နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဝက်စ်ဘရွန်းရဲ့ တန်းဆင်းဇုန် ရုန်းအားကြောင့် လက်စတာတို့ ခက်ခဲလိမ့်မယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

လက်စတာစီးတီး – ဝက်စ်ဘရွန်း

လာမယ့် ဧပြီလ ၂၃ ရက်နေ့ မနက်အစောပိုင်းမှာ‌တော့ လက်စတာစီးတီးနဲ့ ဝက်စ်ဘရွန်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၃၂) ကစားဖို့ ရှိပါတယ်။ အခြေအနေ မတူပေမယ့် ရမှတ်လိုအပ်တာ ကတော့ တူနေတဲ့ အသင်းနှစ်သင်း အတွက် အရေးပါတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လို့ အကြိတ်အနယ်ရှိလာဦးမှာပါ။

 
လက်စတာစီးတီးတို့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးခဲ့လို့ အမှတ်လိုအပ်နေချိန် ဖြစ်ပါတယ်။ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေခဲ့ပေမယ့် လက်စတာစီးတီးတို့ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်က မသေချာတော့တဲ့ အနေအထားကို ရောက်လာပါပြီ။ မန်ချက်စတာစီးတီးကို ကစားသမား စုဖွဲ့မှုချင်း မယှဉ်နိုင်လို့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပေမယ့် ဝက်စ်ဟမ်းကို ရှုံးရတာတော့ တကယ်ကို မတန်ခဲ့ပါဘူး။ ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်နေရာကနေ အီယန်နာချိုက ၂ ဂိုးလိုက်သွင်းခဲ့ပေမယ့် ပွဲအပြီးမှာ သရေ ၁ မှတ်တောင် မရခဲ့ပါဘူး။ လက်ကျန် နောက်ဆုံး ၃ ပွဲမှာ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီး၊ တော့တင်ဟမ်ဟော့စပါးတို့နဲ့ ကစားဖို့ ကျန်ရှိနေတဲ့ လက်စတာစီးတီးတို့  အခုလာမယ့် ပွဲစဉ်တွေ ဖြစ်တဲ့ ဝက်စ်ဘရွန်း၊ ခရစ္စတယ်ပဲလေ့စ်၊ ဆောက်သမ်တန်၊ နယူးကာဆယ် တို့နဲ့ပွဲတွေမှာ တတ်နိုင်သမျှ ရမှတ် ရှာထားမှ ဖြစ်ပါလိမ့်မယ်။ မဟုတ်ရင် ပြီးခဲ့တဲ့ရာသီကလိုပဲ ယူရိုပါလိဂ်နဲ့ပဲ ကျေနပ်ရမယ့် အဖြစ်မျိုး ကြုံသွားနိုင်ပါတယ်။ လက်ရှိ အသင်းမှာ ဟာဗေးဘန်းစ်၊ ဂျက်စတင်၊ မော်ဂန်တို့ ၃ ဦး ဒဏ်ရာပြသနာရှိနေလို့ ပါဝင်လာနိုင်မှာ မဟုတ်ပါဘူး။

ဘစ်ဆမ်ရဲ့ဝက်စ်ဘရွန်းကတော့ပရီးမီးယားလိဂ်ကနေတန်းမဆင်းရရေးအတွက်ပြီးခဲ့တဲ့၂ပွဲမှာအတည်ပေါက်နဲ့ရုန်းကန်ပြသွားတာအားရစရာပါပဲ။
ပရီးမီးယားလိဂ် တန်းဆင်းဇုန် အထက်ကအသင်းနဲ့ ၉ မှတ်ကွာဟနေဆဲဝက်စ်ဘရွန်း

ဘစ်ဆမ်ရဲ့ ဝက်စ်ဘရွန်း ကတော့ ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရရေးအတွက် ပြီးခဲ့တဲ့ ၂ ပွဲမှာ အတည်ပေါက်နဲ့ ရုန်းကန်ပြသွားတာ အားရစရာပါပဲ။ တစ်ယောက်လျော့ ချဲလ်ဆီးကို အခွင့်အရေး အပြည့်အဝ အသုံးချပြီး ၂-၅ ရလဒ်နဲ့ အဝေးကွင်းမှာ အနိုင်ကစားပြသွားခဲ့သလို ဆောက်သမ်တန်ကိုလည်း ၃ ဂိုးပြတ်နဲ့ အနိုင်ယူထားပါတယ်။ လက်ရှိ တန်းဆင်းဇုန် အဆင့် ၁၈ နေရာမှာ ရပ်တည်နေတဲ့ ဝက်စ်ဘရွန်းတို့ ရမှတ် ၂၄ မှတ်သာရရှိထားလို့ တန်းဆင်းဇုန် အထက်က အသင်းနဲ့ ၉ မှတ်တောင် ကွာဟနေပါသေးတယ်။ ပြီးခဲ့တဲ့ နှစ်ပွဲမှာ ၃ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးပေးခဲ့တဲ့ မားသီးယက်စ် ပရဲရား၊ ၃ ဂိုးသွင်းထားတဲ့ ကော်လမ်ရော်ဘင်ဆင်တို့ အခုပွဲမှာရော ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်ဦးမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပြီး တကယ်တမ်းမှာလည်း လက်စတာစီးတီး နောက်တန်း အတွက် သတိကြီးကြီးထားရမယ့် ကစားသမား ၂ ဦးဖြစ်ပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

လက်စတာစီးတီးနဲ့ ဝက်စ်ဘရွန်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမူ အနေအထားကို ကြည့်မယ်ဆိုရင် လက်စတာစီးတီးတို့ ဝက်စ်ဘရွန်းကို အပြတ်အသတ် အသာရထားခြင်းမတော့ မရှိပါဘူး။ နောက်ဆုံး တွေ့ဆုံမှု ၁၁ ကြိမ်မှာ လက်စတာတို့ ၅ ကြိမ်နိုင်၊ ဝက်စဘရွန်းတို့ ၃ ကြိမ်နိုင်ပြီး ၃ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ထားပါတယ်။ ၂၀၁၇ ခုနှစ် နောက်ပိုင်း ကစားခဲ့တဲ့ ပွဲစဉ်တွေမှာတော့ ဝက်စ်ဘရွန်းတို့ လက်စတာစီးတီးကို လုံးဝအနိုင်မရတော့တာ တွေ့ရပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လက်စတာစီးတီး – ဝက်စ်ဘရွန်း 1X2 လက်စတာစီးတီ @ ၁.၅၅ ဆ
ဧပြီလ ၂၃ရက်, ည၁:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက် ၁.၅၅ ဆနဲ့ဧည့်သည်အသင်းအတွက်၆.၅၀ ဆကြေးဖွင့်ပြီးသရေအတွက် ၄.၀၀ ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။နှစ်သင်းစလုံး ရမှတ်လိုအပ်ချက် အတွက် တတ်နိုင်သမျှ အနိုင်ရဖို့ကိုပဲ ဦးတည်ကစားလာမှာပါ။ လက်စတာစီးတီးထက် ဝက်စ်ဘရွန်း တိုက်စစ်က ပိုပြီး ထက်မြတ်နေပေမယ့် ဘရန်ဒန်ရော်ဂျာရဲ့ အသင်းက တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းချုပ်သွားနိုင်မယ်လို့ ယူဆရပါတယ်။ ဒီပွဲမှာတော့ ဝက်စ်ဘရွန်းတို့ မျှော်လင့်ထားသလို ဖြစ်မလာနိုင်တော့ပါဘူး။ လက်စတာစီးတီးတို့ ၂-၁ လောက်နဲ့ အနိုင်ရသွားမယ် ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်