နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကွင်းလုံးပြည့် ပရိသတ် အားပေးသံတွေနဲ့ အယ်လန်ရုတ်ဒ်မှာ အမှတ်စရခဲ့တဲ့ လိဒ်စ် | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

လိဒ်စ်ယူနိုက်တက် ၂ – ၂ အဲဗာတန်

(ကလစ်ချ် ၄၁’၊ ရာဖင်ညာ၇၂’)  (ဒေါမနစ်ကလဲဗက်-လီဝင်း ၃၀(ပင်)၊ ဒမ်မရိုင်းဂရေး ၅၀’)

အခုတစ်ပတ် စနေနေ့ရဲ့ အဲလန်ရုတ်ဒ် ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ လိဒ်စ်ယူနိုက်တက်နဲ့ အဲဗာတန်တို့ အကြိတ်အနယ် ကစားပြီး တစ်ဖက် နှစ်ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ နှစ်သင်းစလုံး အတွက် ကျေနပ်စရာ ရလဒ် မဟုတ်ခဲ့ပေမယ့် အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

အဖွင့်ပွဲမှာ မန်ချက်စတာယူနိုက်တက်ကို ၅-၁ ရလဒ်နဲ့ ရှုံးနိမ့်ထားခဲ့တဲ့ လိဒ်စ်ယူနိုက်တက် အသင်းက ကွင်းလုံးပြည့် လာရောက် အားပေးတဲ့ ပရိသတ်တွေ ရှေ့မှောက်မှာ ရာသီသစ် အတွက် ပထမဦးဆုံး နိုင်ပွဲ ရဖို့ ကြိုးပမ်းခဲ့သလို အဲဗာတန် ကလည်း အဖွင့် ၂ ပွဲဆက် နိုင်ပွဲရဖို့ မျှော်လင့် လာခဲ့ပါတယ်။ ဘီရဲယ်ဆာရဲ့ အသင်းဟာ ဒီနေ့ပွဲမှာ ၄-၁-၄-၁ အစား ၃-၃-၃-၁ ကစားကွက်နဲ့ ပြောင်းလဲ ပွဲထွက်လာခဲ့ပြီး ခံစစ်မှာ အေးလင်း၊ စထရုအစ်ဂ်၊ ကူပါး၊ ကွင်းလယ်မှာ ဒါးလက်စ်၊ ကယ်ဗင်ဖီးလစ်၊ ဖီယာပို၊ ကွင်းလယ် တိုက်စစ်မှာ ရာဖင်ညာ၊ ကလစ်ချ်၊ ဂျက်ဟာရစ်ဆင်နဲ့ အထောင်တိုက်စစ်မှူး အဖြစ် ပက်ထရစ် ဘမ်းဖို့ဒ် ကိုပဲ အသုံးပြုလာခဲ့ပါတယ်။ ရာဖာ ဘင်နီတက်ဇ် ကတော့ ၄-၄-၁-၁ ကိုမှ ဟိုးလ်ဂိတ်နဲ့ တောင်ဆန် နေရာမှာ ရယ်ရီ မီနာ၊ အီဝိုဘီ တို့နဲ့ အပြောင်းအလဲ လုပ်ပြီး ပွဲထွက်လာပါတယ်။ ပွဲချိန် မိနစ် ၃၀ မှာတော့ လီယမ် ကူပါးကြောင့် ရတဲ့ ပင်နယ်တီကို ဒေါမနစ် ကလဲဗက်-လီဝင်းက သွင်းယူပေးခဲ့လို့ အဲဗာတန်တို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ အပြန်အလှန် ထိုးဖောက်နေရင်း ကနေ ပွဲချိန် ၄၁ မိနစ်မှာ ရာဖင်ညာက တစ်ဆင့် ဘမ်းဖို့ဒ်၊ ဘမ်းဖို့ဒ် ကနေမှ ပြန်ချိုးပေးလိုက်တဲ့ ဘောလုံးကို ကလစ်ချ် အမှားအယွင်း မရှိ ကန်သွင်းပြီး လိဒ်စ်တို့ ချေပဂိုး ရရှိခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲပြန်စပြီး ၅ မိနစ် အကြာမှာပဲ ဒူကိုရေးရဲ့ ဖန်တီး ပေးပို့မှု ကနေ ဒမ်ရိုင်း ဂရေးက ဦးဆောင်ဂိုး ထပ်မံ သွင်းယူ သွားခဲ့လို့ အိမ်ရှင်တို့ ချေပဂိုး ရဖို့ အသည်းအသန် လိုက်ကစားခဲ့ရပါတယ်။ ကလစ်ချ် အစား တိုင်လာ ရောဘတ်စ်၊ ဖီယာပို အစား ရှက်ကလီတန်တို့ ဝင်လာချိန် မှာတော့ လိဒ်စ်တို့ တိုက်စစ် ကစားပုံ ပိုကောင်းလာခဲ့သလို အခွင့်အရေးလည်း ပိုရလာခဲ့ပါတယ်။ ပွဲချိန် ၇၂ မိနစ် မှာတော့ လိဒ်စ်တို့ ချေပဂိုး ရရှိသွားခဲ့ပြီး လီယမ်ကူပါး ထိုးပေးလိုက်တဲ့ ဘောလုံးကို ရာဖင်ညာက ၁၈ ကိုက်စည်း ထိပ်ကနေ လှလှပပ ထောင့်ဖြတ် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ နိုင်ပွဲရဖို့ နှစ်သင်းလုံး အားစိုက်ခဲ့ပေမယ့် လိဒ်စ် ကစားသမားတွေ Final Third မှာ တော်တော်လေး ညံ့ခဲ့သလို အဲဗာတန် က ဒေါမနစ် ကလဲဗက်-လီဝင်း၊ ဒူကိုရေး တို့ရဲ့ ကန်ချက်တွေ ကို လိဒ်စ် ဂိုးသမား မက်စ်လေယာ ကာကွယ်သွားနိုင်ခဲ့လို့ ၂-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် (၂) ကစားအပြီး မှာတော့ ၁ မှတ် စတင် ရရှိခဲ့တဲ့ လိဒ်စ်ယူနိုက်တက်တို့ အမှတ်ပေးဇယား အဆင့် ၁၅ နေရာကို ရောက်ရှိလာခဲ့ပြီး အဲဗာတန် ကတော့ ရမှတ် ၄ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက် ပရိသတ်တွေ အနေနဲ့ ၁၇ နှစ် အကြာမှ သူတို့ အသင်း ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို အဲလန်ရုတ်ဒ် ကွင်းထဲမှာ ပြန်လည် အားပေးခွင့် ရခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅နေရာမှာ ရပ်တည်နေတဲ့ လိဒ်စ်

