နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အန်းမရိတ်စ်မှာ စပါးကို လက်စားပြန်ချေမယ့် အာဆင်နယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

အာဆင်နယ် – တော့တင်ဟမ်ဟော့စပါး

လာမယ့် မတ်လ ၁၄ ရက်နေ့ တနဂ်နွေနေ့ စူပါဆန်းဒေးရဲ့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲအဖြစ် အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ရဲ့ ပရီးမီးယားလိဂ် လန်ဒန်ဒါဘီပွဲစဉ် ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ အစောပိုင်း ပွဲစဉ်တွေမှာ တောက်လျောက် ရလဒ်တွေ မတည်မငြိမ် ဖြစ်ခဲ့ပေမယ့် လက်တလောမှာ ပုံမှန်ခြေစွမ်းပြန်ရနေကြလို့ ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။
 
အာဆင်နယ်ရဲ့ လက်ရှိ အခြေအနေက ပရီးမီးယားလိဂ် မှာ အဆင့် ၁၀ နေရာကနေ တက်မလာနိုင်သေးဘူးဆိုပေမယ့် ရာသီအကုန်မှာ ယူရိုပါလိဂ် ဒါမှမဟုတ် ချန်ပီယံလိဂ် ဝင်ခွင့်အတွက်တောင် မျှော်လင့်ချက် ရှိနေပါသေးတယ်။ အဆင့် ၄ နေရာက အသင်းနဲ့ ၁၂ မှတ်အထိ ကွာဟနေပေမယ့်လည်း လက်ကျန် ပွဲစဉ်တွေမှာသာ ရနိုင်သမျှ အမှတ်တွေ စုဆောင်းနိုင်မယ်ဆိုရင် ချန်ပီယံဆုကလွဲလို့ ဘာမဆို ပစ်မှတ်ထားလို့ ရတဲ့ အနေအထားဖြစ်ပါတယ်။ တစ်ချက်ရှိတာက မီခယ်အာတေးတားရဲ့ အသင်းက ၃ မှတ် အပြည့်ယူနိုင်စွမ်း ရှိရက်နဲ့ မလိုအပ်တဲ့ ပေါ့ဆမှုတွေကြောင့် ရမှတ်တွေ ဆုံးရှုံးနေတယ်ဆိုတာ ပြီးခဲ့တဲ့ ဘန်လေနဲ့ပွဲက သက်သေပါပဲ။ အာဆင်နယ်အတွက် အားသာချက်တစ်ခုကတော့ လက်တလောမှာ ဒဏ်ရာရ/ပွဲပယ် ကစားသမား ပြသနာမရှိတာ ဖြစ်ပြီး အဓိကကစားသမားတွေနဲ့ စိတ်ကြိုက် ပွဲထွက်ကစားခွင့် ရှိနေပါတယ်။ ကြားရက်မှာ ကစားခဲ့တဲ့ အိုလံပီယာကော့စ်နဲ့ ယူရိုပါလိဂ် ပွဲမှာဆိုရင် ခံစစ်က ဒါးဗစ်လူးဝစ်ဇ် တစ်ဦးတည်းရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီးတော့ ပြောစရာရှိခဲ့ပေမယ့် ကျန်ကစားသမားတွေ အားလုံးကတော့ ပုံမှန် ခြေစွမ်းကို ပြန်လည် ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။ အာဆင်နယ်ရဲ့ ဒီရာသီ အိမ်ကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၅ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၅ ပွဲရှုံးထားပြီးတော့ အသင်းကြီးတွေနဲ့ ကစားတဲ့ အချိန်မှာတော့ တော်တော်လေး ရုန်းကန်ခဲ့ရတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့လက တော့တင်ဟမ်ဟော့စပါးတို့ ပရီးမီးယားလိဂ် ရော အက်ဖ်အေဖလားမှာပါ ရှုံးပွဲတွေ တွေ့ခဲ့တယ်ဆိုပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲဆက် နိုင်ပွဲပြန်ရထားပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ တော့တင်ဟမ်ဟော့စပါး

