ဘာစီလိုနာ – အက်စပန်ညို
တွေ့ဆုံချိန်တိုင်းမှာရေကုန်ရေခမ်းယှဉ်ပြိုင်ကစားလေ့ရှိတဲ့ ဘာစီလိုနာနဲ့ အက်စပန်ညိုတို့ရဲ့ လာလီဂါ ကတ်တာလန်ဒါဘီပွဲစဉ် ကလည်းစိတ်ဝင်စားစရာကောင်းလာဖို့ ရှိနေပါတယ်။အစဉ်အလာအတိုင်းပြိုင်ဆိုင်မှုအပြင်းထန်ဆုံးနဲ့အတူအပြန်အလှန်သွင်းဂိုးတွေမြင်တွေ့ရမလားဆိုတာကိုတော့ ဆက်ပြီးစောင့်ကြည့်ရဦးမှာပါ။
ဘာစီလိုနာရဲ့လက်ရှိခြေစွမ်းပိုင်းကလိုအပ်ချက်ရှိနေဆဲပါ။ နည်းပြသစ်အပြောင်းအလဲပြုလုပ်ခဲ့ပြီးတဲ့နောက်ခြေစွမ်းပိုင်းတည်ငြိမ်လာသယောင်တော့ရှိနေပါတယ်။ ပြိုင်ပွဲစုံနောက်ဆုံး၅ပွဲမှာ၂ပွဲသရေ၊ ၂ပွဲရှုံး၊၁ပွဲနိုင်ရလဒ်ရရှိထားတဲ့အခြေအနေကလိုအပ်ချက်တော့ရှိနေပါသေးတယ်။အထူးသဖြင့် ခံစစ်ပိုင်းကလိုအပ်ချက်မြင့်မားနေခဲ့တာတွေ့ရပါတယ်။ လာလီဂါအပါအဝင် ပြိုင်ပွဲစုံနောက်ဆုံး ၅ပွဲမှာဂိုးမပေးရတဲ့ပွဲတစ်ပွဲသာရှိထားပြီး ၇ဂိုးအထိပေးထားခဲ့ရခြင်းကခံစစ်ပိုင်းပြဿနာရှိနေဆဲလို့ဆိုနိုင်ပါတယ်။ အန်ဆုဖာတီ၊ အဂူရိုတို့မပါဝင်နိုင်တဲ့အခြေအနေမှာတိုက်စစ်ပိုင်းလိုအပ်ချက်ရှိနေဆဲလို့ သတ်မှတ်နိုင်ပါတယ်။ မန်းဖစ် ဒီပေး၊ ဒီယောင်၊ဘက်စကွတ်၊ အယ်လ်ဘာ၊ လန်ဂလက်တို့သေချာပေါက်ပါဝင်လာဖို့ရှိနေပါတယ်။အိမ်ကွင်း၇ပွဲကစားပြီးချိန်၄ပွဲနိုင်၊ ၂ပွဲသရေ၊ ၁ပွဲရှုံးရလဒ်ရရှိထားတဲ့အနေအထားကတော့ပြိုင်ဘက်အသင်းတိုင်းကိုစိန်ခေါ်နိုင်တဲ့အခြေအနေလို့ဆိုနိုင်ပါတယ်။ဘာမဆိုဖြစ်လာနိုင်တဲ့ ဒါဘီပွဲစဉ်ဖြစ်လို့ သေချာပေါက်အမှားမခံတမ်းပြင်ဆင်လာမှာပါ။
ဗယ်လက်ကာနို
မယ်လိုကာ
အက်စပန်ညိုကတော့ လာလီဂါအိမ်ကွင်းခြေစွမ်းတည်ငြိမ်သလောက် အဝေးကွင်းခြေစွမ်းကလိုအပ်ချက်များစာရှိနေတာတွေ့ရပါတယ်။ အဝေးကွင်း၆ပွဲကစားထားပြီးချိန်မှာနိုင်ပွဲလုံးဝမရှိထားဘဲ၃ပွဲသရေ၃ပွဲရှုံးရလဒ်ရရှိထားခြင်းကအဓိကသက်သေပါပဲ။ဒါပေမဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၅ပွဲမှာတော့ ၂ပွဲနိုင်၊ ၂ပွဲသရေ ၁ပွဲရှုံးရလဒ်ကတော့ သတိထားရမယ့် အချက်ဖြစ်နေပါတယ်။ အဓိကကစားသမားတွေဒဏ်ရာပြဿနာမရှိတာကအားသာချက်တစ်ခုဖြစ်နေသလိုပွဲထွက်အားလုံးကြံ့ခိုင်မှုအပြည့်ရှိနေပါတယ်။ ရိုချင်နာ၊မွန်တိုရို၊ဆိုရို၊ဆွာရက်ဇ်၊မိုလီနာတို့ပါဝင်လာမှာဖြစ်လို့ဒါဘီပွဲစဉ်အတွက်အင်အားအပြည့်ရှိနေတာပါ။အထူးသဖြင့် ဒါဘီပွဲစဉ်ဖြစ်လို့ အမှားမခံနိုင်တဲ့အခြေအနေမှာနည်းပြမိုရီနိုရဲ့ဗျူဟာပိုင်းကအဓိကအဆုံးအဖြတ်ဖြစ်လာမှာသေချာပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ထိပ်တိုက်တွေ့ဆုံမှု၆၅ကြိမ်မှာဘာစီလိုနာက၄၃ကြိမ်နိုင်၊အက်စ်ပန်ညိုက၇ကြိမ်နိုင်ပြီး၁၅ကြိမ်သရေကျထားခဲ့ပါတယ်။အစဉ်အလာအရအပြတ်အသတ်အသာရထားတဲ့ဘာစီလိုနာအနေနဲ့ပြီးခဲ့တဲ့ရာသီအိမ်ကွင်းထိပ်တိုက်တွေ့ဆုံမှုမှာတော့၁-၀ဂိုးနဲ့အနိုင်ရရှိထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
ဆယ်လ်တာဗီကို – ဗီလာရီးရဲယ် | အချိန်ပြည့် 1X2 ဧည့်သည်@ ၂.၅၂ ဆ | |
နိုဝင်ဘာလ ၂၁ ရက် , ည ၂:၃၀နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက် ၁.၃၅ ဆ၊ သရေအတွက် ၅.၀၀ ဆ၊ ဧည်သည့်အသင်းအတွက် ၈.၀၀ ဆ ကြေးဖွင့်ထားပါတယ်။ ဘာစီလိုနာအတွက် ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါ။ အိမ်ကွင်းခြေစွမ်းကောင်းနေတဲ့ အချိန် အဝေးကွင်းလိုအပ်ချက် ရှိနေတဲ့ အက်စပန်ညိုအနေနဲ့ ရုန်းကန်ရနိုင်ပါတယ်။ဒါဘီပွဲစဉ် ဖြစ်တဲ့အပြင် အစဉ်အလာပြိုင်ဘက်ကောင်းတွေဖြစ်လို့ အပြန်အလှန် သွင်းဂိုးတွေမြင်တွေ့ရနိုင်ခြေများပါတယ်။ အက်စပန်ညိုအတွက်ကတော့ အဝေးကွင်းမှာအမြင့်ဆုံးသရေရလဒ်ပဲ မျှော်လင့်နိုင်တဲ့ အခြေအနေပါ။ ဂိုးအများနဲ့ ဘာစီလိုနာကိုပဲအကြိုက်တွေ့မိပါတယ်။ ခံစစ်ပိုင်းလိုအပ်ချက်ရှိနေတဲ့အသင်းဖြစ်လို့ ဂိုးအများကိုပိုပြီးရွေးချယ်စေချင် တယ်။
ခန့်မှန်းရလဒ် (၃-၁)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.