အိုလီဂန်နာဆိုးလ်ရှား ရဲ့ အသင်းကတော့ လက်ရှိမှာ အကောင်းဆုံး ပုံစံနဲ့ အတူ ပရီးမီးယားလိဂ်ရော၊ ယူရိုပါလိဂ်မှာပါ ရလဒ်ကောင်းတွေ ရရှိနေခဲ့တာတွေ့ရပါတယ်။ ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ် အဆင့်ထိ ရောက်ရှိနေပြီ ဖြစ်သလို ပရီးမီးယားလိဂ် မှာတော့ ချန်ပီယံဆုဖလား မျှော်လင့်ဖို့ မဖြစ်နိုင်တော့ပေမယ့် နောက်ဆုံး ၁၃ ပွဲဆက် ရှုံးပွဲမရှိခဲ့သလို ၇ ပွဲနိုင်၊ ၆ ပွဲသရေကျထားပါတယ်။
ဒါထက် စိတ်ဝင်စားဖို့ကောင်းတာက ယူနိုက်တက်တို့ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝေးကွင်း ၂၄ ပွဲဆက် ရှုံးပွဲမရှိတဲ့ စံချိန်ကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်တို့ အနေနဲ့ ၂၀၀၁-၂၀၀၂ တုန်းက အာဆင်နယ်တို့ တင်ထားတဲ့ ၂၃ ပွဲဆက် အဝေးကွင်း ရှုံးပွဲမရှိ စံချိန်ကို ကျော်ဖြတ်ထားနိုင်ခဲ့ပြီဖြစ်လို့ ၂၀၀၃-၀၄ မှာတင်ခဲ့တဲ့ ၂၇ ပွဲဆက် စံချိန်ကိုရော ထပ်မံ ချိုးဖျက်နိုင်ဦးမလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ အခုဆက်လက်ပြီးတော့ ပရီးမီးယားလိဂ် သမိုင်းမှာ ဘယ်အသင်းတွေက အဝေးကွင်းရှုံးပွဲမရှိ စံချိန်ကို အကြာဆုံး တင်ထားခဲ့ကြသလဲ ဆိုတာ ဖော်ပြပေးသွားပါမယ်။
အာဆင်နယ် – ၂၇ ပွဲ (၂၀၀၃-၀၄)
အာဆင်နယ်တို့ တစ်ရာသီလုံး ရှုံးပွဲမရှိပဲ ပရီးမီးယားလိဂ် ရွှေဖလားကို ရရှိခဲ့တဲ့ ရာသီက ဒီစံချိန်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်တို့ ၂၀၀၃ ခုနှစ် ဧပြီ ၅ ရက်နေ့မှာ အက်စတွန်ဗီလာနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပွဲကစပြီး ရှုံးပွဲမရှိခဲ့တာ ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ မန်ချက်စတာယူနိုက်တက်ကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှ ကျိုးပျက်သွားခဲ့တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အာဆင်နယ်တို့ ၂၀၀၂-၂၀၀၃ ဘောလုံးရာသီမှာ ကစားခဲ့တဲ့ ၄ ပွဲနဲ့ ၂၀၀၃-၂၀၀၄ မှာ ၁၉ ပွဲ၊ ၂၀၀၄-၀၅ ရာသီမှာ ၄ ပွဲ၊ စုစုပေါင်း ၂၇ ပွဲဆက် အဝေးကွင်း ရှုံးပွဲမရှိ စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် – ၂၄ ပွဲ (၂၀၂၀-လက်ရှိ)
မန်ချက်စတာယူနိုက်တက်တို့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ကတည်းက အဝေးကွင်း ရှုံးပွဲမရှိခဲ့တာ လက်ရှိအချိန်ထိ ဖြစ်ပြီး စုစုပေါင်း ၂၄ ပွဲအထိ ရှိခဲ့ပါပြီ။ ၂၀၀၁-၂၀၀၂ ခုနှစ် ပရီးမီးယားလိဂ် ရာသီက အာဆင်နယ် တင်ထားခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်ထားနိုင်ခဲ့ပြီး နောက်ထပ် ၂၇ ပွဲစံချိန်ကို ကျော်ဖြတ်နိုင်ဖို့ တစ်သင်းလုံး ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ အိုလီဂန်နာဆိုးလ်ရှား အနေနဲ့ ဆုဖလား အောင်မြင်မှု တစ်စုံတစ်ရာ မရသေးပေမယ့် ဆာအဲလက်စ်ဖာဂူဆန် မရခဲ့ဖူးတဲ့ စံချိန်ကောင်းတွေတောင် ပိုင်ဆိုင်ထားပြီး မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးကို အဝေးကွင်းမှာ ကစားခဲ့တဲ့ ၃ ပွဲစလုံး အနိုင်ရတဲ့ စံချိန်လည်း အပါအဝင် ဖြစ်ပါတယ်။ တစ်ချက်ရှိတာက ဒီရာသီအတွက် ပရီးမီးယားလိဂ် အဝေးကွင်း လက်ကျန်ပွဲစဉ် ၂ ပွဲပဲ ကစားဖို့ ကျန်ရှိတော့တာကြောင့် အာဆင်နယ်ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ဖို့အတွက် ဆိုရင်တော့ နောက်ရာသီအအထိ စောင့်ရမှာ ဖြစ်ပါတယ်။