တော့တင်ဟမ်ဟော့စပါး ကတော့ အာဆင်နယ်နဲ့ ၇ မှတ်အကွာ အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး ဂန်းနားတို့လိုပဲ ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မျှော်လင့်ထားတဲ့ အသင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက တော့တင်ဟမ်ဟော့စပါးတို့ ပရီးမီးယားလိဂ် ရော အက်ဖ်အေဖလားမှာပါ ရှုံးပွဲတွေ တွေ့ခဲ့တယ်ဆိုပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲဆက် နိုင်ပွဲပြန်ရထားပါတယ်။ နောက်ပြီး ဟယ်ရီကိန်း ဦးဆောင်တဲ့ တိုက်စစ်က ဂိုးပြန်မြူးနေပြီး ဂိုးပြတ် နိုင်ပွဲတွေ ပြန်လည် ရှာတွေ့ထားပါတယ်။ ပရီးမီးယားလိဂ် မှာ နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားပြီး အမှတ်ပေးဇယား ထိပ်ပိုင်းကို ပြန်လည် ရောက်ရှိလာတဲ့ အသင်းလည်း ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ အာဆင်နယ်နဲ့ တိုက်ရိုက် အမှတ်လုဖက် ဖြစ်နေတဲ့ အပြင် ခါးသီးတဲ့ မြို့ပြိုင်ဘက်တွေ ဖြစ်နေတာကြောင့် အခုပွဲကတော့ တော့တင်ဟမ်ဟော့စပါး အတွက် ရမှတ် ၃ မှတ်အပြင် တခြား အရေးပါမှုများစွာ ရရှိနေခဲ့ပါတယ်။ စပါးမှာလည်း လိုဆယ်ဆို တစ်ဦးတည်း ဒဏ်ရာပြသနာ ရှိနေပြီး ကျန်ကစားသမားတွေ အားလုံးပါဝင်လာနိုင်မယ့် အခြေအနေမှာ ရှိပါတယ်။ စပါးတို့ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၆ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၄ ပွဲရှုံးနိမ့်ထားပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပရီးမီးယားလိဂ် ဒါဘီတွေထဲက အကောင်းဆုံး၊ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ သမိုင်းတစ်လျှောက် အကြိမ်ရေတော်တော်များများ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အာဆင်နယ်က ၈၂ ကြိမ် အနိုင်ရကာ စပါးက ၆၆ ကြိမ် အနိုင်ရထားပါတယ်။ သရေပွဲကတော့ ၅၄ ပွဲရှိထားပါတယ်။ ဒီရာသီ ပထမအကျော့ ထိပ်တိုက်တွေ့ဆုံမှုမှာတော့ တော့တင်ဟမ်ဟော့စပါးက အိမ်ကွင်းမှာ ၂ ဂိုးပြတ်ရလဒ်နဲ့ အနိုင်ရထားပါတယ်။
 

အာဆင်နယ် – တော့တင်ဟမ်ဟော့စပါး

??
အာဆင်နယ် – တော့တင်ဟမ်ဟော့စပါး 1×2 အိမ်ရှင် @ ၂.၅၅ ဆ
မတ်လ ၁၄ ရက်, ည ၁၁:၀၀ နာရီ (GMT + ၆:၃၀)

1×2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၅၅ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၂.၇၅ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၄၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ မော်ရင်ဟို အနေနဲ့ နည်းပြဘဝ အာဆင်နယ်နဲ့‌ တွေ့ဆုံခဲ့တဲ့ ၂၂ ကြိမ်မှာ ၂ ကြိမ်သာ အရေးနိမ့်ထားခဲ့ပေမယ့် အာဆင်နယ်တို့ လက်ရှိမှာ ပုံစံကောင်းတစ်ခု ပြန်ရနေလို့ စပါးတို့ အဝေးကွင်းမှာ အရေးသာဖို့ ခက်ခဲပါလိမ့်မယ်။ ရာသီအကုန်မှာ ဥရောပဝင်ခွင့် တစ်နေရာအတွက် တိုက်ပွဲဝင်နေတဲ့ အာဆင်နယ်တို့ မဖြစ်မနေ ၃ မှတ်အပြည့် လိုအပ်နေတဲ့ အာဆင်နယ်တို့ ညှစ်ကစားလာနိုင်ပါတယ်။ သရေရလဒ်လို့ ထင်နေပေမယ့် အာဆင်နယ်ဘက်မှာ အရဲစွန့်ပြီး နေကြည့်ချင်ပါတယ်။ ဂိုးတော့ မပြတ်ပါဘူး။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်