တော့တင်ဟမ်ဟော့စပါး ၂ – ၁ လိဒ်စ်ယူနိုက်တက်
အခုတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ လိဒ်စ်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ပြိုင်ဆိုင်မှု ခပ်ပြင်းပြင်းနဲ့ ပရိသတ် အကြိုက် ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ နည်းပြ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီးတဲ့နောက် ပုံမှန်ခြေစွမ်း နဲ့အတူ ရလဒ်ကောင်းတွေ ရနေခဲ့တယ် လို့ပဲ ဆိုရမှာပါ။ လိဒ်စ်တို့ ကတော့ ဦးဆောင်ဂိုး ရရှိခဲ့ပေမယ့် ခံစစ်ပိုင်း လိုအပ်ချက်ကြောင့် အနိုင်ဂိုးကို ထိန်းမထား နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ကစားပုံ ကောင်းခဲ့ပေမယ့် ကစားသမား အင်အားစုဖွဲ့မှုပိုင်း အသာရခဲ့တဲ့ စပါးကပဲ လိုအပ်တဲ့ အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့တယ် လို့ပဲ ဆိုရမှာပါ။
ပွဲစဉ်အကျဉ်း
ပရီးမီးယားလိဂ် တန်းဆင်းဇုန် ဖိအားရှိနေတဲ့ လိဒ်စ်ယူနိုက်တက်ရဲ့ ရုန်းအားကြောင့် အိမ်ရှင် စပါးတို့ အခက်အခဲ အချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဟာရီကိန်း၊ ဆွန်ဟောင်မင်၊ ဟော့ဂျ်ဘတ်၊ ရီဂူလီယန်၊ အီမာဆန် တို့နဲ့အတူ စပါးတို့ အတောင့်တင်းဆုံး အခြေအနေ ဖြစ်နေခဲ့ပါတယ်။ လိဒ်စ် ကတော့ ၄-၁-၄-၁ အခြေခံပြီး ဒန်နီရယ်ဂျိမ်းစ်၊ ဒါလက်စ်၊ ဟယ်ရီဆင်၊ ဖီးလစ်၊ လော်ရန်တေးတို့ကို အသုံးပြုခဲ့ပါတယ်။ ပွဲအစပိုင်းမှာ အထနှေးနေတဲ့ စပါးကို လိဒ်စ်တို့ အကောင်းဆုံး ဖိအားပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် လိဒ်စ်ရဲ့ ကြံ့ခိုင်မှု အသားပေး ကစားပုံက အိမ်ရှင်အသင်းကို အကောင်းဆုံး ဖိကစားနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ နှစ်သင်းလုံးရဲ့ တိုက်စစ်မှူးတွေ လိုအပ်ချက် မြင့်မားခဲ့လို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပထမပိုင်း ပြီးခါနီးမှာတော့ လိဒ်စ်တို့ မထင်မှတ်ဘဲ ဂိုးရရှိသွားခဲ့ပါတယ်။ တောင်ပံကနေ ဟယ်ရီဆင်ရဲ့ တစ်ကိုယ် တော် အစွမ်းကနေတဆင့် ဖန်တီးပေးတာကို တိုက်စစ်မှာ အသင့်ရှိနေတဲ့ ဒန်နီရယ်ဂျိမ်းစ် က ဂိုးအဖြစ် ပြောင်းလဲပေးခဲ့တာပါ။ ဒုတိယပိုင်း မှာတော့ စပါးတို့ ကစားကွက်ပိုင်း အရ အသာရအောင် ပိုပြီး အားစိုက်လာခဲ့ပါတယ်။ ခံစစ်ထက်၊ တောင်ပံရဲ့ အတိုးအလှုပ် နဲ့အတူ တိုက်စစ်ရဲ့ ကစားအားကြောင့် လိဒ်စ်ရဲ့ ခံစစ်ပိုင်း မှာတော့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန် ၅၈ မိနစ်မှာတော့ လူးကပ်စ်မိုရာရဲ့ ဖန်တီးပေးမှုကနေ ဟော့ဂျ်ဘတ်က စပါး အတွက် ချေပဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက် လိဒ်စ်ရဲ့ ကစားအား လုံးဝ ကျဆင်းခဲ့ပါတယ်။ ခံစစ်ပိုင်းကိုသာ အားစိုက်ရင်း စပါးတို့ ဒုတိယမြောက် ဂိုးထပ်ရသွားခဲ့ပါတယ်။ ပွဲချိန် ၆၈ မိနစ်မှာ ရရှိခဲ့တဲ့ အလွတ်တည်ကန် ဘောကို ဒီရာ ကန်သွင်းရာကနေ တဆင့် တိုင်ထိ ထွက်လာတာကို ရီဂူလီယန်ကိုက ပြေးဝင် ပိတ်သွင်းခဲ့တာပါ။ ၂ ဂိုးဆက်တိုက် ပေးလိုက်ရပြီးနောက် စပါး ကပဲ ပွဲကို ဆက်တိုက် ဦးဆောင်ခဲ့ပြီး လိဒ်စ် ကတော့ တန်ပြန် တိုက်စစ်နဲ့ပဲ တုံ့ပြန်နိုင်ခဲ့ပါတယ်။ လက်ကျန် ပွဲချိန်တွေမှာတော့ နှစ်သင်းလုံး အမှားမခံတမ်း ကစားခဲ့တဲ့အတွက် ပွဲအပြီးမှာ စပါးတို့ ၂-၁ ဂိုးနဲ့ အနိုင်ရရှိ သွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် စပါးတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာ အထိ တက်လှမ်းနိုင်ခဲ့ပြီး လိဒ်စ်ယူနိုက်တက် ကတော့ အဆင့် ၁၇ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
လိဒ်စ် ကတော့ လိုအပ်ချက် မြင့်မားနေတဲ့ ခံစစ်ပိုင်းကို ပြင်ဆင်နိုင်ခြင်း မရှိခဲ့ပါဘူး။ စပါး ကတော့ လိုအပ်နေတဲ့ အနိုင် ၃ မှတ်ကို အိမ်ကွင်းမှာ အရ ယူနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ အပြန်အလှန် သွင်းဂိုးတွေ မြင်ခဲ့ရသလို နှစ်ဖက် ကွင်းလယ် ကစားသမားတွေရဲ့ ဂိုးတွေကို မြင်ခဲ့ရပါတယ်။ နည်းပြ နှစ်ဦးရဲ့ ဗျူဟာပိုင်း အားပြိုင်မှုကြောင့် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဖြစ်ခဲ့သလို စပါးနည်းပြ ကွန်တီရဲ့ အပြောင်းအလဲ အချို့ တော်တော်လေး အလုပ်ဖြစ်ခဲ့တာပါ။ အဓိက အချက်ကတော့ စပါး အသင်းရဲ့ ကွင်းလယ်ပိုင်းက တော်တော်လေး အလုပ်ဖြစ်ခဲ့သလို တိုက်စစ်ပိုင်း အတွက် အလုပ်ဖြစ်ခဲ့တာပါ။ အဆုံးသတ်ပိုင်း မှာတော့ ပွဲအဖြေ ပြောင်းလဲနိုင်စွမ်း ရှိတဲ့ ကစားသမား စုဖွဲ့မှုပိုင်း အသာရခဲ့တဲ့ စပါးတို့ အနိုင် ရရှိသွားခဲ့တာလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
လာမယ့်ပွဲစဉ်များ
တော့တင်ဟမ်ဟော့စပါး အနေနဲ့ လာမယ့် ၂၆ ရက်နေ့မှာ ယူရိုပါလိဂ် အုပ်စု ပွဲစဉ် အဖြစ် မူရာ ရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားရဖို့ ရှိနေပြီး လိဒ်စ်ယူနိုက်တက် ကတော့ လာမယ့် ၂၈ ရက်နေ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရိုက်တန်နဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.