မန်ချက်စတာယူနိုက်တက် – ဝက်စ်ဟမ်း
မန်ချက်စတာယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ရဲ့ ပွဲစဉ်ကတော့ အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ ရဲ့ နောက်ဆုံး ပွဲစဉ် တစ်ပွဲ ဖြစ်ပြီး မထင်မှတ်ပဲ ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ လက်ရှိရာသီမှာ ဝက်စ်ဟမ်းကို အကောင်းဆုံး ထုဆစ် ပုံဖော်နေတဲ့ နည်းပြ မိုရက်စ် အနေနဲ့ အသင်းနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံချိန်တိုင်းမှာ မှတ်တမ်းကောင်း မရှိခဲ့လို့ ဒီတစ်ကြိမ်မှာရော ဘယ်လို ရလဒ်တွေ ထွက်ပေါ်လာမလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။
မန်ချက်စတာယူနိုက်တက်တို့ ပရီးမီးယားလိဂ် အပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ မန်ချက်စတာစီးတီး တစ်သင်းတည်းကိုသာ အနိုင်ရခဲ့ပြီး ကျန်ပွဲစဉ် ၄ ပွဲစလုံး သရေကျထားခဲ့ပါတယ်။ လက်တလော ယူနိုက်တက်တို့ အကောင်းဆုံး စုဖွဲ့မှု ရှိနေတယ်ဆိုပေမယ့် တိုက်စစ်မှူးတွေ ဂိုးပေါက် ပျောက်နေတာကြောင့် လိုချင်တဲ့ ရလဒ်တွေနဲ့ ဝေးနေရတာ ဖြစ်ပါတယ်။ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပြီးတော့ ထိပ်ဆုံးက မန်ချက်စတာစီးတီးထက် တစ်ပွဲလျော့ ကစားထားပေမယ့် ၁၄ မှတ်အထိ ကွာဟနေလို့ ချန်ပီယံ မျှော်လင့်ချက်က ခပ်ရေးရေးပဲ ကျန်တော့တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာဆိုရင် အေစီမီလန်ကို အသာရခဲ့ပေမယ့် ပွဲအပြီးမှာ အနိုင်ဂိုးကို မထိန်းနိုင်လို့ သရေနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ လက်တလော မန်ချက်စတာယူနိုက်တက် မှာ တိုက်စစ်က မာစီရယ်၊ ကာဗာနီ၊ ရက်ရှ်ဖို့ဒ်၊ ကွင်းလယ်က ပေါ့ဘာ၊ ဗန်ဒီဘိခ်၊ မာတာ အပြင် ဂိုးသမား ဒါးဗစ် ဒက်ဟဲယားတို့ ဒဏ်ရာကြောင့် ပါဝင်လာဖို့ မသေချာပါဘူး။ ယူနိုက်တက်တို့ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၆ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၄ ပွဲရှုံးနိမ့်ထားပါတယ်။
ဝက်စ်ဟမ်းတို့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၂ ပွဲရှုံးထားပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲရလဒ်ကတော့ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးပါ။ နည်းပြ ဒေးဗစ်မိုရက်စ် ကိုင်တွယ်နေတဲ့ ဝက်စ်ဟမ်းတို့ ဒီရာသီမှာ အသင်းကြီး တစ်သင်း စာရင်းဝင်လာခဲ့ပြီး ရလဒ်ကောင်းတွေလည်း ဆက်တိုက် ပိုင်ဆိုင်ထားခဲ့ပါတယ်။ တစ်ချက်ရှိတာက ဝက်စ်ဟမ်းတို့ ရှုံးနိမ့်ခဲ့တဲ့ ပွဲတွေကို ပြန်ကြည့်ရင် အသင်းကြီးတွေနဲ့ပဲ ဖြစ်လို့ အခုပွဲမှာလည်း မန်ချက်စတာယူနိုက်တက် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ရုန်းကန်ရဦးမယ့် အခြေအနေပါ။ ခြေစွမ်းပြနေတဲ့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဂျက်ဆီ လင်ဂတ်ကတော့ ပါဆင်နယ် အကြောင်းပြချက်နဲ့ လွဲချော်ဖို့ရှိပြီး ယာမိုလန်ကို၊ အော့ဂ်ဘွန်နာ၊ ရန်းဒေါ့ဖ်၊ ဖရက်ဒရစ်ခ်တို့လို ကစားသမားကောင်းတွေလည်း ပါဝင်လာနိုင်ဖို့ မသေချာသေးပါဘူး။ ဒါပေမယ့် အန်တိုနီယို ဦးဆောင်တဲ့ တိုက်စစ်က မန်ချက်စတာယူနိုက်တက် နောက်တန်းကို ဒုက္ခပေးနိုင်စွမ်း ရှိနေပြီး ခရက်စ်ဝဲလ်၊ ဒေါ်ဆင်၊ ဒီယော့ပ် တို့ရဲ့ နောက်တန်းကလည်း ကျစ်လျစ်နေတာကိုတော့ ယူနိုက်တက်အနေနဲ့ သတိပြုဖို့ လိုအပ်ပါလိမ့်မယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
မန်ချက်စတာယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ ပြီးခဲ့တဲ့ ၁၀ စုနှစ် တစ်ခုအတွင်း ၂၆ ကြိမ် တွေ့ဆုံခဲ့ရာမှာ ယူနိုက်တက်က ၁၄ ကြိမ် အထိ အနိုင်ရပြီး ဝက်စ်ဟမ်း ကတော့ ၄ ကြိမ်ပဲ အနိုင်ရထားပါတယ်။ ဒီရာသီ ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ် မှာတော့ ယူနိုက်တက်က ၁-၃၊ ၁-၀ ရလဒ်တွေနဲ့ အနိုင်ရထားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် – ဝက်စ်ဟမ်း
မန်ချက်စတာယူနိုက်တက် – ဝက်စ်ဟမ်း | 1×2 မန်ချက်စတာ ယူနိုက်တက် @ ၁.၉၂ ဆ | |
မတ်လ ၁၅ ရက်, ည ၁:၄၅ နာရီ (GMT + ၆:၃၀) |
1×2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၉၂ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၃.၉၅ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၃၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဝက်စ်ဟမ်းက ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ မန်ချက်စတာစီးတီး တစ်သင်းတည်းကို ကပ်ရှုံးခဲ့ပြီး ကစားအားကောင်းတဲ့ တော့တင်ဟမ်ဟော့စပါး၊ လိဒ်စ်ယူနိုက်တက် လို အသင်းတွေကိုတောင် အနိုင်ရခဲ့တာ တွေ့ရပါတယ်။ ယူနိုက်တက်ကတော့ သရေပွဲတွေ ဆက်နေပြီး နိုင်ပွဲ ပြန်ရှာဖို့ လိုအပ်နေတဲ့ အသင်းဖြစ်ပါတယ်။ ၁ ဂိုးအသာလောက်နဲ့ပဲ မန်ချက်စတာယူနိုက်တက်တို့ ကပ်ပြီး အနိုင်ရသွားမယ် ထင်ပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.