို့လိုခြေစွမ်းကောင်းတဲ့ အသင်းတွေကိုသရေကစားထားပါတယ်။ ဘန်လေအနေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာဦးဆောင်နေတဲ့ ချဲလ်ဆီးကိုစတန်းဖို့ဒ်ဘရစ်မှာအားလုံးမထင်မှတ်ထားတဲ့ တုန့်ပြန်မှုတွေနဲ့ အတူသရေကျအောင် ကစားနိုင်ခဲ့ပြီးခြေတက်နေပါတယ် ဆိုတဲ့ ပက်ထရစ် ဗီအဲရာရဲ့ ပဲလေ့စ်နဲ့လည်း ၁ မှတ်စီခွဲယူထားနိုင်ခဲ့ပါတယ်။ ရှောင်ဒိုက်ချ်ရဲ့ အသင်းဟာအရင်ကလိုအနိုင်ယူရခက်တဲ့ အသင်းမျိုးပြန်ဖြစ်နေပြီလားဆိုတာစောင့်ကြည့်ရတော့မယ့် အခြေအနေဖြစ်ပါတယ်။တကယ်တမ်းလည်းဘန်လေမှာတာကောစကီး၊ ဘန်မီး၊ ဝက်စ်ဝုဒ်၊ ခရစ္စဝုဒ်၊ ဘရောင်းဟေးလ်၊ ဗီဒရာတို့လိုကစားသမားကောင်းတွေအများကြီးရှိနေပြီး Final Third ကစားပုံမဆိုးလို့ ပြိုင်ဘက် နောက်တန်းကိုအချိန်မရွေးဒုက္ခပေးနိုင်စွမ်းရှိတဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမယ့် အခုလာမယ့် ပွဲမှာအက်ရှ်လေဘန်းစ် ဒဏ်ရာကြောင့် ပါဝင်နိုင်ဦးမှာမဟုတ်သလိုအဓိကကစားသမားတွေဖြစ်တဲ့ ဝက်စ်ဝုဒ်နဲ့ တာကောစကီးတို့ ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်မှာဖြစ်လို့ စပါးကိုပွဲချိန်ပြည့် ခံကစားနိုင်ဖို့တော့ တော်တော်လေးကိုခက်ခဲနေဦးမှာအသေအချာပါပဲ။
“စပါးဟာအသင်းကြီးမဟုတ်တော့ဘူး”ဆိုပြီးအသင်းရဲ့ နည်းပြ ကွန်တီကိုယ်တိုင် ဝန်ခံပြောကြားရတဲ့ အထိမြောက်လန်ဒန် ကလပ်ရဲ့ အခြေအနေကစိတ်ပျက်စရာကောင်းနေပါတယ်။ ပြီးခဲ့တဲ့ ယူရိုပါကွန်ဖရင့်လိဂ် အုပ်စုပွဲစဉ်မှာဆိုရင် ကိန်း၊ ဒွန်ဘီလီ၊ ဆွန်၊ မိုရာ၊ ဒိုင်ယာ၊ ဟွိုက်ဘယက် တို့လိုကစားသမားကောင်းတွေပါရက်နဲ့ အသင်းတည်ထောင်တဲ့ သက်တမ်း ၁၀ နှစ် မပြည့်သေးတဲ့ဆလိုဗေးနီးယားကလပ်ငယ်လေးကိုရှုံးနိမ့်ခဲ့ပြီးကွန်တီအနေနဲ့လည်း သူကိုင်တွယ်တဲ့ ၄ ပွဲမြောက် မှာတင်ပဲအရှုံးနဲ့ စတင် ကြုံတွေ့ခဲ့ရပါတယ်။ လူများပြီးပွဲမစည်ဖြစ်နေတဲ့ နည်းပြ သင်္ချိုင်းဖြစ်နေပြီလားဆိုတာဝေဖန် မေးခွန်းထုတ်မှုတွေတောင် ရှိလာခဲ့တဲ့ အတွက် စပါးတို့ ဒီပွဲမှာတော့ မဖြစ်မနေနိုင်ပွဲပြန်ရှာမှ ဖြစ်တော့မှာပါ။ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ပြီးတဲ့ အထိ ၆ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၅ ပွဲရှုံးထားတဲ့ စပါးတို့ လက်ရှိမှာအဆင့် ၇ နေရာမှာရပ်တည်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာအမှတ်ထပ်လျော့ခဲ့မယ် ဆိုရင် အဆင့် ထက်ကျသွားနိုင်ချေရှိသလိုအမှတ်ပေးဇယားထိပ်ပိုင်းကအသင်းတော်တော်များများနဲ့ ရမှတ် ကွာဟချက် မြင့်မားသွားနိုင်ချေရှိနေလို့ အတတ်နိုင်ဆုံးရလဒ်ကောင်းဖို့ မျှော်လင့်နေပါလိမ့်မယ်။ ဘာဖြစ်ချင်နေမှန်းမသိတဲ့ စပါးရဲ့ ကစားပုံကိုကွန်တီအနေနဲ့ အလျင်အမြန် ပြင်ဆင်နိုင်မလားဆိုတာစောင့်ကြည့်ရမယ့် ပွဲဖြစ်ပါတယ်။ ဒါ့အပြင် ရိုမဲယို၊ လိုဆယ်ဆိုတို့ကလွဲလို့ လူပြန်စုံလာဖို့ ရှိနေတဲ့ အတွက် တက်ဖ်မောကနေ ၃ မှတ် အပြည့်ယူပြီးပြန်နိုင်မလားဆိုတာစောင့်ကြည့်ရဖို့တော့ ရှိနေပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
Head To Head အရပြီးခဲ့တဲ့ ၁၄ ကြိမ်မှာစပါးက ၉ ကြိမ် အထိအနိုင်ရပြီးဘန်လေကတော့ ၂ ကြိမ်သာပြန်လည် အနိုင်ရထားပါတယ်။ပြိုင်ပွဲစုံနောက်ဆုံးတွေ့ဆုံမှု ၅ ကြိမ်မှာလည်းစပါးတို့ ၄ ကြိမ် အထိအနိုင်ရပြီးသရေ ၁ ကြိမ် ကျထားခဲ့လို့ အစဉ်အလာအရတော့ ဘန်လေနဲ့ ကစားတိုင်းရလဒ်ကောင်းလေ့ ရှိတယ်လို့ ပြောနိုင်ပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
ဘန်လေ -တော့တင်ဟမ်ဟော့စပါး | 1X2 တော့တင်ဟမ်ဟော့စပါး @ ၂.၀၄ | |
နိုဝင်ဘာလ ၂၈ရက် , ည ၈:၃၀ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရအိမ်ရှင် အတွက် ၃.၄၀ ဆ၊ ဧည့်သည် အတွက် ၂.၀၄ ဆ၊ သရေအတွက် ၃.၅၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ ဘန်လေဟာအရင်လိုပြန်ပြီးမာကျောနေလို့ ခြေစွမ်းမတည်မငြိမ် ဖြစ်နေတဲ့ စပါးတို့ အဝေးကွင်းမှာလိုအပ်နေတဲ့ အနိုင် ၃ မှတ် ရဖို့အတွက် ကျိန်းသေပေါက် အားစိုက်လာပါလိမ့်မယ်။ ကွန်တီအတွက် ကလည်းဂုဏ်သိက္ခာဆိုတာရှိနေလို့ ပြီးခဲ့တဲ့ မူရာနဲ့ ပွဲကအရှုံးကိုချေဖျက်ဖို့ သေချာပြင်ဆင်လာပါလိမ့်မယ်။ ဘန်လေတို့ ပုံစံကောင်းရနေပေမယ့် ဒီတစ်ကြိမ်တော့ ကွန်တီရဲ့ စပါးကိုအရဲစွန့် ယုံကြည်ထားချင်ပါတယ်။ ဂိုးပြတ်ဖို့တော့ မရှိပါဘူး။
ခန့်မှန်းရလဒ်()
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.