နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လက်စတာကို အဖိုးတန် ၃ မှတ်ပေးပြီး မန်စီးတီးကို ချန်ပီယံ ဖြစ်စေခဲ့တဲ့ ယူနိုက်တက်- ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာယူနိုက်တက် ၁-၂ လက်စတာစီးတီး

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လက်စတာစီးတီးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ မှာတော့ ဧည့်သည် လက်စတာစီးတီးက ၁-၂ ရလဒ်နဲ့အနိုင်ရပြီး အဖိုးတန် အနိုင် ၃ မှတ် ရရှိသွားခဲ့ပါတယ်။ လက်စတာစီးတီးတို့ ချန်ပီယံလိဂ် ဝင်ခွင့်‌မျှော်လင့်ချက် အတွက် အရေးပါနေတဲ့ ပွဲစဉ်မှာ နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပြီး ယူနိုက်တက် အနေနဲ့ကတော့ ပရီးမီးယားလိဂ် ရှုံးပွဲမရှိ စံချိန် ရပ်တန့်ခဲ့သလို မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးကိုလည်း အမှတ်ပေးချန်ပီယံဖြစ်သွားစေခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်တို့ ၈ ရက်အတွင်း ၃ ပွဲ အထိ ကစားရမှာ ဖြစ်လို့ ကစားသမား အင်အားချွေတာတဲ့ အနေနဲ့ ဒီနေ့ပွဲမှာ တစ်သင်းလုံး လူစာရင်း အပြောင်းအလဲ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ တိုက်စစ်မှာ မေဆင်ဂရင်းဝုဒ်ကို အထောင်ထားခဲ့ပြီး တောင်ပံနှစ်ဖက်မှာ အာမက်ဒ် ဒိုင်ယာလို၊ အဲလ်လန်ဂါ၊ ကွင်းလယ်မှာ မာတာ၊ ဗန်ဒီဘိခ်၊ မားတစ်၊ နောက်တန်းမှာ ဘရန်ဒန်ဝီလီယမ်စ်၊ ဘိုင်ယီ၊ တွမ်ဇီဘီ၊ အဲလက်စ်တဲလက်စ်၊ ဂိုးမှာ ဒါးဗစ် ဒက်ဟဲရားတို့ ပွဲထွက်လာပါတယ်။ လက်စတာစီးတီး ကတော့ အခုပွဲပြီးရင် ချဲလ်ဆီးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပေမယ့် ဘရန်ဒန်ရော်ဂျာ အနေနဲ့ အဓိက ကစားသမား တော်တော်များများကို ပွဲထွက်ကစားစေခဲ့ပါတယ်။ တိုက်စစ်မှာ ဗာဒီ၊ အီယန်နာချို၊ အေရိုးပီရက်ဇ်၊ ကွင်းလယ်မှာ အန်ဒီဒီ၊ တေးလီမန့်စ်၊ တောင်ပံနှစ်ဖက်မှာ လုခ်သောမက်စ်၊ အောလ်ဘရိုက်တန်၊‌ နောက်တန်းမှာ ဆွိုင်ယန်ချူး၊ ဖိုဖာနာ၊ ကတ်စတန်နီ၊ ဂိုးမှာ ကတ်စ်ပါရှမိုက်ကယ်တို့ ပါဝင်လာပါတယ်။ ပွဲအစပိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် လျင်လျင်မြန်မြန် ထိုးဖောက်မှုတွေ ပြုလုပ်ခဲ့ပြီး လက်စတာစီးတီးတို့ လုခ်သောမက်စ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် မေဆင်ဂရင်းဝုဒ်က ၅ မိနစ် အကြာမှာ ချက်ချင်းဆိုသလို ချေပဂိုး သွင်းယူပေးခဲ့လို့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ အဲ့နောက်မှာတော့ ကစားပုံက ပျင်းစရာကောင်းခဲ့ကြပြီး ဘောလုံးက ကွင်းလယ်မှာပဲ အပျက်များနေခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ပီးရက်ဇ် အစား ဂျိမ်းစ် မက်ဒီဆင် ဝင်လာခဲ့လို့ လက်စတာစီးတီးတို့ ကစားပုံ ပိုကောင်းလာခဲ့ပါတယ်။ ယူနိုက်တက် ဘက်ကလည်း ကာဗာနီ၊ ရက်ရှ်ဖို့ဒ်တို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် အဲ့ဒီကစားသမားတွေ ဝင်ဝင်လာချင်းမှာပဲ လက်စတာအတွက် အနိုင်ဂိုး ခွင့်ပြုပေးလိုက်ရပါတယ်။ ထောင့်ကန်ဘောက တစ်ဆင့် အောလ်ဘရိုက်တန် ကန်တင်ပေးတာကို နောက်ခံလူ ဆွိုင်ယန်ချူး အားပြင်းပြင်းနဲ့ ယူနိုက်တက် ဂိုးပေါက်ထဲ ခေါင်းတိုက်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်မိနစ် တွေမှာ ဖာနန်ဒက်စ် ဝင်လာခဲ့ပြီး အခွင့်အရေး တချို့ဖန်တီးနိုင်ခဲ့သလို လက်စတာဘက်ကလည်း မက်ဒီဆင်ရဲ့ အားထုတ်မှု တချို့ ရှိခဲ့ပေမယ့် သွင်းဂိုးတွေ ထပ်မမြင်ရတော့လို့ ၁-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် မန်ချက်စတာစီးတီးတို့ သရဖူဆောင်းသွားနိုင်ခဲ့ပြီး ရာသီမကုန်ခင် မန်ချက်စတာမြို့ကတော့ အပြာရောင် ဖြစ်သွားခဲ့ပါပြီ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ ယူနိုက်တက်

