နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကြိုးကြာနီတွေနဲ့ ငှက်ကြားတွေရဲ့ အမှတ်လုတိုက်ပွဲ – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

လစ်ဗာပူးလ် – နယူးကာဆယ်

အခုတစ်ပတ် စနေနေ့မှာတော့ လစ်ဗာပူးလ်နဲ့ နယူးကာဆယ် တို့ကစားကြမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ကလည်း မထင်မှတ်ပဲ အကြိတ်အနယ် ရှိလာဦးမှာပါ။ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ရည်မှန်းထားတဲ့ ကြိုးကြာနီတို့ တန်းဆင်းဇုန်ဖိအား အောက်ကနေ ရုန်းထွက်ဖို့ ကြိုးပမ်းနေတဲ့ ငှက်ကြားတွေကြောင့် ကျိန်းသေပေါက် ရုန်းကန်ရဖို့ ရှိနေပါတယ်။

လစ်ဗာပူးလ်တို့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ နိုင်ပွဲရဖို့ အထိ နီးစပ်ခဲ့ပေမယ့်  လိဒ်စ်ယူနိုက်တက် နောက်ခံလူ ယော်ယန်းတေးရဲ့ နောက်ကျဂိုးကြောင့် သရေ ၁ မှတ်နဲ့ အိမ်ပြန်ခဲ့ရပါတယ်။ အဝေးကွင်း နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရတဲ့ လစ်ဗာပူးလ် တို့ အမှတ်ပေးဇယား ထိပ်ပိုင်းကို ပြန်လည် တက်လှမ်းခွင့်နဲ့လည်း လွဲချော်ခဲ့တာပါ။ လစ်ဗာပူးလ်တို့ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေတယ် ဆိုပေမယ့် အဆင့် ၃ နေရာက လက်စတာစီးတီး နဲ့တောင် ၃ မှတ်ပဲ ကွာဟတာကြောင့်  ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့ အကောင်းဆုံး အခြေအနေတစ်ခုကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။ ဂျာဂျင်ကလော့ပ်အနေနဲ့ နောက်ပိုင်းနှစ်တွေမှာ အပြတ်အသတ် အသာရထားတဲ့ နယူးကာဆယ်နဲ့ ပွဲကနေ ၃ မှတ် အပြည့်ရဖို့ မျှော်လင့်ထားပါလိမ့်မယ်။ အသင်းမှာ ဗန်ဒိုက်ဂ်ျ အပါအ၀င် အိုရီဂီ၊ ကာတစ်ဂျုန်းစ်၊ ဂိုးမက်စ်၊ မက်တစ်ပ်၊ ဟန်ဒါဆင်၊ ဖီးလစ်ပ် တို့လို ကစားသမားတွေ ဒဏ်ရာ ပြသနာရှိနေဆဲမို့လို့ ကလော့ပ် အနေနဲ့ ‌ရွေးချယ်စရာ ခပ်များများတော့ မရှိပါဘူး။

နယူးကာဆယ်တို့ ၃ ပွဲလောက် အကောင်းဆုံး ရုန်းနိုင်ခဲ့တာက ပရီးမီးယားလိဂ် တန်းဆင်းဇုန် ဖိအားကို တော်တော််လေး လျှော့ချနိုင်ခဲ့ပြီး အဆင့် ၁၈ နေရာက ဖူလ်ဟမ်ကို ၈ မှတ် အထိ ဖြတ်ထားနိုင်ခဲ့ပါပြီ။
ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်ရထားတဲ့ နယူးကာဆယ်

စတိဗ်ဘရုစ် အသင်းရဲ့ လက်ရှိခြေစွမ်းကတော့ အားရစရာ အရမ်းကောင်း‌နေပါတယ်။ တော့တင်ဟမ်ဟော့စပါးကို ၂ ဂိုးပြတ် ရှုံးနေတာကနေ ၂ ဂိုး ပြန်လိုက်သွင်းပြီး သရေ တစ်မှတ်ယူနိုင်ခဲ့သလို ဘန်လေ၊ ၀က်စ်ဟမ်း တို့ကိုလည်း ဆက်တိုက် အနိုင်ရထားပါတယ်။ နယူးကာဆယ်တို့ ၃ ပွဲလောက် အကောင်းဆုံး ရုန်းနိုင်ခဲ့တာက ပရီးမီးယားလိဂ် တန်းဆင်းဇုန် ဖိအားကို တော်တော််လေး လျှော့ချနိုင်ခဲ့ပြီး အဆင့် ၁၈ နေရာက ဖူလ်ဟမ်ကို ၈ မှတ် အထိ ဖြတ်ထားနိုင်ခဲ့ပါပြီ။ နိုင်ပွဲဆက်နေလို့ စိတ်ဓာတ်ပိုင်းဆိုင်ရာအရလည်း အမြင့်ဆုံးမှာ ရှိနေတဲ့ နယူးကာဆယ်တို့ ပြီးခဲ့တဲ့ ပွဲတုန်းက တိုက်စစ် ကစားပုံမျိုးနဲ့ဆို အမှားများတတ်တဲ့ လစ်ဗာပူးလ် ခံစစ်ကို ကျိန်းသေပေါက် အလုပ်ရှုပ်စေဦးမှာပါ။ အခုပွဲမှာတော့ စိန့်မက်ဆီမင်၊ ရှား၊ ဟေဒန်၊ လက်ဆဲလက်စ်၊ ဖရေဆာတို့ ဒဏ်ရာရနေလို့ ပါဝင်လာနိုင်မှာ မဟုတ်ပါဘူး။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

လစ်ဗာပူးလ်တို့ နယူးကာဆယ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲ အထိ အနိုင်ရထားပြီး အနည်းဆုံး ၂ ဂိုး သွင်းထားနိုင်ပါတယ်။ ၂၀၁၀ နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှု ၁၉ ကြိမ်မှာတော့ လစ်ဗာပူးလ်တို့ ၁၀ကြိမ် အထိ အနိုင်ရထားပြီး နယူးကာဆယ်က ၄ ကြိမ်ပဲ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ဒီရာသီ ပထမအကျော့မှာ‌တော့ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လစ်ဗာပူးလ် – နယူးကာဆယ် အချိန်ပြည့် 1X2 အိမ်ရှင် @ 1.27
ဧပြီလ ၂၄ ရက်, ည ၆:၀၀ နာရီ (GMT + ၆:၃၀)

1X2 ပေါက်ကြေးမှာတော့ အိမ်ရှင်အတွက် ၁.၂၅ ဆ၊ သရေအတွက် ၆.၂၅ ဆ၊ ဧည့်သည် အတွက် ၁၁.၅၀ဆ ကြေးဖွင့်ထားပါတယ်။ ပေါက်ကြေးအရတော့ လစ်ဗာပူးလ် ဘက်နေရမယ့် အခြေအနေပါ။ ဒါပေမယ့် နယူးကာဆယ် တို့ရဲ့ ရုန်းအားကြောင့် လစ်ဗာပူးလ်တို့ နိုင်ပွဲရဖို့ ခက်ခဲသွားနိုင်တာကိုလည်း သတိပြုရပါမယ်။ မဖြစ်မနေ ရွေးချယ်ပါဆိုရင်တော့ လစ်ဗာပူးလ် ကိုပဲ မျက်စိမှိတ်ယုံကြည်ပေးရမှာပါ။ ဂိုးပြတ်ဖို့တော့ မရှိပါဘူး။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်