မန်ချက်စတာစီးတီး ၀ – ၂ မန်ချက်စတာယူနိုက်တက်
အခုတစ်ပတ် စူပါဆန်းဒေး ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲဖြစ်တဲ့ မန်ချက်စတာဒါဘီမှာတော့ အဝေးကွင်းမှာ လာရောက် ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တို့ အိမ်ရှင် မန်ချက်စတာစီးတီးကို ၀-၂ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲဟာ မန်ချက်စတာဒါဘီ ဖြစ်ရုံသာမက နှစ်သင်းစလုံးရဲ့ ရည်ရွယ်ချက် ကိုယ်စီအတွက် အဓိက ကျတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့တာကြောင့် တော်တော်လေး ကြည့်ကောင်းခဲ့ပြီး မန်ချက်စတာစီးတီး အတွက်ကတော့ ရမှတ် ၃ မှတ် ဆုံးရှုံးခဲ့ရတာအပြင် စံချိန်တွေပါ ရပ်တန့်ခဲ့ရလို့ အထိနာခဲ့ပြီး ယူနိုက်တက် အတွက်ကတော့ ချိုမြိန်တဲ့ နိုင်ပွဲ တစ်ပွဲ ဖြစ်ခဲ့ပါတယ်။
ဒီပွဲမှာတော့ မန်ချက်စတာယူနိုက်တက် တိုက်စစ်က မားရက်ဇ်၊ ဂါဘရီရယ် ဂျီဆု၊ ရာဟင်မ် စတာလင်၊ ကွင်းလယ်က ကွင်းလယ်က ဒီဘရိုင်းနား၊ ရိုဒရီ၊ ဂွမ်ဒိုအန်၊ နောက်တန်းမှာ ကန်ဆယ်လို၊ ဂျွန်စတုန်းစ်၊ ရူဘင်ဒီးရာ့ဇ်၊ ဇင်ချန်ကို၊ ဂိုးမှာ အီဒါဆင်တို့နဲ့ ပွဲထွက်လာပါတယ်။ မန်ချက်စတာယူနိုက်တက် ဘက်မှာတော့ မာစီရယ်ကို အထောင်ထားပြီး ရက်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်၊ ဒန်ဂျိမ်းစ်၊ ဖရက်ဒ်၊ မက်တော်မီနေး၊ နောက်တန်းမှာ လုခ်ရှော၊ ဟယ်ရီမက်ဂွိုင်းယား၊ လင်ဒီအော့ဖ်၊ ဝမ်ဘစ်ဆာခါ၊ ဒင်းန်ဟန်ဒါဆင်တို့ကို အသုံးပြုခဲ့ပါတယ်။ ယူနိုက်တက်အတွက် အနိုင်ဂိုးတွေ ကိုတော့ ပွဲအစ ၂ မိနစ် မှာတင် ဘရူနိုဖာနန်ဒက်စ်က ပယ်နယ်တီကနေ တဆင့် သွင်းယူပေးခဲ့တာ ဖြစ်ပြီး မိနစ် ၅၀ မှာ လုခ်ရှောတို့က သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအနေနဲ့ကတော့ ဘောလုံးပိုင်ဆိုင်မှု တစ်ဖက်သတ် အသာရယူနိုင်ခဲ့တာ ကလွဲရင် ယူနိုက်တက်ခံစစ်ကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပဲ ဂိုးသမား ဒင်းဟန်ဒါဆန်လည်း လက်စွမ်းပြခဲ့တာကြောင့် ချေပဂိုးတစ်ဂိုးတောင် ပြန်မရခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲပြီးသုံးသပ်ချက်
ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲသာ ကျန်တော့တဲ့ အနေအထားမှာ ချန်ပီယံမျှော်လင့်ချက်ထက် ဂုဏ်သိက္ခာပိုင်းအရ အရေးကြီးတဲ့ နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပြီး မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီး အတွက်တော့ စံချိန်ကောင်းတွေကို အခါးသီးဆုံးအနေအထားနဲ့ ရပ်တန့်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီပွဲနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက် တချို့ကို ဖော်ပြရရင်တော့ မန်စီးတီးဟာ ၂၀၂၀ နိုဝင်ဘာ စပါးကိုရှုံးပြီး ပထမဆုံးအကြိမ်အဖြစ် ရှုံးပွဲပြန်တွေ့ခဲ့တာဖြစ်ပြီး ၂၈ ပွဲဆက် ရှုံးပွဲမရှိတဲ့ စံချိန် ရပ်တန့်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်း သမိုင်းတလျောက် မန်စီးတီးနဲ့ ပထမဆုံးအဝေးကွင်းတွေ့ဆုံမှု ၃ ကြိမ် စလုံးအနိုင်ရခဲ့တဲ့ နည်းပြဖြစ်လာခဲ့ပါတယ်။ နောက်ပြီး မန်စီးတီးဟာ ၂၀၂၀ စက်တင်ဘာနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် အိမ်ကွင်းမှာ တစ်ဂိုးထက်ပို အသွင်းခံခဲ့ရတာပါ။ ဂွါဒီယိုလာကို ၄ ကြိမ်နဲ့အထက် နိုင်ဖူးတဲ့ နည်းပြ သုံးယောက်သာ ရှိပြီး ကလော့ပ်က ၉ ကြိမ်၊ မော်ရင်ဟို ၇ ကြိမ်နဲ့ ဆိုးလ်ရှား ၄ ကြိမ်ပဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပထမပိုင်းအပြီး ဦးဆောင်ထားနိုင်တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး (၁၀၂) ပွဲလုံးလုံး ရှုံးနိမ့်ခဲ့ခြင်းမရှိပါဘူး။ ဘရူနိုဖာနန်ဒက်စ် ရဲ့ ၂ မိနစ် မပြည့်ခင်မှာ သွင်းခဲ့တဲ့ ပယ်နယ်တီဂိုးဟာ အီတီဟတ်မှာ ပေးခဲ့ရတဲ့ အစောဆုံးဂိုးလည်း ဖြစ်ခဲ့ပါတယ်။
လာမယ့်ပွဲစဉ်များ
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.