နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘောလုံးပြည်တွင်းစစ် စတင်သူလို့ ဝေဖန်ခံနေရတဲ့ ဥရောပစူပါလိဂ် အကြောင်း သိသင့်သမျှ

၀၂၁ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ ကတော့ ဘောလုံးသမိုင်းကို အကြီးအကျယ်လှုပ်ခတ်သွားစေခဲ့တဲ့ အမှတ်တရ နေ့တစ်နေ့ပါပဲ။ ဘာကြောင့်လဲဆိုတော့ လက်ရှိ ဥရောပဘောလုံးလောကရဲ့ ဖြစ်တည်မှု အလုံးစုံ ပြောင်းလဲသွားစေမယ့် အစီအစဉ် တစ်ရပ်ကို ဥရောပစူပါလိဂ်အဖွဲ့ချုပ်က ချပြလိုက်လို့ပဲ ဖြစ်ပါတယ်။
 

ဥရောပစူပါလိဂ် ဆိုတာ ဘာလဲ???

လွယ်လွယ်ပြောရရင် ဥရောပစူပါလိဂ် ဆိုတာ နာမည်ကြီး ထိပ်သီး အသင်းပေါင်း ၂၀ ပါဝင်ယှဉ်ပြိုင်ကြမယ့် ခွဲထွက်ပြိုင်ပွဲ တစ်ခုပါပဲ။ ပြိုင်ပွဲကျင်းပမယ့် ပုံစံကတော့ အသင်းပေါင်း ၁၅ သင်းဟာ အမြဲတမ်း အဖွဲ့ဝင်တွေ ဖြစ်ပြီး တန်းဆင်းစရာ မလိုပဲ ကျန် ၅ သင်းကတော့ နှစ်စဉ် ခြေစစ်ပွဲ ကစားပြီးမှ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ စူပါလိဂ် အနေနဲ့ လက်ရှိ ယူအီးအက်ဖ်အေက ကြီးမှူးကျင်းပနေတဲ့ ကလပ်အသင်းပြိုင်ပွဲကနေ နောက်ထပ် ရွေးချယ်စရာ ဖြစ်လာဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ စူပါလိဂ် ကြောင့် လက်ရှိ ကျင်းပနေတဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် အပြင် နောက်ဆုံး အသစ်ပြင်ဆင်ထားတဲ့ ယူအီးအက်ဖ်အေ ယူရိုပါကွန်းဖရင့်လိဂ် တို့ကတော့ ခြိမ်းခြောက်မှုတွေနဲ့ စတင်ရင်ဆိုင်ရပြီ ဖြစ်ပါတယ်။ လက်တလော ဥရောပစူပါလိဂ်မှာ ကစားဖို့ လက်ခံခဲ့တဲ့ အသင်းတွေဟာ လက်ရှိ ယူအီးအက်ဖ်အေ က ကျင်းပနေတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်လိုခြင်း မရှိတော့ဘူးလို့ သိရပါတယ်။

လက်ရှိ ဥရောပစူပါလိဂ်အဖွဲ့ချုပ် ရဲ့ ဥက္ကဌ အဖြစ် ရီးရဲယ်မက်ဒရစ် ဥက္ကဌ ဖလော်ရင်တီနို ပီရက်ဇ်ကို ခန့်အပ်ခဲ့ပြီး ဒုဥက္ကဌ တွေ အဖြစ် ဂျူဗင်တပ်စ် ဥက္ကဌ အက်ဂ်နယ်လီနဲ့ မန်ချက်စတာယူနိုက်တက် ပိုင်ရှင် ဂျိုဝဲလ် ဂလေဇာတို့က တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

လက်တလော ဥရောပစူပါလိဂ်မှာ ကစားဖို့ လက်ခံခဲ့တဲ့ အသင်းတွေဟာ လက်ရှိ ယူအီးအက်ဖ်အေ က ကျင်းပနေတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်လိုခြင်း မရှိတော့ဘူးလို့ သိရပါတယ်။
ယူအီးအက်ဖ်အေ လက်အောက်က ပြိုင်ပွဲတွေကို စိန်ခေါ်လာမယ့် ဥရောပစူပါလိဂ်

ဘယ်အသင်းတွေ ပါဝင်နေလဲ???

