နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဝက်စ်ဟမ်းရဲ့ လက်ဆောင်ဂိုးနဲ့ နိုင်ပွဲ ဆက်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာယူနိုက်တက် ၁ – ၀ ဝက်စ်ဟမ်း

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ ရဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ရဲ့ ပွဲမှာ အိမ်ရှင်တို့ ဧည့်သည်အသင်း နောက်တန်းကစားသမား ခရိတ်ဂျ် ဒေါ်ဆင်ရဲ့ လက်ဆောင်ဂိုးကြောင့် အနိုင် ၃ မှတ် အပြည့်ရခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ တစ်သင်းလုံး ရုန်းကန်ခဲ့ရပေမယ့် ဂိုး ၁ ဂိုးဟာ အနိုင်ရဖို့ အတွက် လုံလောက်ခဲ့တာ တွေ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်တို့ တိုက်စစ်မှာ မေဆင်ဂရင်းဝုဒ်ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာ ဒန်ဂျိမ်းစ်၊ ဘရူနိုဖာနန်ဒက်စ်၊ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ မက်တော်မီနေး၊ ဖရက်ဒ်၊ နောက်တန်းမှာ အာရွန်ဝမ်ဘစ်ဆာခါ၊ လင်ဒီအော့ဖ်၊ မက်ဂွိုင်းယား၊ လုခ်ရှော၊ ဂိုးမှာ ဒင်းန်ဟန်ဒါဆင်နဲ့ ပွဲထွက်လာပါတယ်။ ဝက်စ်ဟမ်း ဘက်မှာလည်း အဓိက ကစားသမား တော်တော်များများ ပါဝင်ခဲ့ပြီး တိုက်စစ်မှာ အန်တိုနီယိုနဲ့ ဘိုဝင်ကို ဦးဆောင်စေပြီး ဆိုဆက်ခ်၊ ရိုက်စ်၊ နိုဘယ်၊ ဒေါဆင်၊ ခရက်စ်ဝဲလ် တို့နဲ့ ပွဲထွက်လာပါတယ်။ ယူနိုက်တက်တို့ ဒီနေ့ပွဲမှာ တိုက်စစ်က သွင်းဂိုး ရဖို့ တော်တော်လေး ရုန်းကန်ခဲ့ရပြီး အစောပိုင်း ပွဲကစားချိန် တော်တော်များများမှာ ဘောလုံးက ကွင်းလယ်မှာပဲ အပျက်များနေခဲ့ရပါတယ်။ ဒါ့ကြောင့် ပထမပိုင်း တစ်ပိုင်းလုံး ဘယ်သူ့ဘယ်သူမှ ဂိုးမသွင်းနိုင်ခဲ့ပဲ ဂိုးမရှိ သရေကျနေခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ယူနိုက်တက်တို့ရဲ့ တရစပ် ဖိအားပေးမှုကြောင့် ဝက်စ်ဟမ်းတို့ အမှားများလာခဲ့ပြီး ပွဲချိန် ၅၃ မိနစ်မှာတော့ နောက်တန်းက ခရိတ်ဂျ်ဒေါဆင် ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့လို့ ၁-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် ကွင်းလယ်က မက်တော်မီနေး-ဖရက်ဒ် အတွဲဟာ ကစားပုံ ကောင်းခဲ့ပေမယ့် တိုက်စစ်က မေဆင်ဂရင်းဝုဒ်ရဲ့ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေကြောင့် ဂိုးရဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ တောင်ပံမှာ ထွက်ကစားတဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ် အနေနဲ့ ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိလို့ မန်ချက်စတာယူနိုက်တက် ဘယ်တောင်ပံက တောက်လျောက် သေနေခဲ့ပါတယ်။ ကွင်းလယ်က ဘရူနိုဖာနန်ဒက်စ်ကတော့ ထုံးစံအတိုင်း ခြေစွမ်းပြနိုင်ခဲ့တာ တွေ့ရပြီး ဂိုးပေါက်တည့်မှု ၂ ကြိမ် ရှိခဲ့ပြီး ပေးပို့မှု ၆၇ ကြိမ်အထိ ရှိခဲ့ကာ အခွင့်အရေး ဖန်တီးမှုကလည်း ၅ ကြိမ် အထိ ရှိခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် တို့ အခုပွဲအပြီးမှာ ရမှတ် ၅၇ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ပါတယ်။ ဝက်စ်ဟမ်းကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ ပွဲကစားပြီးချိန်မှာ ရမှတ် ၄၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ဆက်လက်ရပ်တည်ခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

မန်ချက်စတာယူနိုက်တက်တို့ လာမယ့် မတ်လ ၁၉ ရက်နေ့မှာ အေစီမီလန်နဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ဒုတိယအကျော့ ကစားဖို့ရှိပြီး နောက်တစ်ဆင့် တက်ဖို့ဆိုရင်တော့ တော်တော်လေး ရုန်းကန်ရမှာပါ။ ဝက်စ်ဟမ်းကတော့ မတ်လ ၂၁ ရက်နေ့မှာ အာဆင်နယ်နဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်