နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တန်ဆင်းဇုန် ဖိအားကိုယ်စီနဲ့ ရုန်းကန်ကြရဦးမယ့် သပိတ်လွယ်ငှက်နဲ့ ငှက်ကြားများ – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဝက်စ်ဘရွန်း – နယူးကာဆယ်ယူနိုက်တက်

လာမယ့် မတ်လ ၇ ရက်နေ့ တနဂ်နွေနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် ၂၇ လက်ကျန်ပွဲစဉ် တချို့ ဆက်လက်ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ်။ အဲ့ဒီအထဲကမှ တန်းဆင်းဇုန် ဖိအားကိုယ်စီ ရှိနေတဲ့ ဝက်စ်ဘရွန်းနဲ့ နယူးကာဆယ်ယူနိုက်တက် တို့ရဲ့ ပွဲစဉ် ကလည်း မထင်မှတ်ပဲ အကြိတ်အနယ်ရှိလာနိုင်လို့ SBOTOP ပရီးမီးယားလိဂ် ပရိသတ်တွေ မဖြစ်မနေ စောင့်ကြည့်သင့်ပါတယ်။

 
ဘစ်ဆမ် လို့ ခေါ်တဲ့ ဆမ်အာလာဒွိုက်စ် ကိုင်တွယ်နေတဲ့ ဝက်စ်ဘရွန်းကတော့ အခုနှစ်မှာမှ ပရီးမီးယားလိဂ် ကို တန်းတက်လာပေမယ့် ရာသီအကုန်မှာ တန်းပြန်ဆင်းရဖို့ ရေပန်းစားနေတဲ့ အသင်းပါ။ လက်ရှိအချိန်အထိ ၂၇ ပွဲကစားထားရာမှာ နိုင်ပွဲ ၃ ပွဲသာ ရှာတွေ့ထားပြီး ၈ ပွဲသရေ၊ ၁၆ ပွဲရှုံးကာ ရမှတ် ၁၇ မှတ်နဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေပါတယ်။ လက်တလော အခြေအနေအရ တန်းဆင်းဇုန် အထက်က အသင်းနဲ့ ၉ မှတ် အထိ ကွာဟနေလို့ ရာသီအကုန်မှာ တန်းမဆင်းရရေးအတွက် တော်တော်လေးကို အားစိုက်ကစားမှ ရမယ့် အခြေအနေ ဖြစ်ပါတယ်။ ဝက်စ်ဘရွန်းတို့ နောက်ပိုင်းပွဲစဉ်တွေမှာ ရှုံးပွဲနည်းလာတယ် ဆိုပေမယ့် နိုင်ပွဲမရသေးလို့ ခြေစွမ်းကောင်းတဲ့ပွဲဆိုရင်တောင် သရေ တစ်မှတ်နဲ့ပဲ ကျေနပ်နေရပါတယ်။ အခုပွဲအတွက်တော့ ဒဏ်ရာရ/ပွဲပယ် ပြသနာ ကင်းရှင်းနေလို့ အင်အားအပြည့်နဲ့ ပွဲထွက်လာနိုင်ပါတယ်။ ဝက်စ်ဘရွန်းတို့ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ကြည့်ရာမှာတော့ ၂ ပွဲသာ အနိုင်ရပြီး ၄ ပွဲသရေ၊ ၈ ပွဲရှုံးထားလို့ အသင်း ၂၀ ထဲမှာ အဆိုးရွားဆုံး အခြေအနေလည်း ဖြစ်ပါတယ်။

နယူးကာဆယ်တို့ပရီးမီးယားလိဂ်တန်းဆင်ဇုန်အထက်မှာ၃မှတ်အကွာနဲ့ရပ်တည်နေပြီးအဆင့်၁၈နေရာကဖူလ်ဟမ်ရဲ့ဖိအားပေးတဲ့ဒဏ်ကိုခံနေရပါတယ်။
လက်တလောပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁၇နေရာမှာရပ်တည်နေတဲ့ နယူးကာဆယ်

နယူးကာဆယ်တို့ ပရီးမီးယားလိဂ် တန်းဆင်ဇုန် အထက်မှာ ၃ မှတ်အကွာနဲ့ ရပ်တည်နေပြီး အဆင့် ၁၈ နေရာက ဖူလ်ဟမ်ရဲ့ ဖိအားပေးတဲ့ ဒဏ်ကို ခံနေရပါတယ်။ စတိဗ်ဘရုစ်ရဲ့ အသင်းက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာဆိုရင် နိုင်ပွဲ ၁ ပွဲသာ ရရှိထားပြီး ၃ ပွဲရှုံး၊ ၁ ပွဲသရေကျထားပါတယ်။ တစ်ချက်ရှိတာက ကာဆယ်တို့ ပဲလေ့စ်၊ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ ဝုဗ်၊ ဆောက်သမ်တန်တို့လို အသင်းကောင်းတွေနဲ့ ကစားခဲ့ရတာ ဖြစ်လို့ ရမှတ်တွေ ဆုံးရှုံးခဲ့ရတယ်လို့ လက်ခံပါတယ်။ လက်တလော အသင်းမှာ ကော်လမ်ဝီလ်ဆင်၊ ရှား၊ ဖာနန်ဒက်စ်၊ ဟေဒင်၊ မန်ကီလို၊ အလ်မီယွန် တို့လို ကစားသမားတွေ ဒဏ်ရာပြသနာရှိနေလို့ အဝေးကွင်းမှာ ရုန်းကန်ရဦးမယ်ထင်ပါတယ်။ အဝေးကွင်းစွမ်းဆောင်ရည်ကတော့ ၁၃ ပွဲကစားရမှာ ၃ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၈ ပွဲရှုံးနိမ့်ထားလို့ စိတ်ပျက်စရာပါပဲ။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

ဝက်စ်ဘရွန်းနဲ့ နယူးကာဆယ်ယူနိုက်တက်တို့ ၂၀၁၀ ခုနှစ် နောက်ပိုင်းမှာ ၁၆ ကြိမ် ထိပ်တိုက်တွေ့ဆုံထားပြီး ဝက်စ်ဘရွန်းက ၅ ကြိမ် အနိုင်ရပြီး ကာဆယ်က ၇ ကြိမ်အထိ အနိုင်ရခဲ့တာ တွေ့ရပါတယ်။ ဒီရာသီ ပထမအကျော့တွေ့ဆုံမှုမှာ နယူးကာဆယ်က ၂-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဝက်စ်ဘရွန်း – နယူးကာဆယ်ယူနိုက်တက် 1X2 ဝက်စ်ဘရွန် @ ၂.၃၇ ဆ
မတ်လ ၇ရက်, ည၆:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက်၂.၃၇ ဆနဲ့ဧည့်သည်အသင်းအတွက်၃.၁၀ ဆကြေးဖွင့်ပြီးသရေအတွက် ၃.၂၀ ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။ဝက်စ်ဘရွန်းတို့ နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းကောင်းလာတာ အသင်းကြီးတွေ ဆီကနေတောင် ရမှတ်တွေ ခွဲယူနိုင်နေတာ တွေ့ရပါတယ်။ ပထမအကျော့တုန်းက နယူးကာဆယ်တို့ အနိုင်ရခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ ဝက်စ်ဘရွန်းတို့ အနိုင်ကစားပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်