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ဆိုးလ်ရှားအနေနဲ့ အရန်လူစာရင်းနဲ့ ပွဲထွက်လာခဲ့လို့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပေမယ့် အပြစ်တင်လို့တော့ မရပါဘူး။ ဒီပွဲပြီးရင် ဆိုးလ်ရှားရဲ့ အသင်းက လစ်ဗာပူးလ်နဲ့ အင်္ဂလန်ဒါဘီ၊ ဗီလာရီးရဲယ်နဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲတွေ ကစားဖို့ ကျန်နေသေးလို့ အဓိကကစားသမားတွေ တတ်နိုင်သလောက် အနားပေးခဲ့ပုံပေါ်ပါတယ်။ ဒါပေမယ့် အခုရှုံးပွဲကနေ ယူနိုက်တက် အတွက် မြင်မိတဲ့ အချက် ၂ ချက် ရှိပါတယ်။ ယူနိုက်တက်ရဲ့ အဓိက လူစာရင်းနဲ့ အရန်လူစာရင်း ခြေစွမ်း ကွာဟချက် ဘယ်လောက်အထိ ရှိနေတယ်ဆိုတာရယ်၊ ပုံစံကောင်းတစ်ခုနဲ့အတူ ရလဒ်တွေ တောက်လျောက် ကောင်းနေတဲ့ ယူနိုက်တက် အတွက် အသင်းလိုက် ကစားပုံ မသိမသာ ပျက်သွားနိုင်တယ် ဆိုတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က အခုရှုံးပွဲကြောင့် ယူနိုက်တက်တို့ ခါးသီးတဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီး ကို ပျော်ရွှင်သွားစေနိုင်ခဲ့ပါတယ်။ အခုနှစ်ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် မန်ချက်စတာစီးတီးတို့ သရဖူဆောင်းသွားနိုင်ခဲ့ပြီး  ရာသီမကုန်ခင် မန်ချက်စတာမြို့ကတော့ အပြာရောင် ဖြစ်သွားခဲ့ပါပြီ။ မန်ချက်စတာစီးတီး ကတော့ အသင်းကို ရှိတ်မန်ဆော ဝယ်ယူပြီး ပြုပြင်ပြောင်းလဲမှုတွေ စတင်ခဲ့ချိန် ၂၀၁၁ ခုနှစ်ကစလို့ ၁၀ နှစ်တာ ကာလအတွင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၅ ကြိမ်မြှောက် ပိုင်ဆိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ လက်စတာစီးတီးတို့ အခုနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို အခွင့်ကောင်းယူနိုင်ခဲ့သလို ချန်ပီယံလိဂ် ဝင်ခွင့်အတွက်လည်း အဖိုးတန် ၃ မှတ်နဲ့ ရှေ့ဆက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

မန်ချက်စတာယူနိုက်တက်တို့ အခုပွဲကစားပြီး နာရီ ၅၀ ကျော်အကြာမှာ လစ်ဗာပူးလ်နဲ့ အစဉ်အလာအရ အရေးပါတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ရှိပြီး လက်စတာစီးတီး ကတော့ မေလ ၁၅ ရက်နေ့ ညပိုင်းမှာ ဝင်ဘလေကွင်းမှာ ချဲလ်ဆီးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ နွှဲရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်