အာဆင်နယ် – ၂၃ ပွဲ (၂၀၀၁-၀၂)
အာဆင်နယ်ဟာ အင်္ဂလန်ဘောလုံး သမိုင်းမှာ တတိယ အအောင်မြင်ဆုံး အသင်းသာ ဖြစ်ပေမယ့် ပြိုင်ဘက်တွေ မရခဲ့တဲ့ စံချိန်တွေကိုတော့ ပိုင်ဆိုင်ထားတဲ့ အသင်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ၂၇ ပွဲဆက် အဝေးကွင်း ရှုံးပွဲမရှိစံချိန် မတင်ခင် ၂၀၀၁-၀၂ ရာသီမှာကတည်းက ၂၃ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို တင်နိုင်ခဲ့တာ ဖြစ်ပြီး မှတ်မှတ်ရရ အဲ့ဒီအချိန်တုန်းက အာဆင်နယ်ရဲ့ စံချိန်ကို ချိုးဖျက်ခဲ့သူကတော့ တစ်ချိန်မှာ ယူနိုက်တက်ရဲ့ နာမည်ကျော် ကစားသမားဖြစ်လာမယ့် အဲဗာတန် တိုက်စစ်မှူးလေး ဝိန်းရူနီပါပဲ။
လစ်ဗာပူးလ် – ၂၁ ပွဲ (၂၀၁၉-၂၀)
ဒီလို စံချိန်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းတွေထဲမှာ ယူနိုက်တက်နဲ့ အမြဲတမ်း အပြိုင်ဖြစ်ခဲ့တဲ့ အင်္ဂလန်ရဲ့ အကောင်းဆုံး အသင်း လစ်ဗာပူးလ်လည်း ပါဝင်နေပါတယ်။ ဂျာဂျင်ကလော့ပ်တို့ အုပ်စု ပရီးမီးယားလိဂ် ချန်ပီယံဆု ကို နှစ်ပေါင်း ၃၀ အကြာမှ ပြန်ပြီး ကိုင်မြှောက်ခွင့်ရတဲ့ ရာသီမှာ ဒီစံချိန်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘရိုက်တန်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲကစပြီး အဝေးကွင်း ရှုံးပွဲမရှိခဲ့တာဟာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ဝက်ဖို့ဒ်ကို ၃ ဂိုးပြတ် ရှုံးမှ ရပ်တန့်သွားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ၄၉ ပွဲဆက် ပရီးမီးယားလိဂ် ရှုံးပွဲမရှိစံချိန်ကို လိုက်မှီဖို့ ၅ ပွဲသာ လိုတော့တဲ့ အချိန်မှာ ကျိုးပျက်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကြိုးကြာနီတို့ အနေနဲ့ ချန်ပီယံလိဂ်၊ စူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလား အားလုံးကို တစ်ပြိုင်နက်တည်း ကိုင်မြှောက်နိုင်ခဲ့တဲ့ ပထမဆုံး အင်္ဂလန် အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
နော့တင်ဟမ်ဖောရက်စ် – ၂၁ ပွဲ (၁၉၇၇-၇၈)
လက်ရှိမှာ ဘောလုံးပရိသတ်တွေနဲ့ အဝေးဆုံးကို ရောက်သွားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ် ဟာလည်း စံချိန်ကောင်းတွေ တင်နိုင်ခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ တစ်ချိန်က ပရီးမီးယားလိဂ် ကလပ်အသင်းကြီး တစ်သင်း ဖြစ်ခဲ့သလို သူတို့ အသင်း ပရီးမီးယားလိဂ် ဖလား ရရှိခဲ့တဲ့ နှစ်မှာ ဒီစံချိန်ကို တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မှတ်မှတ်ရရ နော်တင်ဟမ်ဖောရက်စ်ဟာ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၁ကြိမ်၊ ပရီးမီးယားလိဂ်ဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ် ကိုင်မြှောက်ခဲ့ဖူးတဲ့ အသင်းလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.