နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဦးဆောင်ဂိုးတွေကို မချေပနိုင်ခဲ့လို့ အိမ်ကွင်းရှုံးပွဲတွေ့ခဲ့ပြန်တဲ့ အဲဗာတန် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

အဲဗာတန် ၁ – ၂ ဘန်လေ

ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ အဲဗာတန်နဲ့ ဘန်လေတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အဝေးကွင်းမှာ လာရောက်ကစားခဲ့တဲ့ ဘန်လေတို့က ၁-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အခုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အဲဗာတန်တို့ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး ဘန်လေကတော့ တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ အတွက် အခြေအနေ ကောင်းသွားခဲ့ပါတယ်။

အဲဗာတန် ကတော့ ၄-၁-၂-၃ ကစားကွက်နဲ့ ပွဲထွက်လာပြီး ဒေါမနစ်ကလဲဗက်လီဝင်း၊ အီဝိုဘီ၊ ရစ်ချာလီဆင်၊ ဒေးဗီးစ်၊ ဂိုးမက်စ်၊ အဲလန်၊ ဟောလ်ဂိတ်၊ ကိန်း၊ ဂေါ့ဖရေး၊ ဒစ်ဂနေး၊ ပစ်ခ်ဖို့ဒ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဘန်လေ ဘက်မှာတော့ အက်ရှ်လေ ဝက်စ်ဝုဒ်၊ ဗိုင်ဒရာ၊ မက်နေးလ်၊ ဘရောင်းဟေးလ်၊ ခရစ္စဝုဒ်၊ ပိုင်တာစ်၊ ဘန်မီး၊ တာကောစကီး၊ နစ်ခ် ပုပ်တို့လို ကစားသမားကောင်းတွေနဲ့ ပွဲထွက်လာပါတယ်။ အဲဗာတန်တို့ ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ ပွဲမှာ ဂိုးပြတ် အရေးနိမ့်ခဲ့လို့ အခုပွဲမှာ နိုင်ပွဲပြန်ရဖို့ တိုက်စစ် အသားပေးပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး ဘန်လေ ဘက်ကို အချိန်ပြည့် ထိုးဖောက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် တကယ်တမ်း ကစားတဲ့ အချိန်မှာတော့ ဧည့်သည်အသင်းရဲ့ လွှမ်းမိုးမှု အောက်မှာ ကစားကွက်ပျောက်နေခဲ့ရပါတယ်။ ဘန်လေအတွက် အဖွင့်ဂိုးကို ခရစ္စဝုဒ်က ပွဲချိန် ၁၃ မိနစ်မှာ ၁၈ ကိုက်စည်း အပြင်ဘက်ကနေ လှလှပပ အပြင်းကန်သွင်းယူခဲ့ပါတယ်။ ပထမဂိုးခွင့်ပြုရပြီး နောက်မှာ အဲဗာတန်တို့ ကစားပုံ ပိုပျက်သွားခဲ့လို့ ပွဲချိန် ၂၄ မိနစ်မှာ မက်နေးလ်က ဒုတိယဂိုး ထပ်မံသွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးကလည်း အဲဗာတန် ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ်ရဲ့ ညာဘက် အပေါ်ဒေါင့်ထဲကို လှလှပပ ကန်သွင်းယူသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၃၂ မိနစ်မှာတော့ ဒေါမနစ်ကလဲဗက် လီဝင်းက အဲဗာတန်အတွက် ချေပဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကိုးလ်မန်း၊ ဗာဂျီးနီးယား၊ ကင်းန် တို့ လူစားဝင်လာခဲ့ပေမယ့် ပွဲအဖြေကို ပြောင်းလဲနိုင်ခြင်း မရှိလို့ ပွဲအပြီးမှာ ၁-၂ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

အဲဗာတန်ကတော့ ၂၈ ပွဲကစားပြီးချိန်မှာ ရမှတ် ၄၆ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ အဲဗာတန်

ပွဲပြီး အချက်အလက်တွေကို ပြန်ကြည့်မယ်ဆိုရင် အဲဗာတန်တို့ ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့တာ ကလွဲရင် ကျန်ဘယ်လို အခြေအနေမှာမှ ဘန်လေကို အသာစီးမရခဲ့တာ တွေ့ရပါတယ်။ ဂိုးပေါက် ခြိမ်းခြောက်မှုမှာလည်း တစ်ဖက်ကို ၁၄ ကြိမ်စီနဲ့ တူညီခဲ့ပေမယ့် ဂိုးပေါက်တည့်မှုမှာတော့ ဘန်လေကတောင် တစ်ကြိမ် ပိုသာခဲ့ပါတယ်။ ဘန်လေတို့ အခုနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် တန်းဆင်းဇုန်ရဲ့ အထက်မှာ ၇ မှတ် အသာနဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်နိုင်ခဲ့ပါပြီ။ အဲဗာတန်ကတော့ ၂၈ ပွဲကစားပြီးချိန်မှာ ရမှတ် ၄၆ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

အဲဗာတန်တို့ လာမယ့် မတ်လ ၂၁ ရက်နေ့မှာ မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိသလို ဘန်လေကတော့ ဆောက်သမ်တန်နဲ့ ကစားဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်