လက်ရှိအချိန်ထိတော့ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီး ၆ သင်း ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ ချဲလ်ဆီး၊ အာဆင်နယ်၊ လစ်ဗာပူးလ်၊ တော့တင်ဟမ်ဟော့စပါး၊ စပိန် ထိပ်သီး ၃ သင်းဖြစ်တဲ့ ရီးရဲယ်မက်ဒရစ်၊ အက်တလက်တီကို မက်ဒရစ်နဲ့ ဘာစီလိုနာ၊ အီတလီ ထိပ်သီး ၃ သင်းဖြစ်တဲ့ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ အေစီမီလန် တို့ ပါဝင်ကစားဖို့ ရှိနေပါတယ်။ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်နဲ့ ပြင်သစ် လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီတို့ကတော့ ပါဝင်ဖို့ ဖိတ်ကြားချက်ကိုတောင် ငြင်းဆိုထားပါတယ်။ တစ်ချက်ရှိတာက စူပါလိဂ်က ပေးနိုင်မယ့် ဘဏ္ဍာရေး အကျိုးအမြတ် မက်လုံးတွေကို ဒီနှစ်သင်းအနေနဲ့ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
 

ဘယ်တော့စမှာလဲ??? ဘယ်လိုပုံစံနဲ့ ကျင်းပမှာလဲ???

ဥရောပစူပါလိဂ် အဖွဲ့ချုပ်ကတော့ ပြိုင်ပွဲကို ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှ စတင်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့်လည်း လက်ရှိ ပြသနာတွေအရ ပြိုင်ပွဲစတင်ကျင်းပတဲ့ ရက်ဟာ ကျိန်းသေပေါက် နောက်ဆုတ်ရဖို့ ရှိနေပါတယ်။

ဝင်ပြိုင်မယ့် အသင်း ၂၀ ဟာ ၁၀သင်း တစ်အုပ်စုစီ ခွဲပြီး အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ကစားတဲ့ စနစ်နဲ့ စုစုပေါင်း ၁၈ ပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အုပ်စု ထိပ်ဆုံး ၃ သင်းစီ ကတော့ ကွာတားဖိုင်နယ် အဆင့်ကို တိုက်ရိုက် တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ အဆင့် ၄ နဲ့ ၅ နေရာရတဲ့ ၄ သင်းကတော့ ရှုံးထွက်ပြန်ကစားရမှာ ဖြစ်ပြီး အနိုင်ရတဲ့ ၂ သင်းဟာ ကွာတားဖိုင်နယ်အဆင့် လက်ကျန် ၂ နေရာကို တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်တို့မှာလည်း နှစ်ကျော့စီ ကစားရမှာ ဖြစ်ပြီး ဗိုလ်လုပွဲကတော့ တစ်ပွဲပဲ ကစားရမှာ ဖြစ်ပါတယ်။

 

ပြိုင်ပွဲဝင်အသင်းတွေ အကျိုးအမြတ် ဘယ်လောက်ရမလဲ???

ဥရောပစူပါလိဂ် ပြိုင်ပွဲစတင်ဖို့အတွက် အမေရိကန် နာမည်ကြီး ဘဏ်တစ်ခု ဖြစ်တဲ့ ဂျေပီမော်ဂန် က ပေါင် ၃.၅ ဘီလီယံ ထောက်ပံ့ပေးသွားဖို့ ရှိပြီး ကလပ်အသင်းတွေ အနေနဲ့ ပြိုင်ပွဲ ပုံမှန်လည်ပတ်ပြီး စီးပွားရေး အကျိုးအမြတ်၊ ကြော်ငြာဝင်ငွေ၊ ရုပ်သံလွှင်ခွင့်တွေ ကနေ အကျိုးအမြတ်တွေ ပြန်ရရင်တော့ ဂျေပီမော်ဂန်ဘဏ်ကို အကြွေး ပြန်ဆပ်ရမယ်လို့ သိရပါတယ်။

ဒါတွေကတော့ ဥရောပစူပါလိဂ်နဲ့ပတ်သတ်တဲ့ သိထားသင့်တဲ့ အချက်အလက်တချို့ကို‌ ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ လက်တလောမှာ ဝေဖန်သံတွေ အကျယ်လောင်ဆုံးထွက်ပေါ်နေပြီး ဘောလုံးလောကရဲ့ ပြည်တွင်းစစ်ကို ဖန်တီးသူလို့ တောင် တင်စားခံနေရတဲ့ ဥရောပစူပါလိဂ်ရဲ့ နောက်ဆက်တွဲ အကြောင်းအရာတွေနဲ့ ပတ်သတ်လို့ ထူးခြားတာနဲ့ အလျဉ်းသင့်သလို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်