 

ပွဲပြီးအချက်အလက်နဲ့ သုံးသပ်ချက်

  • လိဒ်စ်ယူနိုက်တက် ပရိသတ်တွေ အနေနဲ့ ၁၇ နှစ် အကြာမှ သူတို့ အသင်း ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို အဲလန်ရုတ်ဒ် ကွင်းထဲမှာ ပြန်လည် အားပေးခွင့် ရခဲ့တာ ဖြစ်ပါတယ်။
  • (၂-၂) ရလဒ်ဟာ အဲဗာတန်တို့ရဲ့ ပရီးမီယားလိဂ် ပြိုင်ပွဲ သမိုင်းတစ်လျှောက် အကြိမ် ၇၀ မြောက် ရရှိခဲ့တဲ့ သရေပွဲ ရလဒ်လည်း ဖြစ်ပါတယ်။
  • ပြီးခဲ့တဲ့ ရာသီ စတင်ချိန် ကနေ လက်ရှိအထိ လိဒ်စ်ယူနိုက်တက်တို့ ပြိုင်ဘက်ကို ပင်နယ်တီ ပြစ်ဒဏ်ဘော ၁၀ ကြိမ် ပေးခဲ့ရပြီး ပေးဂိုးကလည်း ၉ ဂိုး ရှိခဲ့ပါတယ်။ တန်းဆင်းသွားတဲ့ ဝက်စ်ဘရွန်း ပြီးရင် ပင်နယ်တီ ပြစ်ဒဏ်‌ဘော အများဆုံး ပေးထားရတဲ့ အသင်း ဖြစ်ပါတယ်။
  • လိဒ်စ်ယူနိုက်တက် ကွင်းလယ်လူ ကလစ်ချ် ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃၂ ပွဲမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ၃ ပွဲမှာ ၂ ဂိုးသွင်းပြီး သူ့ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး အရေအတွက် ဟာလည်း ၅ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကလစ်ချ်ဟာ ပရီးမီးယားလိဂ် မှာ ဂိုးအများဆုံး သွင်းထားတဲ့ ပိုလန် ကစားသမား ဖြစ်လာခဲ့ပါတယ်။
  • ဒမ်မရိုင်း ဂရေး ကတော့ ကစားသမားဘဝ ပထမဦးဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ရရှိခဲ့ပါတယ်။ ဒါ့အပြင် အဲဗာတန် အသင်းသား အနေနဲ့ရော၊ ပြိုင်ဘက် အနေနဲ့ပါ အဲဗာတန် ဘက်ကို ဂိုးသွင်းနိုင်ခဲ့တဲ့ ၃၄ ဦးမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

 
ကစားကွက် အခင်းအကျင်း အပြောင်းအလဲ ပြုလုပ်လာတဲ့ အပြင် ကွင်းလယ်မှာ ကယ်ဗင်ဖီးလစ်  ပြန်လည် ပါဝင်လာတဲ့ လိဒ်စ်တို့ ယူနိုက်တက်နဲ့ ပွဲကလောက် ကစားပုံ မဆိုးတော့ပေမယ့် လိုအပ်ချက်တွေ များစွာ ရှိနေဆဲ ဖြစ်ပါတယ်။ လိဒ်စ်ယူနိုက်တက် အတွက် တစ်ပွဲလုံး ခြေစွမ်းပြ ကစားသွားခဲ့တဲ့ ရာဖင်ညာဟာ King of the match အဖြစ် သတ်မှတ်ခံခဲ့ရသလို အိမ်ရှင်တို့ အတွက် အရေးပါတဲ့ သွင်းဂိုးကို လှလှပပ သွင်းယူပြီး နည်းပြ ဘီရဲယ်ဆာ အတွက်လည်း ဖိအားတချို့ လျှော့ချပေးနိုင်ခဲ့ပါတယ်။ အဲဗာတန် ကတော့ ဘင်နီတက်ဇ် လက်အောက်မှာ တစ်ပွဲထက် တစ်ပွဲ ခြေစွမ်း တိုးတက်လာခဲ့ပြီး လာမယ့် ပွဲစဉ်တွေမှာ အခုထက် ပိုပြီး တောင့်တင်းတဲ့ စုဖွဲ့မှုနဲ့ ကစားပုံကို မြင်တွေ့ရဖို့ ရှိနေပါတယ်။
 

လာမယ့်ပွဲစဉ်များ

လိဒ်စ်ယူနိုက်တက်တို့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ လိဂ်ဝမ်းကလပ် ခရူဝီနဲ့ ခရာဘောင်ဖလား ဒုတိယအဆင့် ပွဲစဉ် ကစားဖို့ ရှိပြီး အဲဗာတန်ကတော့ ဟက်ဒါဖီးလ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်